Sunday, 23 July 2017
တစ်​ချိန်​တစ်ခါက​​လောင်း​လှေကြီး နှစ်​စင်း
" ဟိုး...တစ်ချိန်တစ်ခါက ပူဇော်ပွဲများ၏ အနှစ်သာရများ
နှင့်
လောင်းလှေကြီး နှစ်စင်း "
အကြင်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းတော်၏ ပညာကို ခံယူထားသည် ဆိုပါက....
ထိုသူသည် စုန်း ၊ ကဝေ ၊ အောက်လမ်း ၊ မိစ္ဆာ ၊ နတ်ဆိုးတို့၏ နှောက်ယှက် ပြုစား တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်၏။
စုန်း ၊ ကဝေ ၊ အောက်လမ်း ၊ မိစ္ဆာ ၊ နတ်ဆိုးတို့၏ နှောက်ယှက် ပြုစား တိုက်ခိုက်ခြင်းကို ခံရသော ဝေနေယျ သတ္တဝါတို့အား ကုသကယ်တင် ပေးနိုင်စွမ်း၏။
မြွေအဆိပ် ၊ ကင်းအဆိပ် ၊ ခွေးရူးအဆိပ် ၊ စသော အဆိပ်မှန်သမျှအား ပျောက်ကင်းအောင် ကုသ ပေးနိုင်စွမ်း ရှိ၏။
ဝိဇ္ဇာဆရာမြတ်တို့၏ ပညာကို ခံယူသောကြောင့် ဝိဇ္ဇာတို့၏ တပည့် သားသမီးအဖြစ်သို့ ရရှိလာ၏။
ကြိုးစားအားထုတ်ခြင်းဖြင့် ဝိဇ္ဇာဓိုရ်အဖြစ် ထွက်ရပ်ပေါက်နိုင်၏။ ဤပညာမခံယူထားသော သူများထက်ပို၍ ဝိဇ္ဇာဓိုရ် ဖြစ်ရန်နီးစပ်၏။ ဖြစ်နိုင်၏။
သို့သော် ဤရွှေရင်ကျော်ပညာကို ခံယူထားရုံမျှဖြင့် ဝိဇ္ဇာအဖြစ် ထွက်ရပ်ပေါက်မည်ဟု မည်သူ့ကိုမျှ အာမ မခံထားပေ။
ဝိဇ္ဇာအဖြစ် ထွက်ရပ်ပေါက်ရန် အကြောင်းတရား ညီညွတ်သူများသာ လူသာမာန်တို့ စိတ်မျှမကူးဝံ့သော သိဒ္ဓိ ဣဒ္ဓိဝိဒ စုံလင်သည့် ဝိဇ္ဇာဓိုရ် အဖြစ်ကို ရောက်ပေလိမ့်မည်။
ဝိဇ္ဇာဖြစ်စေသည့် အကျင့်တရားကို ကျင့်ကြံ အားထုတ်မှသာ ဝိဇ္ဇာအဖြစ် ထွက်ရပ်ပေါက် ပေလိမ့်မည်။
ထို့အပြင်.....
အောက်လမ်း မိစ္ဆာ စုန်း ကဝေ နတ်ဆိုးတို့အပေါ် အောင်နိုင်ခြင်း ၊ ကြိုးပိုင် ကြိမ်ပိုင် ဒုတ်ပိုင် ဓားပိုင် ၊ နဂါး ဂဠုန် ဂုမ္ဘာန် ယက္ခ ဂန္ဓဗ္ဗ ၊ မြို့တော်ရှင် ရွာတော်ရှင်များနှင့် သက်ဆိုင်ရာ အစောင့်အရှောက် နတ်များအပေါ် အမိန့်ပေး စေစားနိုင်ခြင်း ၊ အများ၏ ရှိခိုးပူဇော် ကန်တော့ခြင်းကို ခံရခြင်း ၊ စသည့် လူသာမာန်တို့ထက် သာလွန်သော အစွမ်းသတ္တိများသည် ရွှေရင်ကျော်ဆေးတော်ကြီးနှင့် ပညာ ၊ သစ္စာ ၃ ချက်တို့ကြောင့်သာလျှင် အကြောင်းဖြစ်၏။
ရွှေရင်ကျော်ပညာ သစ္စာ နှင့် ဆေးတော်မပါလျှင် အထက်ပါ အစွမ်းသတ္တိများ အကြင်ပုဂ္ဂိုလ်၌ မရှိနိုင်ပေ။ မရနိုင်ပေ။ ထို့ကြောင့် ရွှေရင်ကျော် ပညာခံယူ ထားသူတို့ ရရှိအပ်သော ထိုထိုအစွမ်းသိဒ္ဓိတို့သည် ပညာ၏အစွမ်းကြောင့်သာလျှင် ဖြစ်၏။ ဆေးတော်၏ အစွမ်းကြောင့်သာလျှင် ဖြစ်၏။
ရွှေရင်ကျော်ပညာခံယူထားသူအဖို့ အမှန်တကယ် ဘုန်းတန်ခိုးကြီး၍ ထွက်ရပ်ပေါက်လိုပါလျှင် ..... သာဿနာပြုရာ၌.....
ဘာပဲလုပ်လုပ် ဂိုဏ်းတော်သည်သာ အဓိက ဖြစ်စေရမည် ဖြစ်၏။
ဂိုဏ်းတော်အပေါ်၌ လည်းကောင်း
ဆေးတော်အပေါ်၌ လည်းကောင်း
ဆိုထားသည့် သစ္စာ အပေါ်၌ လည်းကောင်း
ဆရာအပေါ်၌ လည်းကောင်း
သစ္စာရှိရာ၏။
မည်သို့သော အကြောင်း ကိစ္စနှင့်မဆို....
ဂိုဏ်းတော်အား လည်းကောင်း
ဆေးတော်အား လည်းကောင်း
ဆရာအား လည်းကောင်း
ပညာညီအကို မောင်နှမ အချင်းချင်းသော် လည်းကောင်း
မဝေဖန်အပ် ၊ မပုတ်ခတ်၊ မစော်ကားအပ်ပါ ။
လူမှန်းသိတတ်စ ကလေးဘဝအရွယ် ရွှေရင်ကျော်ပညာကို စတင်ခံယူခွင့် ရရှိခဲ့သည်မှ ယခုအချိန်ထိ နှစ်ပေါင်း ၄၀ ကျော်တွင် ကြူံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ......
ဆရာအပေါ် ဝေဖန်ပုတ်ခတ် စော်ကား ကျော်လွှားသူများ ဘုန်းတန်ခိုးအရာ၌ ထိပ်တန်းသို့ ရောက်မလာကြပါ။
ဥပဇ္ဈာယ် ဆရာအား ဝေဖန်ပုတ်ခတ် စော်ကား၍ အမေကျော် ဒွေးတော်လွမ်းသလို ဆရာကို ပယ်ဖျောက်၍ ကျော်လွှားခဲ့သဖြင့် ရူးသွပ်ခဲ့ရသူများ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးပြီ။
ဆရာ့ဘက်မှ မှားယွင်းသည့်တိုင် သည်းခံလျက် တပည့်ဝတ် မပျက်ခဲ့ကြသော ထိုတပည့်မြတ်တို့ ကား ပညာစခန်းပွင့်လန်းလျှက် ဆရာ့ထက်ပင် သာလွန်သော ဘုန်းတန်ခိုးတို့ ရရှိခဲ့ကြ၏။
တပည့်တို့အပေါ်၌ မတရားသဖြင့် အုပ်ချုပ်ကြသော၊ ချိုးနှိမ်လျက် မြေတောင်မမြှောက်ပေးသော ဆရာအချို့လည်း ကျော်ဇောခြင်း ကွယ်ပျောက်လျှက် ဘုန်းတန်ခိုး မှေးမှိန်ခဲ့ကြပြီ။
မိမိအတွက် ဦးတည်ပြုလုပ်သော ၊ မိမိနာမည် ကြီးစေရန်သာ ဆန္ဒရှိသော ၊ အရာရာသော အစွမ်းသတ္တိတို့သည် မိမိကြောင့်သာလျှင် ဖြစ်ပေသည်ဟု အထင်ရှိစေသော ၊ ငါသာလျှင် ဆရာ ငါသာလျှင် အမြတ်ဆုံးဟု ငါ.. ငါ မာန်မာန တက်ကြသူများ ဇာတ်သိမ်း မလှခဲ့ကြပါ ။
ထို့ကြောင့် " ဘုန်း ( တန်ခိုး )နောက်ကို လူမလိုက်နှင့် လူနောက်ကို ဘုန်းလိုက်ပါစေ " ဟု အဖကြီးဦးမြခင် ဆုံးမခဲ့ခြင်း ဖြစ်သည် ။
ဆေးတော်နှင့်ပညာကို အသက်ပမာ တန်ဖိုးထားသူ....
ဂိုဏ်းတော်နှင့်ပညာကို ဦးထိပ်ထားသူ...
ပြုအပ်သော အရာတို့၌ ဂိုဏ်းတော်နှင့်ပညာ အတွက်သာ ဦးတည်ဆောင်ရွက်သူ....
ငါ..ဟူသော မာန်မာနကင်းစင်လျှက် ဂိုဏ်းတော် ဆေးတော် နှင့် ဆရာ ပညာတို့၏ ဂုဏ်ကျေးဇူးကို ဦးထိပ်ပန်ဆင် အဓိကထားသူ....
ထိုသို့သော အကြင်ပုဂ္ဂိုလ်မြတ်သည်............................................
အပူဇော်ခံ ကန်တော့ခံ ဆရာကြီးအဖြစ်သို့ လည်းကောင်း ။ ဘုန်းတန်ခိုး အရှိန်အဝါ ကြီးမား ကျော်ဇောခြင်း အဖြစ်သို့လည်းကောင်း ။ သိဒ္ဓိ ၁၀ ပါးအနက် မိမိနှင့် ထိုက်တန်သော သိဒ္ဓိများ ရရှိစေခြင်း အဖြစ်သို့ လည်းကောင်း ။ ဧကန်မလွဲ ရောက်ရှိပေမည်။
ထိုအခြေအနေသို့ ရောက်ရှိပြီးနောက် ၈ပါး သီလကို အထူးလုံခြုံစေလျက် သမာဓိကို တည်မြဲအောင် ကျင့်ဆောင်ပါလေ။ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ အဘဘိုးတော်ပြူး အဘဘိုးတော်စင်္ကြာမင်း ၊ အဘဘိုးတော်ပွင့် ၊ အဘဘိုးတော်ဟန် နှင့် အဖေကြီးဦးမြခင်တို့အနက်မှ တစ်ပါးပါးသော ဆရာအရှင်ဝိဇ္ဇာမြတ်သည် ထွက်ရပ်ပေါက်လမ်းစဉ် အတွက် လိုအပ်သော အကျင့်အဓိဌာန်များကို ဧကန်မုချ လမ်းညွှန်ပြပါလိမ့်မည်။
ဤသည်ကား ရွှေရင်ကျော်ပညာကို ခံယူ၍ ကောင်းမွန်စွာ လိုက်နာကျင့်ကြံကြသူတို့ ရရှိအပ်သော အကျိုးထူးများဖြစ်သည်။
ထိုထိုသော ကောင်းကျိုးများကို ရရှိစေတတ်သည့် ဤအထက်လမ်းပညာရပ်ကို ပေးသနားတော်မူခဲ့သည် ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်အားလည်းကောင်း ၊ အဖေကြီးဦးမြခင်အား လည်းကောင်း ၊ဥပဇ္ဈာယ်ဆရာအားလည်းကောင်း နှစ်စဉ် အာစရိယပူဇော်ပွဲများကျင်းပလျက် ကျေးဇူးတော်ကို ဂါဝရပြုကြ၏။
အထူးသဖြင့် ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်၏ ပူဇော်ပွဲသည်မမေ့အပ်သောပူဇော်ပွဲဖြစ်သည်။
ထို့ကြောင့် အဘဆရာတော်ကြီးများ ပူဇော်ပွဲကို နှစ်စဉ် နှစ်တိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်ခဲ့ကြ၏။ ကျင်းပခဲ့ကြ၏။
ထို့အပြင် ပူဇော်ပွဲ ကျင်းပစဉ်ကာလ ညအခါများတွင် အတွေ့အကြုံရင့်ကျက်သူ ဆရာကြီးများထံမှ ပယောဂကုထုံးများ အကြောင်း၊ အောက်လမ်းမိစ္ဆာတို့၏ လှည့်ပါတ်တတ်ပုံများ အကြောင်း ၊ ကုသရာ၌ ကြူံတွေ့ရတတ်သော အကြောင်းအရာများကို မငြီးငွေ့စတမ်း မိုးလင်းပေါက် နားထောင်၍ ပညာယူခဲ့ကြသည်။
ရှင်းပြသူ ဆရာကြီးများကလည်း ကိုယ်ရည်သွေး ကြွားလုံးမပါစေဘဲ ဂိုဏ်းတော်နှင့်ပညာ အကြောင်းကို အာဝဇွမ်းရွှင်ရွှင်ဖြင့် ဟောပြောကြသည်မှာ အလွန်ပင် တန်ဖိုးရှိလှသည်။
ဤ ​နေရာတွင်​ ဂိုဏ်းတော် ၊ ဆေးတော် ၊ ပညာနှင့် ပါတ်သက်သည့် အရေးကြီး အကြောင်းအရာများသည် ထိုကဲ့သို့ ပူဇော်ပွဲများမှ ရရှိခဲ့သော ဗဟုသုတများပင် ဖြစ်လေ၏။
ဂိုဏ်းတော်နှင့်ပါတ်သက်ပြီး မှားယွင်းစွာ ပြုလုပ် နေသူများအား သက်ဆိုင်ရာဥပဇ္ဈာယ်ဆရာမှ သော်လည်းကောင်း ၊ ဆရာ ဆရာကြီးမှသော် လည်းကောင်း ဆုံးမသွန်သင်၍ လမ်းမှန်ကို ညွှန်ပြကြသည်။
ပူဇော်ပွဲ တက်ရောက်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူး မည်မျှကြီးမားသည်ကို တက်ရောက်ဖူးသူများသာ အသိဆုံးဖြစ်မည်။
ပူဇော်ပွဲတစ်ခုတွင် တပည့်တစ်ချို့မှ ၎င်းတို့၏ ဆရာများနှင့် ပါတ်သက်၍ ဝေဖန်ပုတ်ခတ် ပြောကြားသည်ကို နားနှင့်ဆတ်ဆတ် ကြားခဲ့ရသည်။ ထိုသို့ ဝေဖန်သော တပည့်ဖြစ်သူအချို့သည် ရွှေရင်ကျော်ပညာနှင့် ဂိုဏ်းတော်အပေါ် အလွန်ပင် သက်ဝင်ယုံကြည်လျက် ဂိုဏ်းတော်နှင့်ပညာအပေါ် သစ္စာစောင့်သိ ရိုသေကြသူများဖြစ်၏။ သို့သော် ပုထုဇဉ်မျှသာ ဖြစ်သော ဆရာဖြစ်သူ၏ လုပ်ဆောင်ချက် အချို့အပေါ် မကျေမနပ် ဝေဖန်စော်ကားခြင်းသည်ကား ထိုစော်ကားသူ တပည့်အဖို့သာ အပြစ်တရား ဖြစ်ပေတော့မည်။
ဆရာလုပ်သူအချို့၏ ပြုမူပြောဆို လုပ်ကိုင်ပုံများ ၊ တပည့်များအပေါ် အုပ်ချုပ်ပုံများ မှားယွင်းကောင်း မှားယွင်းနိုင်ပါသည်။ လွဲမှားကောင်း လွဲမှားနိုင်ပါသည်။ ထိုသို့သော လွဲမှားမှုများသည် ထိုလွဲမှားမှုပြုသူ ပြန်လည်ရရှိလာမည့် အကျိုးဆက်များသာ ဖြစ်သည်။ ထိုလွဲမှားမှုများကို အဘဆရာတော်များမှ မသိချင်ရောင်ဆောင်၍ ဥပေက္ခာ ပြုထားမည် မဟုတ်ပါ။ ဆရာမှားလျှင်လည်း သူ့သဘော သူဆောင်သွားမည်သာဖြစ်၏။
ဆရာမှားသည် ဖြစ်စေ မှန်သည် ဖြစ်စေ ဝေဖန် ပုတ်ခတ် စော်ကားမိသောတပည့်သည် ဧကန် ငရဲကြီးပေမည် ။ ဘုန်းတန်ခိုးကြီးစေသော သိဒ္ဓိ ဣဒ္ဓိများနှင့် အလှမ်းဝေးပေမည်။ ထို့ထက် လွန်ကဲစွာ စော်ကားခြင်းများ ပြုလုပ်ပါက အရူးပမာ နေရရှာပေမည်။ ထွက်ရပ်ပေါက်လမ်းနှင့်ကား အဝေးကြီး ဝေးပေတော့မည် ဖြစ်သည်။
ဘုန်းတန်ခိုးကြီးလိုပါက တပည့်ဖြစ်သူအနေဖြင့် ဆရာအပေါ်၌ ဆန့်ကျင်ခြင်းမပြုဘဲ ဆရာအပေါ် ရိုသေလေးစားရန် လိုကြောင်း ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန် မိန့်ကြားခဲ့သည် မဟုတ်ပါလော ။
အဘဘိုးတော်ဟန်၏ ပူဇော်ပွဲကို ဟိုရှေးယခင်က ကဲ့သို့ အနှစ်အရသာ ပြည့်ဝစွာ ကျင်းပနေသော ပူဇော်ပွဲများ ရှိနေပါသေးသည်။ ထိုသို့သော ပူဇော်ပွဲများကို ဦးဆောင်ကျင်းပနေသည့် ဆရာကြီးများ နှင့် တပည့်များအား အမှန်ပင် လေးစားမိပါ၏။
အဘဘိုးတော်ဟန်၏ တပည့်သားသမီး မြေးမြစ် တီတွတ်ကျွတ်များ အနေဖြင့် ဆရာနှင့်တပည့်ကြား ၊ ပညာညီအကို မောင်နှမအချင်းချင်းကြား ဖြစ်ပွားတတ်သော personal matters ခေါ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများကို သီးသန့် ဘေးဖယ်ထား၍ ကျင်းပအပ်သော ပူဇော်ပွဲများတွင် ရွှေရင်ကျော်ဂိုဏ်းတော်နှင့် အဘဘိုးတော်ဟန်၏ ဂုဏ်ကျေးဇူးကို ထောက်ရှု၍ အမုန်းမပွားကြပဲ အပြန်အလှန် လေးစားသမှု ရှိနိုင်ကြပါစေသတည်း ။
ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်၏ ပူဇော်ပွဲ ၊ အဖေကြီးဦးမြခင်၏ ပူဇော်ပွဲ ၊ ဥပဇ္ဈာယ်ဆရာအား ပူဇော်ပွဲများသည် .... ဆရာနှင့် တပည့်အကြား ၊ ပညာညီအကို မောင်နှမအချင်းချင်းကြား ဝေဖန်ပုတ်ခတ် စော်ကားခြင်းကင်းသော ပူဇော်ပွဲ စစ်စစ်သာ ဖြစ်သင့်ပါကြောင်း လေးစားစွာ မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။
အလျဉ်းသင့်၍ အဖေကြီး ဦးမြခင် မက်ခဲ့သော အိမ်မက်တစ်ခုအကြောင်း တင်ပြပါဦမည်။
အဖေကြီးဦးမြခင်၏ အိမ်မက်ထဲတွင် လောင်းလှေကြီးနှစ်စင်းပါ၏။ ပထမလောင်းလှေကြီးတွင် လူ ၂၀၀ ခန့်စီးနင်းလိုက်ပါ၏။ ထိုလောင်းလှေကြီး၏ ထူးခြားချက်မှာ " ဦး " မပါပေ။ ( လှေဦးထိပ်မပါခြင်းကို ဆိုလိုပါသည် )။ လောင်းလှေ၏ ရှေ့ဘက် နောက်ဘက် နှစ်ပိုင်းလုံးသည် " ပဲ့ "ချည်းသာဖြစ်နေ၏။ ရှေ့နောက် " ဦး " မပါ၍ " ပဲ့ " ချည်းသာဖြစ်သော ထိုလောင်းလှေသည် ဦးတည်ရာမရှိဘဲ ရေစီးတိုင်း မျောချင်ရာ မျောနေသည်ဆို၏။
ထိုလောင်းလှေ၏ နောက်နားတွင် " ပဲ့ " နှင့် " ဦး "
တို့ဖြင့် ဦးတည်ရာမှန်သော လောင်းလှေတစ်စင်း သည် ငြိမ်သက်စွာ ရွေ့လျားနေသည်။ ထိုလောင်းလှေ အပေါ်၌ကား စီးသူ တစ်ယောက်မျှ မပါပေ။ ထိုလောင်းလှေ၏ "ဦး" ပိုင်းတွင် မျက်လုံးပုံ ရေးဆွဲထား၏။ ထိုအခိုက်တွင် အဲဒီမျက်လုံးဟာ " နတ်မျက်စိကွ " ဟုပြောလိုက်သော အသံကို ကြားရလေသည်။
ထိုအိမ်မက်အကြောင်းကို အဖေကြီးဦးမြခင်မှ အဘဘိုးတော်ဟန်အား ပြောပြခဲ့၏။ အိမ်မက်၏ နမိတ်နှင့်ပါတ်သက်၍ အဘဘိုးတော်ဟန်မှ......
" ငါ့သား.... လောင်းဟာ ဦးမပါရင် ဘယ်ဆိပ်ကမ်းကို သွားကပ်မလဲ၊ ဦးပါမှ ကပ်လို့ရတယ် ၊ ဦးမပါ
တော့ ဘယ်ကမ်းမှာ ဆိုက်မယ်မသိဘူး ၊ လှော်သွားကြပြီ ၊ တပည့်အချို့တွေ သွားကြပြီ...... "
" မင်းတွေ့ခဲ့တဲ့ ( ဒုတိယ ) လောင်းဟာ ဒို့ စီးရမယ့်လောင်းကွ " ဟု မိန့်ကြားခဲ့သည်။
ထိုအိမ်မက်အရ မိမိသည် မည်သို့သော လောင်းလှေထက် စီးနင်းလိုက်ပါနေသည်ကို သုံးသပ် နိုင်ကြပါစေ။။။
( ထိုအိမ်မက်သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှ၏။ ထွက်ရပ်လမ်းပေါက်လိုသူများ အတွက် လမ်းစဉ်ပြ အိမ်မက်တစ်ခုလည်း ဖြစ်၏။ ဝိဇ္ဇာဖြစ်လိုသူ တပည့်အပေါင်းအား မျက်စပစ်နေသော ထူးခြားချက်ဖြစ်၏။ ထိုအိမ်မက်အကြောင်း အပြည့်အစုံကို စိတ်ဝင်စားသူများ ရှိပါက ထပ်မံတင်ပြပါမည်။ )
ရွှေရင်​​ကျော်​ နှင့်​ မြင်းဖြူရှင်​နတ်
•• " အဖေကြီးဦးမြခင် "နှင့် မြင်းဖြူစီး၍ လာရှိခိုးရသော မြင်းဖြူရှင် ..... " ••
ရွှေရင်ကျော်ဂိုဏ်းတော်၏ ပယောဂ ကုထုံး နှင့် ပါတ်သက်သော သမိုင်းကြောင်းကို လေ့လာလျှင် ..... မြန်မာလူမျိုးအချို့ ယုံကြည်ကြသော ရိုးရာနတ်တစ်ပါးဖြစ်သည့် မြင်းဖြူရှင်နတ် သည် ကျေးဇူးတင်ထိုက်သော ပုဂ္ဂိုလ်အဖြစ် ပါဝင်ပါတ်သက် ခဲ့ကြောင်း အထင်အရှားတွေ့မြင်ရမည်ဖြစ်သည် ။
ဦးဖိုးကျား ရေးသားသည့် ၃၇ မင်း စာအုပ်တွင် မြင်းဖြူရှင်နှင့်ပါတ်သက်၍ *** ပုဂံ နရပတေ့စည်သူ သည် ( ၅၃၆ - ၅၇၄ ) မိမိ၏ မြင်းခံ ငပြည့် ကိုကွပ်ပြီးနောက် ၊ နတ်ကွန်း နတ်အိမ်ပေး၍ ပြည်သူတို့အား ပူဇော်စေသည် ။ မြင်းဖြူရှင်နတ် ဟုလည်းတွင်သည် ။ *** ဖေါ်ပြထား၏။
သို့သော် မြင်းဖြူရှင်သည် အခြားနတ်များကဲ့သို့ ရာဇဝတ်မှူဖြင့် သူများသတ်၍သေရသော နတ်မဟုတ်ဟု မြင်းဖြူရှင်မှ ပြောကြောင်း ။ ရည်စားအတွက် သေရခြင်းဖြစ်ကြောင်း မာနကြီးကြောင်း အင်မတန်ချောကြောင်း ၊ ဘုရင်မျိုးရိုးဖြစ်ကြောင်း ၊ အဖေကြီးဦးမြခင်မှ ပြောကြားဖူးသည် ။
အဘဘိုးတော်ဟန် ငယ်စဉ်က ရွာသူအစွဲ ပယောဂ တစ်ခုကို ကုသရာ စွဲရင်းတိုင်းရောက်စမ်းဟု အတိုက်စွဲရင်းကို ခေါ်ရမည့်အစား ဆိုင်ရာရောက်စမ်းဟု မှားယွင်းပြီး အမိန့်ပေးမိသည်ဆို၏ ။
ထို့ကြောင် ဝေဒနာရှင်၏ သက်ဆိုင်ရာရိုးရာ ဖြစ်သော
မြင်းဖြူရှင်သည် ဝင်ပူးလာရ၏ ။
အဘဘိုးတော်ဟန်သည် ပယောဂအစွဲဖြစ်သော ရွာသူ စုံးမက လိမ်ညာ၍ မြင်းဖြူရှင်ဟုပြောသည်ဟု ထင်ကာ ဆိုင်ရာချုပ်ခိုင်းထားလိုက်ရာ တင်ပုလ္လင် ချိတ် ထိုင်၍ မရတော့ ။ ထို့နောက် မီးစက်ရေစဉ်ဖြင့် ပက်ရန်လုပ်သောအခါ ... " ဟေ့ .. မင်း ဆရာလုပ်နေပြီး ဘာမှနားမလည်ဘူး ... ငါ့ကိုကြည့် ... မြင်းဖြူရှင်ကွ ... ငါ့ကိုလွှတ် .. " ဟုပြောလေသည်။
အဘဘိုးတော်ဟန်မှ မြင်းဖြူရှင်မှန်ရင် ထိုင်လို့ရစေဟု အမိန့်ပေးမှ တင်ပုလ္လင်ချိတ် ထိုင်နိုင်၏ ။
ထို့နောက် မြင်းဖြူရှင်သည် သူယောင်အစွဲဝင်သည့်အခါ မည်သို့ကြည့်တတ်ကြောင်း ၊ စုံး ဝင်လာလျှင်မည်သို့ ၊ နတ်စွဲဝင်လျှင်မည်သို့ ၊ စသည်ဖြင့် မိစ္ဆာအစွဲ များဝင်လာလျှင် သိရမည့် ၎င်းတို့၏ မူလသဘာဝ ဟန်ပန် အမူအယာ နှင့် ဓလေ့ စရိုက်များကို အဘဘိုးတော်ဟန်အား ပြောပြပေးခဲ့သည် ။
Saturday, 22 July 2017
ရွှေရင်ကျော်ပညာသည် တစ်ဦးတစ်ယောက်ပိုင် မဟုတ်
•• " ရွှေရင်ကျော်ပညာသည် တစ်ဦးတစ်ယောက်ပိုင် မဟုတ် " ••
ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းတော်ကြီး - ဟူသည်ကား ... မင်းသားကြီးဦးအောင် ဟူသော မဟာသိဒ္ဓိရှင် ဝိဇ္ဇာဓိုရ် မှ အစပြုလျက် ၊ မင်းမျိုးမင်းနွယ် ရှင်ဘုရင် မျိုးရိုး ဖြစ်တော်မူသည့် စင်္ကြာမင်းသား ( ခ ) ဝိဇ္ဇာ အရှင်သူမြတ် အဘဘိုးတော်အေး တည်ထောင်ခဲ့သည့် သူတော်ကောင်းဂိုဏ်းတော် ၊ အထက်လမ်းစစ်စစ် ဂိုဏ်းတော် ဖြစ်၏ ။
မြင့်မြတ်သော သူတော်စင် ဝိဇ္ဇာများ တည်ထောင်သော ဂိုဏ်း ၊ စင်္ကြာမင်းမြတ်၏ သံလျက်ရိုး ... ဘုန်းရှိသည့်ဘုရင်ဝင်မှ အလိုလိုပွင့်သော ကနက္ကဒဏ် ထီးတော်စ ... တောင်နန်းစံဒေဝီ မဟေသီမိဖုရား၏ ပန်တော်ကျ ပန်း ၇ ပွင့် ... အစရှိသော အလွန်ရှားပါးသည့် သိဒ္ဓိဝင်ပစ္စည်းများ ပါဝင်စေလျက် ဝိဇ္ဇာ စစ်စစ် ဖော်စပ်ခဲ့သော ဆေးတော်သုံးသည့် ဂိုဏ်း ၊
သစ္စာ ၃ ချက်တည်နေသမျှ ကာလပါတ်လုံး...  ကဝေအတိုက် စုန်းအတိုက် အောက်လမ်းအတိုက် နှင့် ပယောဂအတိုက်ဟူသမျှအား "  ဟဲ့ ... တစ်ခွန်းငေါက် ၊ တောက် ... တစ်ချက် ခေါက်ယုံမျှဖြင့် ပူးဆိုပူး ၊ ကပ်ဆိုကပ် ၊ ဝင်ဆိုဝင် ၊ ထွက်ဆိုထွက် " ဂိုဏ်း၏ အာဏာစက်ဖြင့် နိုင်အောင် ကုသနိုင်သော ဂိုဏ်း .... ၊ မြွေဆိပ် ကင်းဆိပ် မှစ၍ အဆိပ်ဟူသမျှကို လက်ဖြင့်ရွယ်မိုး သပ်ချယုံမျှဖြင့်လည်းကောင်း ၊ သစ္စာရေ တစ်ခွက်တိုက်ယုံမျှဖြင့် လည်းကောင်း ၊ ပျောက်ကင်းအောင် အသက်ကယ်နိုင့်သည့် ဂိုဏ်း.... ၊ ဖြစ်သောကြောင့် ရွှေရင်ကျော်ပညာယူထားသည့် ရရှိထားသည့် ပညာညီအကို မောင်နှမများသည်ကား သာမာန်လူတို့ထက် ပိုမိုကံကောင်းသော ပါရမီရှင် ( ဝါ ) ပါရမီဖြည့်စည်းနေသူများသာ ဖြစ်လေသည် ။
တစ်ခါက .... ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန်သည် တပည့်များအား ပညာဖြန့်ဝေနေချိန်တွင် အရာရှိတစ်ယောက်သည် ဖိနပ်မချွတ်ပဲ အိမ်ပေါ်တက်လာသည်ဆို၏ ။ ထိုအရာကိုမြင်ရသော အဘဘိုးတော်ဟန်သည် အလွန်ဒေါသဖြစ်မိလေ၏ ။
" ဒီလို မိစ္ဆာတွေနဲ့ငါ့ပညာ မတန်ဘူး ၊ ငါသေလျင် ဒီဆေးတော်တွေ အကုန်မျိုပစ်မည် " ဟုဆုံးဖြတ်လျှက် ဆေးတော်များကို သေတ္တာထဲထည့် ၊ သော့ခတ်ကာ သိမ်းထားခဲ့သည် ဆို၏ ။
ထိုအခါ အဘဘိုးတော်အေး ကိုယ်တော်တိုင်ကြွရောက်လာပြီး " ဟေ့ .... မင်းတစ်ယောက်ထဲအတွက် ထောင်ထားတဲ့ဂိုဏ်း မဟုတ်ဘူးကွ ... " ဟူ၍ အဘဘိုးတော်ဟန်ကို ကြိမ်းမောင်းခဲ့ကြောင်း အဖေကြီးဦးမြခင်၏ မိန့်ခွန်းတွင် မှတ်သားဖူးပါသည် ။
" ကျွန်တော်နှင့်လည်းမဆိုင်ဘူး ၊ ခင်ဗျားနှင့်လည်း မဆိုင်ပါဘူး ၊ ဘယ်သူတွေနှင့်ဆိုင်သလဲဟု မေးရင် ... ကမ ၻာသူ ကမ ၻာသား အားလုံးနှင့်ဆိုင်တယ် ..... " ဟု အဖေကြီးဦးမြခင် မိန့်ကြားခဲ့ပါ၏ ။
ကမ္ဘာ့ဒေသ အသီးသီးရှိလူသားများသည် နေရာဒေသ ၊ ဖြစ်တည်ရာမျိုးရိုးဗီဇ ကွဲပြားမှူကြောင့် အတွေးအခေါ် ခံယူ ယုံကြည်ချက်များသည်လည်း ကွဲပြားနေမည်သာဖြစ်၏ ။
ရွှေရင်ကျော်ပညာသည် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ပညာဖြစ်သည်ဟုဆိုသောကြောင့် .... ရွှေရင်ကျော်ပညာယူထားသူများသည်လည်း ... ကွဲပြားသော ဒေသ ၊ မတူညီသောလူမျိုးများဖြစ်သည်နှင့်အညီ တစ်ဦးနှင့်တစ်ဦး  အတွေးအခေါ် ခံယူချက်မတူနိုင်ပေ ၊ ယုံကြည်ချက် ရပ်တည်ချက် ၊ စရိုက် ... စသည်ဖြင့် ကွဲပြားနေမည်မှာ အမှန်သာဖြစ်၏ ။
ပွင့်ပွင့်လင်းလင်း မေတ္တာရပ်ခံ တင်ပြလိုသည်မှာ ... ဆရာကြီး ၏ တပည့်သားသမီးများ အနေဖြင့် အခြားပညာညီအကိုမောင်နှမများ၏ မိမိနှင့်မတူသော နေထိုင်ပြောဆိုမှူ ၊ ၎င်းတို့ယုံကြည်ရာလုပ်ကိုင်နေမှူ များအပေါ် " ငါနှင့်မတူငါ့ရန်သူ " ဟု သဘောမထားကြဘဲ ..... မတူညီသည့်ကွဲပြားမှူများအပေါ် မေတ္တာတရားဖြင့် ဥပေက္ခာထားနိုင်ကြပါစေ ...
ဂိုဏ်းတော်နှင့်ဆေးတော်အပေါ် ဖောက်ပြန်သူတို့သည် အချိန်တန်သည့်အခါ အဘဘိုးတော်များ ပေးသည့် ဒဏ်ခတ်မှူဖြင့် ၎င်းတို့သဘော ၎င်းတို့ဆောင်သွားမည်သာဖြစ်ပေ၏ ။
ဆရာကြီး၏ တပည့်သားသမီးမြေးမြစ်များ အနေဖြင့် .......
အဖေကြီးဦးမြခင် မိန့်မှာတော်မူခဲ့သည့်အတိုင်း ...
ဂိုဏ်းတော်ကို မဝေဖန်ပါနှင့် ။ ကိုယ့်ဆရာသမားကို မဝေဖန်ပါနှင့် ။ ပညာညီအကိုအချင်းချင်း မကျော်လွှားပါနှင့် မနှိမ်ချကြပါနှင့် ။ ဂိုဏ်းတော်နှင့်ပညာညီအကို အားလုံးအပေါ် သစ္စာရှိကြပါ ။ သည်းခံခြင်းဟူသော ခန္တီတရားကို လက်မလွှတ်ကြပါနှင့် ............. ဟု ဥပဇ္ဈာယ်ဆရာ ဆရာကြီး ၏ ကျေးဇူးကို တန်ဖိုးထားခြင်းအားဖြင့် .. ကျွန်ုပ် NetSay မှ တိုက်တွန်း မေတ္တာရပ်ခံလိုက်ပါသည် ။
ဆရာကြီး၏ တပည့်သားသမီး မြေးမြစ်များ အားလုံးနှင့်တကွ .... ရွှေရင်ကျော်ပညာညီအကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ပါး ကျမ္မာ ချမ်းသာကြပါစေသတည်း ။
NetSay ( 29/11/2016 )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းတို့ စကားမိုးကြိုးသွားလော ( သို့ ) ဂိုဏ်းတော်ချုပ်၏ သစ္စာကတိကြီးမားပုံ
“ မင်းတို့ စကားမိုးကြိုးသွားလော ” ( သို့ ) “ ဂိုဏ်းတော်ချုပ်၏ သစ္စာကတိကြီးမားပုံ ”
     ဂိုဏ်းတော်ချုပ်အဖဘိုးတော်ဟန်ကား အာဏာစက် ထက်မြက် ပြင်းထန် ရုံသာမက ......၄င်းအမှတ်တမဲ့ ပြောမိသော နှုတ်ထွက် စကားကိုလဲ အလွန်တစ်ရာ တန်ဘိုးထားပီး တည်မြဲလှသော ပါရမီရှင် ယောကျာ်းထူး ဖြစ်ပေသည် ။
တစ်ခါသော် ဂိုဏ်းတော်ချုပ်သည် ဇနီးသည် အမေကြီးဒေါ်ဖွားခင်နှင့် ဆံတစ်ပင်တင်း ချစ်ခြင်းမယား ဆိုသကဲ့သို့ ...လင်မယားတို့ ထုံးစံရှိသည်နှင့်အညီ ကတောက်ကဆ ဖြစ်ကြလေသည် ။ ထိုစဉ်  အမေကြီးမှ ငွေကြေးကိစ္စအနည်းငယ်ကို မိန်းမသားတို့ ထုံးစံအတိုင်း ရန်တွေ့မိခဲ့လေသည် ။
ထိုအခါ မိမိတပည့်သားတို့ ရှေ့၌ ပြောခံရသဖြင့် ချစ်လှစွာသော ဇနီးမယားဖြစ်သော်လည်း ဂိုဏ်းတော်ချုပ်သည် ( ရှက်လဲအနည်းငယ်ရှက်သွားဟန်တူသည်  ) အမေကြီးအား စိတ်ဆိုးသွားလေသည် ။
ထို့ကြောင့် ဂိုဏ်းတော်ချုပ်သည် ဂိုဏ်းမိခင်ကြီး အမေကြီးဒေါ်ဖွားခင်မျက်နှာအား စေ့စေ့ကြည့်ပီးလျှင် .. နောင် ၄င်း ထွက်ရပ်လမ်းကိုမြန်းသွားသည့်အချိန်ထိ တည်သွားမည့်  စကားကိုပြောလိုက်လေတော့ သည် ။
“ ဟေ့ ဒီမယ် မဖွားခင် ... ကျုပ် ဒီနေ့ဒီအချိန်ကစပီး  သေတဲ့အထိ ခင်ဗျားမသိဘဲ တစ်ပြားတစ်ချပ် ယူမသုံးတော့ဘူး အဲ့တာမှတ်ထား !!! ”
စကား ကားပြတ်သားလွန်းလှလေသည် ။
ထို့နောက် ဆေးလွယ်အိပ်ကို ကောက်လွယ်ပီး ထွက်သွားလေတော့သည် ။
ဖြစ်ခဲ့သောပြသနာကား  ကြားလျှင်မေ့ပျောက် သွားကြသော်လည်း ဂိုဏ်းတော်ချုပ်ကား သာမာန် စိတ်ဆိုးစဉ်တွင်ပြောမိသော မိမိနှုတ်ထွက်စကားကိုပင် ဘယ်သော်အခါမှ ပြန် မပြင်ခဲ့ပေ ။
အမေကြီးလဲ တပည့်များရှေ့၌ပင် ဇနီးမယားကောင်း မိန်းမမြတ်တို့ အကျင့်အတိုင်း ဂိုဏ်းတော်ချုပ်အား ရှစ်ခိုးတောင်းပန်ခြင်း လင်မယားချင်း ချော့မော့ ပြောဆိုခြင်း ဖြင့် အပြစ်ကိုခွင့်လွှတ်ပါရန် နှင့် ရှေးယခင်ကအတိုင်း ပြန်နေပေးပါရန် တောင်းပန်လေသည် ။
သို့သော် ဂိုဏ်တော်ချုပ်ကား အပြစ်တို့ကိုသာခွင့်လွှတ်သီးခံ၍ ရှေးကဲ့သို့ အချစ်မပြယ်ဘဲ မိမိ ရှာဖွေရသမျှကို ဇနီးသည်အားအပ်နှံကာ ယခင်ကအတိုင်း နေသော်လဲ ......
ထို ပြောလိုက်သောစကားကိုမူ ....
အမေကြီး နှင့် တပည့်သားသမီးများက မည်မျှပင် ဖျောင်းဖျနားချ တောင်းပန်စေကာမူ မပြင်တော့ပေ ။
ယူသုံးစရာရှိလျှင် တစ်ပြားတစ်ချက်ကစပီး အမေကြီးအား အသိပေးပီးမှသာ ယူသုံးလေတော့သည် ။မယားပြောတော့တစ်ညဆိုသည်ကား....
  ဂိုဏ်းတော်ချုပ်ကဲ့သို့ ပါရမီိရှင် ယောက်ျားမြတ်တို့အဖို့ ခြွင်းချက် သာဖြစ်ပေမည် ။ အမေကြီးအဖို့မူကား သေသည်အထိ စိတ်မကောင်းစရာ ဖြစ်သွားခဲ့လေတော့သည် ။
ထို့ပြင် ဂိုဏ်းတော်ချုပ်သည် သားသမီးမြေးမြစ်တို့အား အစဉ်သဖြင့် မှာကြားပြောလေ့ရှိသောစကားတစ်ခွန်းရှိသည် ။
ထိုကား....
ငါ့သားမြေးမြစ်တို့ စင်တော်ရှေ့ မှာ ဘယ်စကားကိုမှ လက်လွတ်စပယ် မပြောနှင့် မပြောအပ် ။
ဥပမာယူသော် ပညာယူစဉ် စင်တော်ရှေ့ ဆရာ့ရှေ့၌ ပယောဂမကုချင်ပါ ကိုယ်လုံအတွက်သာ ယူပါသည်ဆိုလျှင် နောင် ပယောဂ မတွေ့ဖြစ်တတ်ကြောင်း မှာကြားဖူးလေ့ရှိပါသည် ။
( စာရေးသူ ကျွန်ုပ် ကိုယ်တွေ့ ဖြစ်ပါသည် ။ )
သစ္စာကတိကြီးမားသော ရွှေရင်ကျော်ဣစ္ဆာဿယမဟိဒ္ဓိစေ ဂိုဏ်းတော်ချုပ် အဖဘိုးတော်ဟန် အား စံပြ ဥပမာ ယူပီး ပညာညီအစ်ကို မောင်နှမများ အားလုံး....
သစ္စာကတိတည်ကြည်ပီး နှုတ်ထွက်စကားကို လက်လွတ်စပယ် ဘယ်အခါမျှမပြောသော ....
ပြောပီးသောစကားကိုလဲ သေသည့်အထိ တည်သွားသော  .....
ဂိုဏ်းတော်ချုပ်ကဲ့သို့ ရဲရဲတောက် ရွှေရင်ကျော်များ ဖြစ်ကြပါစေကြောင်း နှင့်
ဂိုဏ်းတော်ချုပ်အဖ ဘိုးတော်ဟန် အား ပိုမိုကြည်ညို နိုင်ကြစေရန်  ရေးသားတင်ပြအပ်ပါသည် ။
ရွှေရင်ကျော်လုလင်
( အကိုးအကား ။  ။ ဂိုဏ်းတော်ချုပ်၏ လက်ရင်းတပည့်ကြီး ဆရာကြီးဦးခင်မောင်ထွေး ရေးသားသော စာအုပ်မှ ပြန်လည် မျှဝေပါသည် ။ စာအုပ်အား မျှဝေပေးခဲ့သော ဆရာကြီး ဦး ဇော်မင်း အား အထူး ကျေးဇူးတင်ရှိပါသည်  )
ဘုန်း - နောက်ကို လူမလိုက်နှင့် လူ - နောက်ကို ဘုန်းလိုက်ပါစေ
••" ဘုန်း - နောက်ကို လူမလိုက်နှင့်
                လူ - နောက်ကို ဘုန်းလိုက်ပါစေ " ••
Social network ခေါ် လူမူဆက်သွယ်ရေး ကွန်ယက်များ ပျံနှံ့လာသည်နှင့်အမျှ ဟိုယခင် ကာလများကတည်းက ထင်ပေါ် ကျော်ကြားခဲ့သော ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းသည် ရွှေရင်ကျော် ဂိုဏ်းဝင် ဆရာ ဆရာမများ၏ ကြိုးစားမှုကြောင့် ပိုမို ထင်ရှားလာ၏။ ပို၍ လူသိများလာ၏။
အထူးသဖြင့် လူငယ် လူရွယ် အများစုသည် ပညာ အပေါ်၌ လည်းကောင်း၊ ဂိုဏ်းတော် အပေါ်၌ လည်းကောင်း အထူးတလည် စိတ်ဝင်စားမှု ရှိလာကြ၏။ ရွှေရင်ကျော် ပညာအား ခံယူလာကြ၏။ ထို မျိုးဆက်သစ် ညီဆရာ ညီမဆရာမတို့အား ၎င်းတို့ အသီးသီး၏ ဥပစ္ဇျာယ် ဆရာတို့မှ သိသင့် သိထိုက်သည်များကို လမ်းညွှန် ဆုံးမ သွန်သင်ခဲ့ပြီး ဖြစ်မည်မှာ အမှန်ပင်ဖြစ်သည်။
သို့သော် အရေအတွက် အနည်းငယ်မျှသော အချို့ ဆရာတို့သည် အဘဘိုးတော်ဟန် ချမှတ်ခဲ့သော ဂိုဏ်းမူ ဂိုဏ်းစည်းကမ်းတို့နှင့် တစ်နည်းတစ်ဖုံ ကွဲပြားစွာ လက်ခံကျင့်သုံးနေသည်လည်း ရှိနေပြန်၏။ ထိုထိုသော အနည်းစု ဆရာတို့၌ ပညာခံယူမိကြသော မျိုးဆက်သစ် တပည့်တို့သည် မိမိတို့ ဥပစ္ဇျာယ် ဆရာ၏ လွဲမှားသော အယူအဆများကို နားယောင် လက်ခံမိပါက ထိုတပည့်များ၏ အနာဂါတ်သည် လှပသင့်သလောက် လှပမည် မဟုတ်ပေ၊ တောက်ပြောင်သင့်သလောက် တောက်ပြောင်မည် မဟုတ်ပေ။
ထိုသို့သော မျိုးဆက်သစ် ညီဆရာ ညီမဆရာမ များအတွက် ရည်ရွယ်၍ ရွှေရင်ကျော်ကျေးဇူးရှင် အဖေကြီးဦးမြခင်၏ ဆုံးမစကားများအနက် သိမှတ် လိုက်နာဘွယ် အချို့အချက်များအား ထုတ်နှတ် တင်ပြလိုက်ခြင်း ဖြစ်၏။
ဤသို့တင်ပြရာ၌ အဖေကြီး ဦးမြခင်၏ မူရင်း ပြောဆိုချက်များအတိုင်း ၏သည်မလွဲ ရေးသား တင်ပြခြင်းသာ ဖြစ်သည်။
@@ " ဘုန်း - နောက်ကို လူမလိုက်နဲ့ ၊လူ - နောက်ကို ဘုန်းလိုက်ပါစေ ။ ဘုန်း - မကြီးချင်ရင် ဘုန်းကကျောပေါ်တက်ပါလို့ ခေါ်မယ် ၊ အကျင့်မမှန်ရင် ဘုန်း - ကမင်းတို့ကို တံတားလေး ပို့မှာဘဲ ။
အကျင့်မှန်ရင် အဘဆရာတော်ကြီးများထံ ပို့မှာဘဲ ၊ အချိန်အခါမဟုတ်ဘဲ ဘုန်း-ကြီးချင်ရင် မိစ္ဆာ အုပ်စုထဲ ပါသွားမယ် ။
ဆေးစွမ်းမှန်းသိလို့ ဆေးကိုခေါင်းပေါ်ရွက်သွားရင် ဆေးက ထွက်ရပ်ပေါက်ကို ရောက်အောင်ပို့လိမ့်မယ် ။ မိမိအကျင့် မမှန်ပါက ထွက်ရာပေါက်ဂိတ် အဝင်ရောက်လျင် ထွက်ပေါက်မှားလိမ့်မယ် ။
အဲ့ဒါကြောင့် ဒို့အဖေကြီး ဘိုးတော်ဟန်ရဲ့ ဂိုဏ်းစစ် ဂိုဏ်းမှန် ဆေးစစ်ဆေးမှန်တွေ အတုမဖြစ်အောင် စောင့်ရှောက်ကြပါစို့ ။
သေခြင်းဆိုးအမျိုးမျိုးနဲ့ မသေရတဲ့ ဂိုဏ်းစစ်ရတနာ ဆေးစစ်ရတနာကို အသက်နဲ့လဲ၍ စောင့်ရှောက်ကြပါစို့ ။
အဘဘိုးတော်ပြူး ၊ အဘဘိုးတော်အေး ၊ အဘဘိုးတော်ပွင့် ၊ အဘဘိုးတော်ဟန်အထိ အသက်နဲ့လဲခဲ့ တဲ့ ဆေးတော်တွေကို အတုဖြစ်အောင် လုပ်ခဲ့ရင် ဂိုဏ်းကိုဖျက်တဲ့သူ တစ် - တရားခံ ဖြစ်ပါလိမ့်မယ် ။
ဆေးတော်တွေက ခေါင်းပြူမထွက်ရဲဘူး ၊ ငါ့များ ထုချေပြီး အတုလုပ်မလားလို့ စိုးရိမ်နေကြတယ် ။
ဂိုဏ်းစောင့်ဖြစ်တော်မူသော နတ်မင်းကြီးလေးပါးနဲ့ ပိဋကတ် သုံးပုံ အမေမယ်တော်ကြီးအား ထောက်ထား၍ လည်းကောင်း ၊ ဒို့သားအဖတွေက ဂိုဏ်း၏ မျက်နှာ ဆေးတော်၏မျက်နှာ ထောက်ထားခြင်းဖြင့် လူသာသေပါစေ ၊ ဂိုဏ်းတော်စစ် ဆေးတော်စစ် ဂိုဏ်းချုပ်ဆေးအစစ် မပျောက်ဖို့ကို ကာကွယ်စောင့်ရှောက် ကြပါစို့ဟု အဓိဌာန်ပြုရင်း နိဂုန်းချုပ်လိုက်ပါတယ် ။ @@
NetSay ( 29/11/2016 )
*****   *****   *****   *****   *****   *****   *****
Friday, 21 July 2017
ရွှေရင်​​ကျော်​ဣစ္ဆာသယမဟိ​ဒ္ဓိ​စေဂိုဏ်း​တော်​ကြီး ဆရာ​တော်​ဦးဝဏ္ဏာလင်္ကာရ သိဒ္ဓိ
ရွှေရင်​​ကျော်​ဣစ္ဆာသယမဟိဒ္ဓိ​စေဂိုဏ်း​တော်​ကြီး
                          မှ
       ဆရာ​တော်​ ဦးဝဏ္ဏာလင်္ကာရ သိဒ္ဓိ
ရေးသားပြုစုအပ်​​သော သ​င်္ခေပနယျ ကုထုံးကျမ်း
                        မူပိုင်
ဆရာ​တော်​အားလည်​​ကောင်း ဦးစွာပထမ ကန်​​တော့အပ်​ပါသည်
ဆရာ​တော်​၏တပည့်​ ပညာညီအကိုဆရာဆရာမအ​ပေါင်းအားလည်း
ရို​သေ​လေးမြတ်​စွာ ​တောင်းပန်​အပ်​ပါသည်​ ဂါရဝပြုအပ်​ပါသည်​ .
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
    အရဟံ  ပုဒိအာ  သမ္မာသဗ္ဗု​ဒ္ဓေါ  ​ဇေယျတုသဗ္ဗမင်္ဂလံ
   န​မောတဿ ဘဂဝ​တော အရဟ​တော
သမ္မာသဗ္ဗုဒဿ    
            ဆရာ​တော်​ ဦးဝဏ္ဏာလင်္ကာရ သိဒ္ဓိ
                  သ​င်္ခေပနယျ ကုထုံးကျမ်း
              🙏🙏🙏🙏🙏🙏🙏
                             .မူပိုင်​.
             🙏🙏🙏🙏🙏🙏🙏
 အားလုံး​သောပညာညီအကိုဆရာဆရာမအ​ပေါင်း
                   လိုရာပြည့်​ဝကြပါ​စေ
Thursday, 20 July 2017
ရွှေရင်​​ကျော်​ဣစ္ဆာသယမဟိဒ္ဓိ​စေဂိုဏ်း​တော်​ကြီး ဂိုဏ်း​တော်​ချုပ်​ မူပိုင်
ဘုရား တရား သံဃာ ရတနာမြတ်​သုံးပါး ဦးထိပ်​ထား၍
ရွှေရင်​​ကျော်​ဣစ္ဆာသယမဟိဒ္ဓိ​စေဂိုဏ်း​တော်​ကြီး
                 မှ
အဘဘိုး​တော်​ပြူးး    အဘဘိုး​တော်​စင်္ကြာမင်း
အဘဘိုး​တော်​ပွင့်​     အဘဦးဘိုးဟန်
ကျေးဇူးရှင်​အဘဆရာကြီး ဦးမြခင်
စေတနာရှင်​ ဆရာကြီးဦး​သန်းညွန့်
ဖခင်​​ကျေးဇူးရှင်​ဆရာကြီး ဦး​သောင်းတင်
နတ်​မင်းကြီး​လေးပါး အ​မေမယ်​​တော်​  ရို​သေစွာဖြင့်​ ကန်​​တော့အပ်​ပါသည်​ သားတပည့်​ကာယကံ ဝဇီကံ မ​နောကံ
နှင့်​ ဂိုဏ်း​တော်​ကြီး၏အပြစ်​​တွေရှိပါသည်​ ထိုအပြစ်​ဟူသမျှတို့ကို သားတွင်​လည်း​ကောင်းသား၏တပည့်​များတွင်
လည်​​ကောင်းပညာညီအကို​မောင်​နှမများအားလုံးတို့တွင်​လည်း​ကောင်​ အ​ပြောအဆိုအ​နေအထိုင်​မှစ၍ အပြစ်​ဆယ်​တန်
ခွင့်​လွှတ်​​တော်​မူပါရန်​နှင့်​ သားတပည့်​ယခုကဲ့သို့​သောအပြုအမူလုပ်​​ဆောင်​မှု့​တွေမှာ မှားယွင်းခဲ့သည်​ရှိပါ​သော်
အဖဆရာကြီးများခွင့်​လွှတ်​​တော်​မူပါရန်​​တောင်းပန်​ရိုကျိုးကန်​​တော့အပ်​ပါသည်​အဖဆရာကြိးများခင်​မျာ...
                             အဘဦးဘိုးဟန်
                                    ဓနုဖြူ
                            🙏🙏🙏🙏🙏
                                 မူပိုင်
                             🙏🙏🙏🙏🙏
Sunday, 2 July 2017
ကျေးဇူးရှင်​ အဖဆရာကြီး ဦးမြခင်​၏ ​တေးထပ်​ကဗျာ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
(က) ဘိုးတော်ဟန် ပလ္လင်ပေါက်ပါလို့
ထင်သလောက် ရောက်ပေါ့ဧကံ
မမြင်မပေါက်လို့ ဝေဖန်သူတွေရယ်
အဖြေမမှန်မှားကြမည်ကြောင့်
စိုးရိမ်စိတ်နဲ့ ပူပန်ပါတယ်
လူမတန် ကံကိုမချပါနဲ့
မူမှန်တာ အမြန်လုပ်ရအောင်
ပေါင်းစုလို့တည်ထောင်
ဒို့အဖေရဲ့ ဒို့အမွေကို
ဒို့တစ်တွေ ပိုင်အောင်လုပ်မှာမို့
ဘယ်သူ့မှ အပြစ်မတင်
ဒို့ဥစ္စာရှင်။
ဒါဒို့အလုပ် ဒို့ဖခင်ကို
ဒို့တစ်တွေကံကောင်းထောက်ပါလို့
ပြုစု၍ ကျိုးရှိပါသည်
မိုးထိအောင် တက်အုံးမယ်ကွဲ့လေး။      ။
(ခ) ငါဆရာ င့ါအကြောင်း ထပ်လောင်း၍ ပြောမယ်
သားသမီးမြေးမြစ်တွေအပေါ်ဝယ်
နည်းသစ်တွေထွင်ဘူးတဲ့
အစဉ်မြူးကောင်းကြပါစေ
လောင်းမေတ္တာချွေ
ဘယ်သူမှ မုန်းစိတ်မ၀င်သည်
ပုခုံးထိပ်တွင် တင်ထားခြင်ရဲ့လေး
ငါကလေ ငေါက်ငမ်းလို့
ကြောက်ခမန်းပြောမိပါသည်
တစ်ချို့ကလည်း သည်းခံသည် တစ်ချို့မှ မကြေချမ်းလို့
သေခမန်းကြောင့်ကြရှာပြီ
သည်းခံကြတပည့်တွေရယ်
မင်းတို့ကို အဖေချစ်လို့
သွေမပြစ် ပေါင်းရပါစီ
နောင်အတွက် ထွက်ခဲ့ပါသော်
မင်းတို့တွေ ကျန်ခဲ့မှာကြောင့်လေး။       ။
(ဂ) ရွှေရင်ကျော်ကမ္ဘာသိအောင်လို့ ဆရာက၀ိကြံခဲ့တယ်
ဘာမသိတစ်ချို့ဆရာတွေရယ် ကိုယ့်ဟာလေကိုယ်ချုပ်ကြတလွဲ
ဂိုဏ်းချုပ်က ကိုဘိုးဟန်ပါ
ဆိုရိုးအမှန်ဘိုးတော်လွဲလို့
ဒို့များတော့ ချုပ်စန်းပေါင် ဂိုဏ်းချုပ်မောင် ဟိုလူအုပ်တွေကြောင့်
မြုပ်ခဲ့ပေါ့ ဂိုဏ်းချုပ်သခင် ဒို့ရဲ့ဖခင်
မြုပ်နေတဲ့ ဒို့အဖေကို ဒို့တစ်တွေစုဝိုင်းလို့
တူးဖော်တဲ့ သားအဖတစ်တွေ ပန်းရှာကြသလေ
ဒို့ဖော်တဲ့ အဖေဟန်မှာ
မသွေအမှန် ကမ္ဘာသိမယ်ကွဲ့လေး။      ။
(ဃ) ဘိုးတော်ဟန် အစထားပါလို့
ဘိုးတော်များရဲ့ ပုံတော်တွေ
လမ်းမရောက်နေ။
မကြီးပွားကြတဲ့ မြေးသားတစ်တွေရယ်
စီးပွားရေးတွက်မောကြလို့
လုပ်ရက်ကြတဲ့ မင်းတို့တစ်တွေ ဒုက္ခနဲ့ပွေ
မလုပ်အပ်တဲ့ ဂိုဏ်းချုပ်သခင်တွေကို
ဝိုင်းမြုပ်ချင်တာမတော်ဘူးထင်ရဲ့လေး
စေတနာကောင်းနဲ့ တောင်းပန်ပါတယ်
ဗြောင်းဆန်မှာ ပူပန်လို့
ငွေရဘို့တစ်ခုကိုသာ မကြည့်ကြနဲ့ဗျာ
ဂိုဏ်းတော်ကို မထောက်ထားရင်လှ
မှောက်မှားလို့ မင်းတို့တစ်တွေ
ဂိုဏ်းသင့်လိမ့်မလေ
ဂိုဏ်းသင့်လို့ ဒုက္ခပွေရင်
မုချလေလျှင်အပါယ်လားမယ်ကွဲ့လေး။      ။
(င) ရွှေရင်ကျော်ဂိုဏ်းဂဏ နိုင်းဆလို့ခေါ်မယ်
သမိုင်းအစ အခြေပေါ်လျှင် ပြေကျော်အောင်မှတ်တမ်း
အဘအေးလို့ အမည်တွင်တယ်
စင်္ကြာရှင်မ တဲ့ စေဂိုဏ်း
ထို့နောက်မှ တစ်ဆကူးလာတယ်
အဖပြူးခေါ် ၀ိဇ္ဇာဂိုဏ်းဟာမို့
အဖဆရာပွင့် လက်တွင်းကိုသာ
ပေးအပ်ခဲ့တာ။
ထို့နောက်မှ ဒို့အဖေဟန်ကို
မချို့ဧကံ ဆေးတော်မြတ်တွေနဲ့
ဂိုဏ်းချုပ်တော့ ငါ့သားဆရာရယ်
မှတ်သားပါကွယ် အဖေပြောမယ်ကွဲ့
ဂိုဏ်းချုပ်တဲ့ဆေးတော်တွေ ရော့ယူတော့လေ
သားအရင်းဘိုးတော်ဟန်မှာ သူ့ဆရာဘိုးတော်ပွင့်ရဲ့
မြတ်လှတဲ့ ဂိုဏ်းတော်ကိုသာ စောင့်ရှောက်ခဲ့ရှာ
ရွှေအစစ်ဂိုဏ်းမြတ်ရတနာကို
ပိုင်းဖြတ်ကာအသက်ပေးပါလို့
သားမြေးမြစ်တပည့်တွေဆီ ပေးအပ်ခဲ့ပြီ
ဒို့သားအဖတာဝန်တွေမှာ ဆက်လက်ကာ ထိန်းကြမှ
ရွှေအစစ်ဆေးရတနာ
တေးပျောက်လို့ကွာ
ဆယ်နှစ်မြောက်ရုပ်လုံးပေါ်ပြီ
ဆေးရတနာဂိုဏ်းပါပျောက်လို့
ဆက်လက်၍တာဝန်ယူနေ ဒို့သားအဖတစ်တွေ
သမီးများနဲ့ မြေးများတွေရယ်
ဂျီးများနေရင် အခြေဆိုးမယ်ကွဲ့
မိုးထိမက လှေကားထောင်မယ်
ဒို့များအကုန် အောင်ပန်းဆွတ်တဲ့ပွဲ
မိုးထိမက လှေကားထောင်မည်
ဒို့သားအဖတစ်တွေ အောင်ပန်းဆွတ်တဲ့ပွဲ
မိုးထိမက လှေကားထောင်ပြီ
ဒို့များ အောင်စည်ရွန်းကြမည့်ပွဲ။    ။
📝Zar Ma Ni..FB
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းချုပ် အဖဘိုးတော်ပွင့် ထွက်လမ်းသမိုင်း
ဆရာ ရသေ့ ရှင်သာသနာ   ခေါ် ဆရာတော်ဦးသုမန   ကိုယ်တိုင်  ရေးသားခဲ့​သော မှတ်တမ်း ကို မူရင်းအတိုင်း  ကဗျာလင်္ကာများဖယ်​ထုတ်​၍ တင်ပြလိုက်​ပါသည်​။
  အဘဘိုးတော်ပွင့်ထွက်မထွက်ကို ယခုကာလအငြင်းပွားရာ ကျွန်ပ်​​အနေဖြင့်အမှန်ထွက်ကြောင်း ထွက်ရပ်စခန်းကိုအနီးကပ်စောင့်ခဲ့သော ရသေ့ရှင်သာသနာခေါ်​ ဆရာတော်ဦးသုမန စာအုပ်​ထဲမှတင်ပြလိုက်ပါသည်။
       ရသေ့ ရှင်သာသန  ရေးသားထားသည်
ဣစာသယမဟဒ္ဓိစေဂိုဏ်းတော်ကြီးဟု  ၁၂၇၃ခုနှစ်မှစ၍ ယခု ၁၃၅၃ခု နှစ်အထိ ဂိုဏ်းတော်အသက်သည်  အနှစ်၈၃ နှစ်ရှိသည် ယခု ၁၃၇၈ နှစ်ထိ ဂိုဏ်းတော်သက် ၁၀၅နှစ်ရှိပါသည်။
တိုင်းကျော်ပြည်ကျော် နိုင်ငံကျော်အောင်ထင်ရှားခဲသော ဂိုဏ်းတော်ချုပ် အဘဆရာပွင့်သည်   သူ့ဇာတိ ကျုံမငဲရွာမှ  မဆယ်ဆိပ်  ၎င်းမှတဆင့် ကျိုက်လတ်မြို့ ၈လမ်း   ၎င်းမှတဆင့် ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ခဲသည်
ဘရ​သေ့ လူအမည်ဦးဟန်ထွန်းသည်  ၁၃၁၇ခုတပေါင်းလဆန်း ၁၀ရက်နေ့၌ ဘိုးတော်ပွင့်အိမ်သို့တဖန်ပြန်ရောက်သည်    ၎င်းအချိန်​က ဘိုးတော်ပွင့်အိမ်တွင် ဓနိကိုဖျက်၍ သွပ်မိုးသောအချိန်ဖြစ်နေသည်။         ထိုအချိန်တွင်အမည်မသိရဟန်းတပါး  သက်တော်၅၀ခန့်ဟုခန့်မှန်းရသည်။       နောက်မှကျောင်းသားငယ်တဦးပါလာသည်   ထိုရဟန်းသည် ဘိုးတော်ပွင့်အား  ဆရာကြီး ဘုန်းကြီးကိစ္စပြီးနေပြီဟုပြောဆိုပါသည်။      ဘိုးတော်ပွင့် က မော်လမြိုင်ခရီး လမ်းသည်အသွားရလာရခက်ခဲသောကာလဖြစ်သည်    ကျိုက်ထီးရိုးတောင်ပေါ်တွင် ရှိသောနာနတ်သီးနှင့် တောင်ဝှေးကိုအယူခိုင်းရာ နောက်နေ့မနက်စောစော တွင် ၎င်းပစ္စည်းများ ကျောင်းသားလေးမှ လာပို့သည်    ၎င်းပစ္စည်းကိုကြည့်၍  အဘပွင့်သည် ဒီကိုယ်တော်၃ဆူ စခန်းနှင့်ထွက်ရပ်ပေါက်သွားသည်ဟု
ကျွနု​ပ်[ဘရ​သေ့]ကို ပြောဆိုပါသည်။
ကျွန်​ပ်​သည် ဆရာပွင့်အိမ်မှ အိမ်မူကိစ္စ အဝဝတို့ကို လုပ်ကိုင်ပြီး ပညာစဉ်များဆက်လက်ခံယူခဲ့ပြီးနောက်
ဆရာပွင့်မှ မင်းဝါဆိုလတွင် ငါဆီကိုမဖြစ်မနေ ဆက်ဆက်လာရမည် မိန့်ကြားပြီး  အဘထွက်ရန်ကိစ္စရှိတယ်   အမှတ်မထင်မိန့်ကြားခဲ့တယ်  ။ ကျွန်​ပ်လည်းအချိန်တန်လို့အိမ်ပြန်ခဲ့တယ်။
ဒီလိုနဲ ဝါဆိုလပြည်နေ့ညတွင် ဘုရားဝတ်ပြုနေရာမှ အဘပြုးကနေပြီး  မင်းဆရာမောင်ပွင့်အိမ်ကို မဖြစ်မနေသွားရမယ်ပြောဆိုလို့ ကျတော်လည်း ဝါဆိုလဆုပ်၂ရက်နေ့တွင်  အဘပွင့်အိမ်သို့ ရောက်ခဲ့ပါတယ်။   ရောက်တယ်ဆိုရင်ဘဲ အဘပွင့်က ကျွန်​ပ်အား ပညာစဉ်များတိုင်ကြွေးခြင်းဆေးတော်များ စွန့်ကြဲခြင်း ကျင့်စဉ်များသင်ကြားပေးခြင်း ဘယ်အချိန်မှာ ဘယ်စမ ဘယ်အင်း ပညာစဉ်တက်စဉ်များကိုဆက်လက်သင်​ကြားပေးပြီး။
သာသနာတော်သက္ကရာဇ် ၂၅၀၀ ပြည့် ကောဇာသက္ကရာဇ် ၁၃၁၈ ခု ဝါဆိုလပြည်ကျော်၆ ရက်  နေ့ နေလည်၁ နာရီ  ၁၅ မိနစ်  ရန်ကုန်မြို့ ကြည်မြင်တိုင်  ဗားကရား ထင်းပွဲတန်း အိမ်အမှတ်၁၀၄  ဇနီးဒေါငွေယုံ  နှင့် တခြားသောတပည့်များနှင့်အတူ  နာမည်ကြီးတပည့်များထဲမှဆိုရင် ဆရာဦးမြတ်စံတဦးသာရှိသည်  ဦးမြင့်သိန်း ဦးကျော်ခင်တို့မရှိပါ   ၎င်းအချိန်တွင် ဆရာပွင့်သည် တပည့်များအား တရားဟောပြနေရာမှ   ထွက်လေဝင်လေချုပ်သွားပါတော့သည်။
အဲဒိအချိန်ထုံးစံအတိုင်း ငိုသူကငို အော်ဟစ်သူကအော်ဟစ်ဝမ်းနဲသူကဝမ်းနဲ  ပူဆွေးနေတဲ့အချိန်ကာလပါ      ဒီအချိန်မှာသက်တော်၆၀ ခန့်ဆရာတော်တပါးကြွလာပြီး  အားလုံးကိုငြိမ်သက်ဘို့  မေတ္တာ ရပ်ခံပါတယ်
တပည့်အပေါင်းတို့ သင်တို့ငါတို့ဆရာ  ဆရာပွင့်ဟာ သာမန်လူမဟုတ်ဘူး  ဘုန်းကံပါရမီကြီးတဲ့ပုဂ္ဂိုလ်​ထူး  ပုဂ္ဂိုလ်မြတ်တပါးပါ ဒါကြောင့်ကြံတောသုဿုန်မှာ မြုတ်နှံမည်ကိုငါလက်မခံဘူး   ဆရာပွင့်ငါ့ကိုမှာကြားခဲ့သည်အတိုင်း  ငါနေထိုင်ရာ ကေလာသတောင်စခန်းသို့  ပို့ဆောင်ရမည်။  ငါ့ကိုမှာထားခဲ့တယ်။
အကယ်၍ မင်းတို့ဆရာကို မင်းတို့ပူဇော်လိုလျှင်  ဤ ဗားကရာမှာဘဲ  ၇ရက်ပူဇော်ပါ   ၇ ရက်ကျော်ရင်ငါနေထိုင်ရာ ကေလာသတောင်ကိုပင့်ဆောင်မယ်   မင်းတို့ငါစကားကို မလိုက်နာလျှင် မင်းတို့ပြုဘွယ်ကိစ္စ အားလုံးအနှောက်ယှက်ကြုံမယ်လို့ ပြောဆိုပြီး   အိမ်ပေါ်မှာမရှိတော့ချေ။
ဆရာတော်မှာကြားသည့်အတိုင်း  ၇ ရက်ပူဇော်ပြီး  ဝါဆိုလဆုပ် ၁၂ ရက်နေ့တွင် အရှေ့ဆုံးမှ ဘုန်းကြီးများနှင့်အတူ  ဘိုးတော်ပွင့်ရုပ်အလောင်းကို သေတ္တာဖြင့်ထည့်၍  ကားအစီး၅၀ ကျော်ဖြင့်  ရွှေဒဂုံစေတီတော်မြတ်အား  ကားအစီး၅၀ ကျော်ဖြင့်ဖူးမျော်ကန်​တော့ပြီး   ကွမ်းခြံဘူတာ  ခေါ် ရန်ကုန်ဘူးတာကြီးသို့  နံနက် ၅နာရီ ၁၅ မိနစ်အချိန် ဝါဆိုလဆုပ်၁၃ ရက်နေ့အချိန်တွင် နံနံက် စောစောမော်လမြိုင်ရထားဖြင့်  တင်ဆောင်၍ ထွက်ခွာသွားပါသည်။
ထိုအချိန်တွင်စစ်တောင်းတံတားကြီးသည်  ပျက်စီးနေချိန် သူပုန်များကမိုင်းထောင် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်နေချိန်ဖြစ်ပါသည်။ အနှောက်အယှက်အမျိုးမျိုးနှင့်ကြုံနေရတဲ့အချိန်ကာလပါ။
        ဘိုးတော်ပွင့် ထွက်မထွက်
ဒီလိုနှင့်ကျွန်​ပ်တို့အဖွဲသည် စစ်တောင်းတံတားကျိုးပျက်နေ၍   အဘပွင့်အလောင်းသေတ္တာကို စစ်တောင်းမြစ်ကမ်းကမ်းခြေမှ တဘက်သို့ ဇက်ဖြင့်ကူးခဲ့ပါသည်။   ကျိုက်ထိုမှအတီးမူတ်အကခုန်ဖြင့် လာရောက်ကြိုဆိုခဲ့သော  ဆရာဦးချန်ထွန်း ဆရာလှ ဆရာထွေ တို့အဖွဲဖြင့် ဟိုဘက်ရထားပေါ်သို့ ပြောင်းရွှေသယ်ယူကြပါသည်။  မိုးတွေကလဲ တဖွဲဖွဲလေးကျနေချိန်ဖြစ်နေတဲ့အချိန်လေးပေါ့ဗျာ။
ဒီလိုနဲတောင်စွန်းဘူတာသို့ကျွန်​ပ်တို့ရောက်ခဲ့ပါတယ် ဆရာတော်အမိန့်နာခံပြီးနေရတဲ့အချိန်ပါ ယခုဆက်လက်သွားရမည့်စခန်းသည် အများနှင့်မဆိုင် အများနှင့်မပါတ်သက် ရန်ကုန်မှလိုက်ပို့ဆောင်သောတပည့်အားလုံးဤနေရမှာနေခဲ့ပါ ပြန်လိုက ပြန်ပါဟုအမိန့်ရှိသည်။
ဤအချိန်တွင်ဆရာတော်သည် ကျွနုပ်ကိုတခါထည်းခေါ်ပြီး အဘပွင့်ရဲ လက်သုံးတော်တပည့် ဦးဘကလေးအားခေါ်ဆောင်ပြီး ဆရာတော်တောင်ခြေတွင်နေထိုင်ကြသော ဦးခေါက်ထူ ဦးကြွေ ဦးထွေတို့နှင့်အတူရုပ်အလောင်းကိုတောင်စွန်းမြို့ ဝင်းတံခါးပေါက်မှ ထွက်ခဲ့ကြပြီး ပန်ထိမ်တောင်ခြေရင်းရှိ ဆရာတော်သီတင်းသုံးရာကျောင်းကလေးသို့ရောက်ရှိပါသည်။ ကျောင်းပေါ်တွင် ရုပ်အလောင်းကိုခေတ္တချထားပြီး ကျွနုပ်အား ခေါင်းရိပ်စေ၍ ရသေ့ဝတ်ခိုင်းပြီး လာသည်ပရိတ်သတ်ကို ပြန်လွတ်လိုက်ပါသည်။
ဝါခေါင်လဆန်း၁ရက်နေ့နံနက် ၃နာရီခန့်အချိန်တွင်မိုးလေးတဖွဲဖွဲကျ ဆရာတော်ကမလင်းတလင်းမှန်အိမ်ကလေးဖြင့်​ပြ၍ရှေ့မှလျောက် ကျတော်နဲဥိးဘလေးက အလောင်းကိုထမ်းပြီးတောင်ပေါ်သို့တက်ရာ အသင့်ရှိနေသော ထန်းလက်မိုးပျဉ်ကာ တဲကျောင်းလေး ၏ ရှေ့ညီညွတ်သောမြေပြင်မှာ အဘပွင့် ရုပ်အလောင်းကို ချထားလိုက်ပါသည်။
ဆရာရသေ့ပြောပြသည်မှာ ငါထမ်းတာပေါ့ရွှတ်နေဘဲ တပည့်ရေ အဲထဲကများမရှိတော့ဘူးလားမသိဘူးတဲ့
ဒါနဲ ငှက်ပျောဖီးဆိုင်၃ဖီး တပွဲနှင့်အမွှေးတိုင်အလင်းတိုင်အမွှေးနံသာများကပ်လျှုပြီး သစ်သီးမျိုးစုံဖြင့်အာရုံအမှီကပ်လျှုပါတော့သည် ကပ်လျှုပြီးနောက် ပုတီးစိပ်မေတ္တာပို့ အမျှဝေ ပြုလုပ်ပြီးသည်နှင့်တပြိုင်နက်ထဲမှာ ကျုပ်နုပ်စိတ်သည် ပကတိ ပင်ကိုစိတ်မရှိတော့ပေအတိတ်ကိုပြန်အမှတ်မရ အနာဂါတ်လည်းမတွေးမျော် ယခုပစ္စူန်တည့်တည့်မှာပင် ပျော်ရွှင်ကြည်လင်သာယာနှစ်သက်လေတော့သည်။
ဒီလိုနှင့်နေလည်၁၀ ၃၀ လောက်တွင် ဆရာတော်က နံနက်အာရုံက ဘုရား ရဟန္တာ အထက်ဆရာတော်ကြီးများကျု ကပ်လျှုထားသော သစ်သီးများစွန်ပြီး ဘုန်းပေပြီး ကျွနုပ်ကိုလည်းအားရပါးရ စားခိုင်းသည်။ စားပြီးနောက် ကျုနုပ်အား ၃ကြိမ်မေးပါသည်
ဘိုးရသေ့ ဝပြီလား ၃ခါမေးသည်အခါတိုင်း ဝပြီ၃ဟုခါပြောသည်။ ဒီလိုနဲ့ ကျန်သောသစ်သီးများကို တောင်အောက်သို့စွန်လိုက်သည်။
ဆရာတော်မိန့်သည်မှာ ဘိုးရသေ့ မင်းနဲငါကံအလွန်ကောင်းတယ် တသက်နဲတကို ဒီအာဟာရမျိုးနောက်မစားရတော့ဘူး ဒါက ဆရာတွေရဲအာဟာရသိဒ္ဓိဘဲ အဘပွင့်ရုပ်အလောင်းကို မင်းနဲ ငါ ၄၉ ရက် ထမင်းမစား ရေမသောက် သေးမပေါက် ချီးမယို ဘဲနဲ အောင်မြင်စွာ စောင့်ရမယ် အနှောက်ယှက်အဖျက်စီးအမျိုးမျိုးကြုံ ရလိမ့်မယ် ဘာမှမကြောင့်ကြနဲ့ ဘိုးရသေ့ ကျတော်လည်း ဂိုဏ်းတော်အကျိုး ဆရာအဘပွင့်ရဲအကျိုးကိုမျော်ကိုးအာရုံပြု ရင်းအဘပွင့်အလောင်နားမှမခွာဘဲ နံနက် နေ့လည် ညတနေ့၃ကြိမ်တရားဘာဝနာအားထုပ် ကျန်အချိန်မှာ ပညာဆွေးနွေး တရားကျင့်စဉ်ဆွေးနွေးယင်း အဘပွင့်ရုပ်အလောင်းကိုစောင့်ရှောက်ယင်း အဘဆရာပွင့်ကြီး၏ထွက်ရပ်စခန်းအောင်မြင်ခဲသည်။ အောင်မြင်သည်ဟုသိရသည်မှာ
၄၅ရက်မြောက်သောနေ့မှာ အဘပွင့်တပည့်ကြီးဖြစ်သော အထောင်မှဆရာနီ မလှိုင်မှ ဆရာစိန်ဆရာကြီး၂ယောက်ကို အဘဆရာပွင့် ခေါ်ပေးပါတိုင်တည်ရာ ၃ရက်မြောက်သောနေ့မှာ ဆရာနီ ဆရာစိန်တို့နှင့်အတူ အလောင်းကိုဖွင့်ကြည်ရာ အပိုထည့်ပေးလျုက်သောလုံချည်တတည်သာကျန်တော့သည်။ ကျန်တာဘာမှမရှိတော့ပေ။
ဤတွင်၁၃၁၈ခုနှစ် တော်သလင်းလဆုပ်၅ရက်နေ့ ဣစာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းတော်ချုပ် အဘဆရာပွင့် ထွက်ရပ်စခန်းအောင်မြင်စွာ ပြီးဆုံးပါသည်။
စကားချပ် ဦးဘကလေး ၅ ရက်မြောက်နေ့မှာတောင်ပေါ်မှာပြန်လွတ်လိုက်​သည်
ဆရာရသေ့ ပြောပြသည်မှာ သူခန္ဓာကိုယ်​သည် အဲအချိန်တွင် ၂ကိုယ်ဖြစ်နေသည် တကိုယ်က ဒေါင်းဂမုန်းတောထဲမှာ တကိုယ်က သူ သူကိုယ်ထဲ အဘပြူးဝင်နေပြီး သူတပည့်အဘပွင့်ကို သူပြန်စောင့်နေသလိုဘဲ သူတပည့်ကိုတော်တော်ချစ်တာဘဲ ဟုမိန့်ခဲ့ဘူးသည်
ကျတော်က တောင်ပြန်စောဒကတက်သေးတယ် ဟာ ဆရာတော်ကလည်း အဘပြူး ကလည်းကိုဟာကိုစောင့်လည်းရရဲသားနဲများ ဆရာတော်ကိုသက်သက်ခိုင်းတာ ဟကောင် မင်းက ကပ်သီးကပ်သပ်ပြောတဲ့ကောင် ရုပ်ကိုမသုံးနာမ်ကိုသုံးတဲ့ပညာ အဘပြူးကတတ်တယ်ကွ တော်ကွာ လာ ဓါတ်ထိုးနေတယ် ဖိုလ်ဝိုင်းဆွဲပေးဦးဆိုတာနဲ ၃နာရီမှ အိပ်ရတော့တယ်။ ပြီးပါပြီ။
Creditးမင်းချစ်သူ သုတေသီ
လေးစားလျက်​📝ဗဟုသုတဖြစ်​​စေရန်​အတွက်​ တဆင့်​ကူးယူတင်​ပြအပ်​ပါသည်​📕
ဆရာကြီးဦးပွင့်သည် ပုဂံမှ ပြန်ရောက်
လာပြီးနောက်
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး ကို
ထူထောင်လိုက်ပြီး ပယောဂါ အမျိုး၂
နှင့် မြွေဆိပ် မှစ၍ အဆိပ္အမ် ဳိ းမ် ဳး
ကုသပေးခြင်း စမ များနှင့် ၉၆ ပါး
ဝေသနာများမကျံ ကုသလေတော့သည် ပညာသင်ယူ
သူများကိုလည် မိမိ တတ်သိထား
သောပညာကို လက်ထပ်သင်ပေးလေ
၏ ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်
ချုပ်ဆရာကြီးဦးပွင့်ဟု ထင်ရှားကျော်
ကျားလာလေတော့သည်
အဘပွင့်နေထိုင်ရာ ကျိုက်လပ်မြို့ အ
ပိုင်'ကျုံ မငဲ့ ကျေးရွာ'မှ'မဆယ်ဆိပ်မြို့
မှ 'တဆင့် ရန်ကုန်မြို့ သို့ရောက်ရှိခဲ့
လေသည် အဖဘိုးတော်အေး အဖဘိုး
ပြူးသင်ပေးထားသည် အတိုင်းပညာ
ပေးလေရှိသည်
သာသနာသက္ကရာဇ် ၂၅၀၀ ပြည့်နှစ်
ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ် ဝါ
ဆိုလပြည့်ကျော် ၆ ရက်နေ့ မွန်းလွဲ
၁နာရီ ၁၅ မီးနစ် အချိန်တွင်
ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗာဂရာထင်း
ပွဲလမ်း အိမ်အမှတ် ၁၀၄ နေ
ဣစ္ဆာသယဂိုဏ်းတော်ချုပ်ကြီးအဖ
ဘိုးတော်ပွင့်± အမေကြီးဒေါ်ငွေယုံတို့
၏ပျင်ထောင်သွပ်မိုး အုပ်လှေခါး တ
ထပ်အိမ်ကြီးတွင် တပည့်အပေါင်းများ
ရှိနေကြသည်
တပည့်အများသည် ဘိုးတော်ပွင့် မှ
ပညာ စခန်း သြဝါဒ ဓမ္မသံဝေဃ
တရားများကို ဟောဖေါ် ညွန်ပြ ဆိုဆုံး
မပြီး အနားယူထိုင်နေချိန်မှာ ပင် အ
ကောင်းအတိကနေ ဝင်လေ ထွက်
လေချုပ်လေတော့သည်
တပည့်များသည် အံ့သြပြီး အသံမ
ထွက် မျက်ရည်သာထွက်ပြီး ကြည့်ရှူ
နေမိကြလေသည် ခဏကြာမှ ငိုသံ
နှင့်အတူး ကြားရလေတော့သည်
အသက် ၅၀ ကျော်ဆရာတော်ဦးဝါယမ
သည် ဆရာအပေါင်းတို့ နားထောင်
ကြပါ သင်တို့ ငါတို့ ဆရာဘိုးတော်ပွင့်
သည် သာမညမဟုတ် ဆရာအေး
ဆရာပြူး ထွက်ရာပေါက် ပုဂ္ဂိုလ်အ
ပေါင်းကိုယ်တိုင်း မစ စောင့်ရှောက်
ရသော ပါရမှီ ဘုန်းကံနှင့် ပြည့်စုံလှ
သည် ပုဂ္ဂိုလ်ထူ ပုဂ္ဂိုလ်မြတ်ဖြစ်သော
ကြောင့် ကြံတောသုသာန်တွင် မြှုတ်
နှံထားရှိမည်ကို ငါတိုသည်မနှစ်သက်
အပ် ဘိုတော်ပွငိ့ မှာကြားချက်ရှိသည့်
အတိုင်း ငါနေထိုင် သတင်းသုံးရာ
ဋ္ဌာန ကေလာသ တောင်စခန်းသို့
ပိုဆောင်ကြမည်
ဆရာများပူဇော်ရန် နေအိမ်မှာဘဲ ခုနှစ်
ထားမယ် တပည့်မျာကလည် ခုနှစ်စ
လုံးကျေးဇူးကိုသိပြီး ပူဇော်ကြတယ် အနံ့ အသက်မရှိ ထူးဆန်းလိုက်တာ
၁၃၁၈ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့တွင် ဆရာတော် ဦဝါယမ ဦး
စီး၍ ဘုန်တော်ကြီးများနှင့်အတူနောက်မှ
အလောင်းသေတ္တာ ဆရာပေါင်းများ
စွာနဲ့ နောက်ပါ ကားအစည်း ငါးဆယ်
ကျော် ရွှေတိဂုန်စေတီးအားဦးတည်
လှည့်ပါတ်ပူဇော်ကြပြီး ကွမ်းခြံ ဘူတာ
ကြီး ယ္ခု ရန်ကုန်ဘူးတာကြီး သို့ပို
ဆောင်ကါ ၁၃၁၈ ခုနှစ်ဝါဆိုလပြည်
ကျော် ၁၃ရက် နံက် ၅နာရီး15 မီးနစ်
အချိန် မော်လမြိုင်ရထားပေါ်သို့တင်
ဆောင် ထွက်ခွါလာခဲ့ကြလေတော့
သည်
စစ်တောင်းမြစ်အနီးရောက်သောအခါ
စီဘီစက်တပ်ဆိပ်ခံ သင်းင်္ဘောပေါ်
တင်ပြီး ကျိုက်ထိုမြိုမှ ဘိုတော်ပွင့်တ
ပည့်ကြီး ဆရာဦးချန်ထွန်းခေါင်းဆောင်ပြီးဆရာ
လှ ဆရာထွေးအပါအဝင်အဖွဲသည်
ဘိုးတော်ပွင့်အလောင်သေတ္တာကို
တောင်စွန်းမြို့ သို့အရောက်သယ်ဆောင် ခဲ့ရာ
ဆရာတော်ဦးဝါယမက ဆရာတို့ ခရီး
က ခက်ခဲ ကျမ်းတန်းလို့
ရန်ကုန်မြိုနှင့် အနယ်နယ် အရပ်ရပ်က
လိုက်လံပို့ဆောင်သော ဆရာများအဲ
ပရိတ်သတ်များ တောင်စွန်မြို့မှာနေ
ရစ်ကြကုန်လော
ဘိုတော်ပွင့်တပည့်ကြီးဦးဆောင်၍
ဦဘကလေး
ဆရာစောထူး ဦးထွေ ဦးကျေး တို့နှင့်
အတူအလောင်ထမ်း ထွက်ခွါလေ၏
ပထိမ်တောင် ခြေရှိ ဆရတော်ဦးဝါယ
မသီးတင်းသုံးသော ကျောင်သို့ရောက်
ရှိလေတော့သည်
၁၃၁၈ခုနှစ် ဝါဆို လပြည့်ကျော် ၁၂ရက်နေ့ကစထွက်ခဲ့ရာ ဝါဆိုလ
ကွယ်နေညပိုင်တွင် ပထိန်တောင်ခေါ်
ကေလသ တောင်ခြေရင် ရောက်ရှိခဲ့
ပါသည်
၁၃၁၈ခုနှစ် ဝါခေါင်းလဆန် ၁ ရက်
7-8-1956=အင်္ဂါနေ့ တွင်
ငှက်ပျောပွဲ စုံ သစ်သီး ၉ မျိုး တို့ကို
ဘုရားအမှုထားပြီး အဖဆရာကြီးများ
ကို အာရုံတက် အမှီ ဆက်ကပ်လှူ
တန်ပြီး မေတ္တာသုတ် ရတနာသုတ်
ပရိတ် ပဌာန်များနှင့် ပူဇော်ပြီး
ဆုတောင်တော်ကြီးကို ပြိုင်တူ ၃ ခေါက်ရွတ်ဆို ကြပါသည်
ဆရာတော်ဦးဝါယမသည် ၄၉ ရက်စေ့
မှ အလောင်းသေတ္တာဖွင့် ကြည့်
ကြရမယ် လို မိန်တော်မူး၏
ဆရာတော်ဦးဝါယမသည် ဦးဆောင်
ပြီးအနီးကပ် ၄၉ ရက်မပြည့် မခြင်
စောင့်ကြည့်ပြီး လေဆယ်ကိုးရက်
ပြည့်တဲ့နေမှာ ဖွင့်ကြည်ရာ
မရှိတော့ပါ ထွက်စခန်းပြီးမြောက်အောင်မြင်သွားပါ
တော့သည်
တဆင်စကား တဆင့်ကြားပြီး
တင်ပြပေးတာပါ
အားလုံးမင်္ဂလာပါ
ဣစ္ဆာသယမဟိဒ္ဓိ​စေဂိုဏ်း​တော်​ကြီး
** ဆရာထွန်း***
Friday, 30 June 2017
ပယောဂ-မာယာ ဝင်္ကဘာလို ကြွယ်ဝတဲ့ အလယ်တောရကျောင်းနှင့် မယ်သီလမအေးစိန် ( အဖေကြီးဦးမြခင်၏ ကုထုံး )
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်၌ မအေးစိန်ဟု အမည်ရသည့် မိန်းမကြီးတစ်ယောက် ရှိခဲ့ဖူး၏။ ထိုမိန်းမကြီး၏ အမည်သည် မအေးစိန် ဟူ၍ ဖြစ်သော်လည်း အများကမူ "ဓားအေးစိန်" ဟုသာ ခေါ်ကြလေ၏။
"ဓားအေးစိန်" ဟူသော အမည်နာမအား အလကား ရခဲ့ခြင်းမဟုတ် ... ။ ရာဇဝင်ဇာတ်ကြောင်းဖြင့် ရခဲ့ခြင်းသာ ဖြစ်သည်။
မအေးစိန်သည် အိမ်ထောင်သည်တစ်ဦး ဖြစ်၏။ သားတစ်ယောက်နှင့် သမီးတစ်ယောက်လည်း ရှိ၏။ မအေးစိန်၏ ခင်ပွန်းသည်မှာမူ လက်ကြောမတင်းသော အရက်သမား တစ်ယောက်ဖြစ်လေ၏။
တစ်နေ့တွင် မအေးစိန်၏ ခင်ပွန်းသည် အရက်မူးလာပြီးနောက် မအေးစိန်အား ပြဿနာ ရှာတော့၏။ ဆဲဆိုကြိမ်းမောင်း၏။ မအေးစိန်ကမူ သည်းခံနိုင်သမျှ သည်းခံရှာ၏။ ဆဲဆို ကြိမ်းမောင်း၍ အားမရသော ခင်ပွန်းဖြစ်သူသည် ဓားဆွဲကာ မအေးစိန်အား သတ်မည် ဖြတ်မည် စသဖြင့် ခြိမ်းခြောက်လာလေသည်။
ထိုအခါ မအေးစိန်သည် ထိုင်နေရာမှ ဆတ်ကနဲ ထ၍ ရပ်လိုက်ပြီးနောက်
" ထိုးရဲလို့လား .. ထိုးရဲလို့ ဓားကိုင်တာလား ... "
ဆိုကာ ရင်ကော့ပေးလိုက်၏။ ယောက်ျားဖြစ်သူသည် ဒေါသအလျောက် ကြိမ်းမောင်းခြင်းသာ ဖြစ်သဖြင့် မထိုးဝံ့ပေ။ မထိုးရက်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်၏။
ထိုအခါ မအေးစိန်သည် ယောက်ျားဖြစ်သူ၏ လက်ထဲမှ ဓားအား မရရအောင် လုယူပြီးလျှင်
"ဓားဆိုတာ ဒီလို ထိုးရဲမှ ကိုင်ရတာဟဲ့ "
ဟု ဆိုကာ ဆတ်ကနဲ ထိုးလေ၏။ ယောက်ျားဖြစ်သူသည် လွတ်အောင် ရှောင်၍ ပြေးရလေ၏။ မအေးစိန်က နောက်မှလိုက်ကာ ထိုး၏။ အိမ်နီးနားချင်းများ၏ ဖြန်ဖြေမှုကြောင့်သာ ယောက်ျားဖြစ်သူ အသက်ချမ်းသာ ရခြင်းဖြစ်လေ၏။
ထိုအချိန်မှစ၍ မအေးစိန်အား အများက "ဓားအေးစိန်" ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြလေသည်။ ယောက်ျားဖြစ်သူ သည်လည်း အရက်ပြတ်သွားလေတော့၏။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး များမကြာမှီ - မအေးစိန်၏ သားဖြစ်သူသည် မော်လမြိုင်ဘက်မှ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျခဲ့လေ၏။
မအေးစိန်သည် ဒေါသကြီးသူ ဖြစ်သည့်အလျောက် ချွေးမဖြစ်သူနှင့် မျက်နှာကြော မတည့်ပေ။ မကြာခဏ အချင်းများလေ့ရှိ၏။ ထိုသို့ အချင်းများသည့် အခါတိုင်း သားဖြစ်သူသည် မိခင်ဖြစ်သူ မအေးစိန်ဘက်မှသာ အစဉ်ရပ်တည်လေ့ရှိ၏။ မအေချစ်သော သားပီပီ မယားဖြစ်သူအား ရိုက်နှက်လေ့ ရှိ၏။
ထိုအခါ ချွေးမဖြစ်သူသည် ခင်ပွန်းနှင့် ယောက္ခမတို့ အပေါ်၌ အငြိုးအတေး ဖြစ်လာလေ၏။ ထို အငြိုးအတေးကို လူမသိအောင် မြိုသိပ်လျက် လက်စားခြေရန် အခွင့်အခါကောင်းအား ကျားချောင်း ချောင်းကာ စောင့်ဆိုင်းနေလေသည်။
×××××××××××××××××××××××
အသက်အရွယ် ရလာပြီဖြစ်သော မအေးစိန် ခေါ် ဓားအေးစိန်ကြီးသည် လူဝတ်ကြောင်အား စွန့်လွှတ်ကာ မယ်သီလရှင်အဖြစ် သာသနာ့ဘောင်သို့ ဝင်ခဲ့ပြီဖြစ်၏။
တစ်နေ့တွင် ချွေးမဖြစ်သူမှ ဖိတ်ကြားသဖြင့် မယ်သီလ မအေးစိန်သည် သားနှင့်အတူ ချွေးမ၏ ဆွေမျိုးများရှိရာ မော်လမြိုင်ဘက်သို့ လိုက်သွား၏။
မော်လမြိုင်သို့ ရောက်သည့်အခါ ချွေးမဖြစ်သူသည် မယ်သီလအား ဆွမ်းကပ်၏။ ခင်ပွန်းဖြစ်သူကိုလည်း စားကောင်း သောက်ဖွယ်များဖြင့် ကြွေးမွေး ဧည့်ခံ၏။
ချွေးမဖြစ်သူကိုယ်တိုင် ချက်ပြုတ်သော ဆွမ်းဟင်းများအား မယ်သီလမအေးစိန်သည် လွန်စွာ ခံတွင်းတွေ့လေ၏။ ထို့ကြောင့် အဝအပြဲ စားသောက်ခဲ့၏။ သားဖြစ်သူသည်လည်း ၎င်း၏ မိန်းမ လက်ရာအား ချီးကျူးအား အားရပါးရ စားခဲ့လေသည်။
သူမ စီစဉ်ထားသော အစားအသောက်များအား အားပါးတရ စားသောက်နေသည့် ယောက္ခမနှင့် ခင်ပွန်းဖြစ်သူကို ကြည့်လျက် မယ်သီလ မအေးစိန်၏ ချွေးမဖြစ်သူသည် ကျေနပ်စွာ ပြူံးလိုက်လေ၏။
ထိုအပြူံးသည် ကောက်ကျစ်သော အပြူံးဟု ဆိုချင်က ဆိုနိုင်၏။ ယုတ်မာသော အပြုံးဟုလည်း ဆိုနိုင်၏။ စင်စစ် ထိုအပြူံးသည် ကာလများစွာ အောင့်အီးသည်းခံ ခဲ့ရသည့် အငြှိုးအတေးများအတွက် လက်တုန့်ပြန်လိုက်သော အပြူံးသာ ဖြစ်လေ၏။ ကလဲ့စားအပြူံးသာ ဖြစ်လေ၏။
ချွေးမဖြစ်သူသည် အောက်လမ်းဆရာတစ်ယောက်အား ငွေပေးကာ အပင်း စီရင်ခိုင်းခဲ့၏။ ကြက်မြစ်ကြက်သည်း များကို ငါးချဉ်သဖွယ်ဖန်တည်းကာ အပင်း စီရင်ထားခြင်း ဖြစ်၏။ ထိုအစာပင်းကို သူမ၏ ခင်ပွန်းနှင့် မယ်သီလ မအေးစိန်အား ကြွေးကာ အပင်းထည့်လိုက်ခြင်း ဖြစ်သည်။
မအေးစိန်၏ သားသည် ဇနီးသည်ကြွေးသည့် အောက်လမ်း စီရင်ထားသော အစာပင်း မိသွားသည့် အချိန်မှစ၍ သိသိသာသာ အချိုးပြောင်းသွားလေ၏။ ယခင်က အစဉ်သဖြင့် ဆဲဆိုကြိမ်းမောင်း ရိုက်နှက်နေတတ်သော ခင်ပွန်းသည်-သည် နူးညံ့ သိမ်မွေ့သွား၏။ မိန်းမဖြစ်သူအနား အချိန်ပြည့်နီးပါး ကပ်ကာ ချော့မော့နေလေတော့သည်။
အစာပင်းမိသွားခြင်းကြောင့် စိတ်ပြောင်းသွားသော မအေးစိန်၏ သားဖြစ်သူသည် မိန်းမ၏ ထမိန်အနားစလေးအား တို့ကာ ကိုင်ကာဖြင့် မယားခိုင်းစေသမျှ မငြင်းစတမ်း လုပ်ပေးနေတော့၏။
မယ်သီလ မအေးစိန်မှာမူ ချွေးမကြွေးလိုက်သည့် အစာပင်း မိသွားပြီးနောက် ရက်အနည်းအကြာတွင် သူမ၏ ဝမ်းဗိုက်သည် တဖြည်းဖြည်း ပူထွက်လာ၏။ ကိုယ်ဝန်ရှိသကဲ့သို့ ပူလာခြင်းဖြစ်၏။ ရက်ပိုင်းအတွင်း ရှစ်လ-ကိုးလ ကိုယ်ဝန်ဆောင်ထားသည့် ဗိုက်ကြီးသည် ဗိုက်ကဲ့သို့ ပူထွက်လာခြင်း ဖြစ်သည်။
ထိုဗိုက်ကြောင့် မယ်သီလမအေးစိန်အား အခြားသော မယ်သီလရှင်များမှ သံသယ ဝင်လာကြ၏။ ကဲ့ရဲ့ကြ၏။ ရှုတ်ချ အပြစ်တင်ကြ၏။ မယ်သီလမအေးစိန်သည် အရှက်တကွဲ ဖြစ်ရလေသည်။
ထို့အပြင် ယင်ကောင်နှင့် ခပ်ဆင်ဆင်တူသော အရှည်တစ်လက္မခန့်ရှိသည် အမျိုးအမည်မသိ အကောင် နှစ်ကောင်သည် မယ်သီလမအေးစိန် ခန္ဓာကိုယ်အနီးသို့ မကြာခဏ ရောက်လာတတ်၏။ မအေးစိန်အနီးတွင် တွန့်ကာ တွန့်ကာဖြင့် ပျံဝဲနေတတ်၏။
ထိုအကောင် နှစ်ကောင် ရောက်လာသည်နှင့် မယ်သီလ မအေးစိန်သည် မျက်ဖြူလန်ကာ 'တက်'လေသည်။ ထို့ကြောင့် မယ်သီလ မအေးစိန်သည် ထိုအကောင်များ ရောက်လာမည်ကို အစဉ်သဖြင့် ထိတ်လန့်နေရလေ၏။ ရောက်လာတိုင်းလည်း မျက်ဖြူလန်ကာ 'တက်' ရသည်ချည်း ဖြစ်သည်။
မယ်သီလမအေးစိန်သည် သူမခံစားနေရသော ဝေဒနာများအား ဆရာဝန်များနှင့် ကုသ၏။ မထူးခြားပေ။ မြန်မာဗိန္ဓောဆရာများဖြင့်လည်း ကုသ၏။ မထူးခြားပေ။ ပယောဂဆရာများဖြင့်လည်း ကုသပြန်၏။ အလားတူ ထူးခြားလာခြင်း မရှိခဲ့ခြေ .... ။
ဆရာအမျိုးမျိုး ဆေးအမျိုးမျိုးဖြင့် ကုသခြင်း ခံယူခဲ့သော်လည်း မယ်သီလ မအေးစိန်၏ ဗိုက်ကြီးသည် ပူမြဲပူနေလေ၏။ အကောင် နှစ်ကောင် ရောက်လာတိုင်း တက်မြဲတက်နေလေသည်။ ထိုဝေဒနာများအား မယ်သီလမအေးစိန်သည် တစ်နှစ်နှင့်ရှစ်လတိုင်တိုင် မချိမဆန့် ခံစားခဲ့ရရှာသည်။
ထို့ကြောင့် မအေးစိန်သည် သူမကိုသူမ သေလူအဖြစ် သဘောထားလိုက်ကာ သေမည့်အချိန်ကိုသာ စောင့်စားနေရှာလေ၏။
မိတ်ဆွေတစ်ယောက်၏ ဆက်သွယ်ပေးမှုကြောင့် မယ်သီလမအေးစိန်၏ ဝေဒနာအား ကယ်တင် ကုသပေးမည့် ဆရာတစ်ဦး ရောက်လာလေ၏။ ထိုဆရာသည်ကား ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်းမှ အဖေကြီးဦးမြခင် ဖြစ်လေသည်။
အဖေကြီးဦးမြခင်သည် မယ်သီလမအေးစိန်အား စေ့စပ်စွာ စမ်းသပ်ပေး၏။ ထိုအခါ မအေးစိန်၌ အောက်လမ်းတိုက်၊ အောက်လမ်းပင်း မိနေကြောင်း သိရလေ၏။ ထို့ပြင် မယ်သီလမအေးစိန် နေထိုင်နေသည့် ဇရပ်အား သိမ်းပိုက်လိုသည့် အခြားမယ်သီလရှင်တစ်ပါးသည် ကျောင်းထိုင်ဆရာတော်အား အကူအညီတောင်းခဲ့သည် ဆို၏။ ထိုဆရာတော်သည် ၎င်းနှင့်သိကြွမ်းသော မြေနီကုန်းဘက်ရှိ သင်္ကန်းဝတ်ကာ ဘုန်းကြီးအသွင် ဟန်ဆောင်ထားသော အောက်လမ်းဆရာအား အကူအညီတောင်းကာ အင်းချပ်ဖြင့် ဇရပ်တိုက် တိုက်ထားကြောင်းလည်း စမ်းသပ်ရင်း သိရပြန်၏။
ထို့အပြင် မယ်သီလမအေးစိန်အား ကြည့်မရသည့် စုန်းပညာတတ်ကျွမ်းသည့် အမည်ခံမယ်သီလရှင် တစ်ပါးမှလည်း စုန်းတိုက် တိုက်ထားကြောင်း စမ်းသပ် သိရှိရပြန်သည်။
အဖေကြီးဦးမြခင်မှ အနံ့ပေး စမ်းသပ်ရန်အတွက် မယ်သီလမအေးစိန်၏ လက်ခုံအား
"ဟဲ့ .. မူလပြန်"
ဟု အမိန့်ပေးလိုက်ရာ မအေးစိန်၏ ပါးစပ်မှ
"ဖယ်စမ်းပါ"
ဟူသော ယောက်ျားအသံ သြသြကြီးသည် ထူးဆန်းစွာ ထွက်ပေါ်လာ၏။ မအေးစိန်အား ပြုစားထားသည့် စွဲရင်းတိုင်း အောက်လမ်းဆရာသည် မခေါ်ဘဲနှင့် ပူးကပ်လာခြင်းဖြစ်သည်။ အဖေကြီးဦးမြခင်က
"တယ်သတ္တိကောင်းတဲ့ ကောင်ပါလား ... ငါမခေါ်ဘဲ ဝင်လာရအောင် မင်းက ဘာမို့လဲကွ"
ဟုဆိုကာ အစွဲ၏ မျက်နှာအား လက်ဖြင့် ဖျောင်းကနဲ နေအောင် ဖြတ်ရိုက်လိုက်ရာ အစွဲသည် အနောက်သို့ လန်ကျသွားလေ၏။
"မင်း .. ငါ့အကြောင်း သိပြီလား "
ဟုမေးရာ ပူးနေသော အောက်လမ်းက သိပြီဖြစ်ကြောင်း
ခေါင်းညိမ့်ပြ၏။
ကဲ.. ဟေ့ကောင် ငါ့ကို ဘာလုပ်မှာလဲ၊ ပြောစရာရှိတာ မြန်မြန်ပြော.. ငါအချိန်မရှိဘူးကွ"
ဟုမေးရာ အောက်လမ်းသည် မည်သို့မျှ ခွန်းတုန့်ပြန်ခြင်း မရှိသဖြင့် နဖူးအား လက်ဖြင့်ပုတ်ကာ ထုတ်လိုက်ရာ ထွက်သွားလေ၏။
အစွဲထွက်သွားသည့်အတွက် ပြန်သတိလည်လာသော မယ်သီလမအေးစိန်အား
"တွေ့တဲ့အတိုင်းပဲ ဆရာလေးရေ၊ တိုက်ထားတာက စုံနေတာပဲလား၊ အောက်လမ်းတိုက် အောက်လမ်းပင်း၊ အင်းတိုက် မြေတိုက် ဇရပ်တိုက်၊ စုန်းအတိုက် .. ဒါတွေ ရှိနေလို့ ဆရာလေး ဒီလိုဒုက္ခတွေ ခံနေရတာ"
ဟု အဖေကြီးဦးမြခင်က ရှင်းပြရာ မယ်သီလမအေးစိန်က
"ကယ်နိုင်ရင် ကယ်ပါဦး ဆရာကြီးရယ်၊ အားကိုးပါတယ် ပျောက်အောင်ကုပေးပါ "
ဟု တောင်းပန်လေတော့သည်။
"ကောင်းပြီ၊ ဆရာလေး သဘောတူရင် ကုပေးမယ်၊ ကုသတဲ့အခါ အုန်းငှက်ပျော အစုံအလင် ကုပွဲ-ငါးပွဲ ထိုးရမယ်၊ တစ်ပွဲကို ငွေတစ်ရာစီ ထည့်ရမယ်၊ ဒါကိုရော သဘောတူရဲ့လား"
ဟု မေးလိုက်ရာ မယ်သီလမအေးစိန်က
"ဆရာလေးလဲ ဒီဝေဒနာ ခံရတဲ့အချိန်ကစပြီး ဟိုဆရာ ကောင်းတယ်ဆို ကုကြည့်လိုက်.. ဒီဆရာ ကောင်းတယ်ဆို ကုကြည့်လိုက်၊ ဟိုဆေးစားလိုက် ဒီဆေးစားလိုက်နဲ့ .. ငွေအတော်ကုန်လှပါပြီ ဆရာကြီးရယ်.. ၊ ငွေငါးရာတော့ မတတ်နိုင်လို့ပါ၊ ကန်တော့ပွဲ သုံးပွဲနဲ့ ငွေသုံးရာ လှုပါမယ် "
ဟု ပြောလာသဖြင့် အဖေကြီးဦးမြခင်မှ လက်ခံပေးလိုက်၏။
နောက်တစ်နေ့တွင် စတင်ကုသရာ စွဲရင်းတိုင်းဖြစ်သော သင်္ကန်းဝတ်ကာ ဘုန်းကြီးအဖြစ် ဟန်ဆောင်ထားသည့် အောက်လမ်းဆရာသည် ဝင်ပူးလာလေ၏။
ဝင်ပူးလာသော စွဲရင်း-အောက်လမ်းသည် အပြင်၌ အယောင်ဆောင် ဘုန်းကြီးတစ်ပါး ဖြစ်သဖြင့် ၎င်းဝင်ပူးနေသော မယ်သီလမအေးစိန်၏ ဝတ်ရုံအနားစအား မကာ-မကာဖြင့် မူလပြန်ပြလေ၏။ ၎င်းသည် ဘုန်းကြီးဖြစ်ကြောင်း မူလပြန်ပြခြင်းဖြစ်၏။ ထိုအရာကို အဖေကြီးဦးမြခင်မှ ရိပ်မိ၏။ သို့သော် မသိချင်ယောင်ဆောင်ကာ
"အခုဝင်လာတာ မိန်းမလား .. အခြောက်လားကွ "
ဟု မေးကာ စိတ်ဆွလိုက်လေရာ အစွဲသည် ဒေါသသံကြီးဖြင့်
"ငါ.. ဘုန်းကြီးကွ"
ဟု ပြန်ဖြေလေသည်။ စင်စစ် ဝင်လာသော အစွဲသည် အပြင်လောက၌ သင်္ကန်းဝတ်ကာ ဘုန်းကြီးအဖြစ် ဟန်ဆောင်ထားသော်ငြား ၎င်းသည် မိစ္ဆာစိတ်ရှိသော အောက်လမ်းဆရာတစ်ဦးသာ ဖြစ်လေ၏။
ဒေါသကြီး၍ ခေါင်းမာလွန်းသော ဘုန်းကြီးအောက်လမ်း ဘုန်းကြီးအောက်လမ်း ဆရာသည် နောက်ဆုံး၌ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေပညာ၏ အစွမ်းကို မယှဉ်နိုင်ဘဲ လက်မြှောက် အရှုံးပေးရလေ၏။ အဖေကြီးဦးမြခင်သည်လည်း လိုအပ်သော ကုသမှုများ ပြုလုပ်ပေးကာ ထိုကျောင်းဇရပ်မှ ပြန်လာခဲ့သည်။
ထိုကျောင်းဇရပ်မှ အဖေကြီးဦးမြခင် ထွက်လာပြီး အချိန်အနည်းငယ်အကြာတွင် မယ်သီလမအေးစိန် နေထိုင်ရာ ဘေးကပ်လျက်ရှိဇရပ်မှ မယ်သီလရှင်တစ်ပါး ကြွလာ၏။ မအေးစိန် စားရန်ဟုဆိုကာ ပိန္နဲသီးများ လာပေးခြင်းဖြစ်၏။ အစားမက်သော မယ်သီလ မအေးစိန်သည် ထိုပိန္နဲသီးများအား အားရပါးရ စားလေတော့သည်။ ကြွလာသော မယ်သီလရှင်သည် မအေးစိန်အား အမောပြေသောက်ရန် သောက်ရေကို ကိုယ်တိုင်ခပ်ကာ တိုက်ပြန်၏။ မအေးစိန်ကလည်း ထိုရေကို တဂျိုက်ဂျိုက် သောက်ချလိုက်လေသည်။
နောက်တစ်နေ့ မနက်တွင် အဖေကြီးဦးမြခင်သည် ၎င်း၏အိမ်၌ ထိုင်နေရင်း မယ်သီလမအေးစိန် အကြောင်းအား စဉ်းစားမိလေသည်။ ထိုသို့ စဉ်းစားမိသည့်အခါ အဖေကြီး၏ စိတ်ထဲ၌ မသိုးမသန့် ဖြစ်သကဲ့သို့ ခံစားလာရ၏။ တစ်စုံတစ်ခုအား သံသယ ဝင်မိသလိုလို မသင်္ကာသလိုလို ခံစားလာရခြင်းဟု ဆို၏။ ထို့ကြောင့် မယ်သီလမအေးစိန်ရှိရာ ဇရပ်သို့ ထပ်မံသွားရောက်ခဲ့လေသည်။
ဇရပ်သို့ ရောက်သည့်အခါ ငူငူငိုင်ငိုင် ဖြစ်နေသော မယ်သီလမအေးစိန်အား တွေ့ရ၏။ ထို့ကြောင့် အဖေကြီးဦးမြခင်မှ ထပ်မံစမ်းသပ်ကြည့်ရာ ရွာသူအတိုက် မိနေကြောင်း သိရလေ၏။ ယမန်နေ့က ပိန္နဲသီးလာကြွေးသော မယ်သီလရှင်မှ ပိန္နဲသီးအား စုန်းအတတ်ဖြင့် စီရင်ကာ အစာပင်းထည့်လိုက်ခြင်း ဖြစ်သည်။
အဖေကြီးဦးမြခင်သည် မယ်သီလမအေးစိန်အား ဂရုဏာဒေါသဖြင့်
"ဆရာလေးရယ်.. ခင်ဗျားလဲ အတော်ကို အစားမက်တာပဲကိုး .. နောက်ကို ဆင်ခြင်ပါ "
ဟု အပြစ်တင်ပြောဆိုပြီးနောက် မိနေသော ရွာသူအတိုက်ကို ကုသပေးရပြန်သည်။
ရွာသူအတိုက်အား ကုသပေးပြီးနောက် နောက်ထပ် အတိုက်ပယောဂတစ်ခု ဖြစ်လာပြန်၏။ မယ်သီလ မအေးစိန်၏ သမီးသည် ထိုဇရပ်၌ပင် မိခင်နှင့် အတူနေ၏။ ထိုမိန်းခလေး၌ ယခင်ကတည်းက သိုက်စက်ရှိနေ၏။ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ပညာအား ယှဉ်နိုင်စွမ်း မရှိသော အောက်လမ်းဆရာ ဘုန်းကြီးနှင့် ရွာသူ မယ်သီလရှင်တို့ ပူးပေါင်းကာ မအေးစိန်၏ သမီး၌ ရှိနေသော သိုက်စက်အား အကူအညီယူ၍ နှောက်ယှက်ကြခြင်းဖြစ်သည်။
ထိုအတိုက်ကြောင့် မအေးစိန်၏ သမီးသည် ဝုန်းဒိုင်းကြဲ သောင်းကျန်းလာသဖြင့် အဖေကြီးဦးမြခင်မှ သွားရောက်ကာ ရှင်လင်းကုသပေးရပြန်သည်။
သိုက်စွဲသည် ဝင်ပူးလာ၏။ အမျိုးသားတစ်ယောက်ဟု ဆို၏။ ၎င်း၏အမည်မှာ မောင်ဝဏ္ဏဟု ပြော၏။ ကာယကံရှင်အား ထပ်မံ မနှောက်ယှက်ရန် အဖေကြီးဦးမြခင်မှ ၎င်းအား " ကျွန်တော် မောင်ဝဏ္ဏသည် ယနေ့မှစ၍ -------- သမီး၊ မ-------- အား ......... " အစချီ၍ သစ္စာဆိုခိုင်းရာ ဝင်နေသော သိုက်စွဲမှ အသာတစ်ကြည်ပင် သစ္စာဆို၏။ ထိုရေကို သောက်၏။ ထို့နောက် ပြန်ထွက်သွားလေ၏။
သိုက်စွဲထွက်သွားသော်လည်း အဖေကြီးဦးမြခင်၏ စိတ်၌ တစ်စုံတစ်ခုအား မတင်မကျ ဖြစ်နေလေ၏။ ထို့ကြောင့် ထိုသိုက်စွဲအား ပြန်ခေါ်သွင်းရာ ချက်ခြင်းပင် ဝင်လာ၏။ အဖေကြီးဦးမြခင်မှ ထိုသိုက်စွဲအား "ကျွန်မသည် ယနေ့မှစ၍ ..... " ဟူကာ ကျွန်တော်အစား ကျွန်မဟူ၍ နာမ်စားပြောင်း၍ သစ္စာဆိုခိုင်းလိုက်ရာ ပထမအကြိမ် ကျွန်တော်ဟူ၍ ဆိုခိုင်းစဉ်က အလွယ်တကူ လိုက်ဆိုခဲ့သော သိုက်စွဲသည် ကျွန်မဟု ဆိုခိုင်းသည့်အခါ မဆိုတော့ပဲ အ-ထစ်၊အ-ထစ် လုပ်နေလေတော့သည်။
စင်စစ် သိုက်စွဲသည် အမျိုးသမီးတစ်ဦးသာဖြစ်၏။ သူမကိုယ်သူမ မောင်ဝဏ္ဏဟုဆိုကာ အမျိုးသားသဖွယ် ဟန်ဆောင်လှည့်စားကာ သစ္စာကို ညာ၍ ဆိုသွားခြင်း ဖြစ်သည်။ ပယောဂ၏ မာယာ အလှည့်တစ်ခု ဖြစ်၏။
ထိုအစွဲသည်လည်း အဖေကြီးဦးမြခင်၏ ကုသပေးမှုကြောင့် ပျောက်ကင်းခဲ့လေ၏။
မယ်သီလမအေးစိန်သည်လည်း ကျမ်းကျမ်းမာမာဖြင့် စိတ်ချမ်းသာစွာ နေနိုင်သွားပြီ ဖြစ်၏။ ရက်သတ္တပါတ် အနည်းငယ်အကြာတွင် မအေးစိန်၏ ဇရပ်အား အပိုင်ဆီးလိုသည့် အခြားမယ်သီလရှင်တစ်ပါး ရောက်လာပြန်သည်။ ထိုမယ်သီလရှင်မှ မအေးစိန် ဇရပ်တွင် မယ်တော်ကြီးဂမုန်းပင် ထားရန်အကြံပေး၏။ မအေးစိန်မှ လက်ခံသည့်အတွက် ပန်းအိုးတွင် ကျကျနန စိုက်ထားသော မယ်တော်ကြီးဂမုန်းပင်အား ထိုမယ်သီလရှင်မှ ယူလာပေးလေသည်။
ရိုးအလွန်းလှသည့် မယ်သီလမအေးစိန်သည် ဘုရားစင်နှင့် တစ်ပြေးညီ စင်ထိုးကာ ထိုပန်းအိုးအား တလေးတစား တင်ထားလေ၏။
မအေးစိန်၏ အခြေအနေအား အကဲခတ်ရန် ရောက်လာသော အဖေကြီးဦးမြခင်သည် ထိုဇရပ်သို့ ရောက်သောအခါ ၎င်း၏နှာခေါင်း၌ ဆနွင်းနံ့လိုလို စိမ်းရွှေရွှေ အနံ့တစ်ခု ရနေသဖြင့် မသင်္ကာဖြစ်မိ၏။ ခေါင်းထဲ၌ မူးကနဲ မိုက်ကနဲ ဖြစ်ဖြစ်လာ၏။ ထို့ပြင် မယ်တော်ကြီးဂမုန်းပင်အား ကြည့်လိုစိတ်သည် မကြာခဏ ဖြစ်ဖြစ်နေသဖြင့် ပို၍ မသင်္ကာဖြစ်လာမိ လေသည်။
ထို့ကြောင့် မအေးစိန်အား ထပ်မံစမ်းသပ်ကြည့်ရာ အစိမ်းတိုက် မိပြန်လေ၏။ မယ်တော်ကြီးဂမုန်း စိုက်ထားသော ပန်းအိုးအတွင်း အောက်လမ်း အတတ်ဖြင့် စီရင်ပြီး မအေးစိန်အား အစိမ်းတိုက် တိုက်ထားခြင်းဖြစ်သည်။ ရိုးအလွန်းသဖြင့် လူတကာအပေါ် ယုံကြည်စိတ် လွန်ကဲလွန်းလှသည့် မယ်သီလမအေးစိန်အား
"ခင်ဗျားဗျာ ... တော်တော် အသုံးမကျတဲ့ မိန်းမ "
ခင်ဗျားဗျာ ... တော်တော် အသုံးမကျတဲ့ မိန်းမ "
ဟုပင် အဖေကြီးဦးမြခင်မှ အပြစ်တင်မိလေသည်။
ထိုအစိမ်းတိုက်အား ရှင်းလင်းကုသပေးရ ပြန်၏။ အစိမ်းတိုက်-တိုက်ထားသော မယ်တော်ကြီးဂမုန်းပင် ထည့်ထားသည့် ပန်းအိုးအား အဖေကြီးဦးမြခင်မှ အမိန့်တော်ပြန်ကာ ပေါက်ခွဲပြစ်လိုက်လေ၏။
နည်းအမျိုးမျိုးဖြင့် ကြံကြသော်လည်း အောင်မြင်ခြင်း မရှိကြသည့် အောက်လမ်းဆရာ ဘုန်းကြီးနှင့် ရွာသူ မယ်သီလရှင်တို့သည် အခြား ဘုန်းကြီးတစ်ပါးအား အကူအညီတောင်းကာ မယ်သီလမအေးစိန်အား အကောက်ကြံကြပြန်၏။ မအေးစိန်နေထိုင်ရာ ဇရပ်အား မရမခြင်း တိုက်နေကြခြင်း ဖြစ်သည်။
အချိန်တစ်လခန့်အကြာတွင် မအေးစိန် နေထိုင်ရာ ဇရပ်သို့ ဘုန်းကြီးငယ်တစ်ပါး ကြွလာလေ၏။ ထိုဘုန်းကြီးသည် လွန်စွာ သပ္ပာယ်ဖွယ် ကောင်းလှသည့် ဒက္ခိဏသာခါ ဆင်းတုတော် တစ်ဆူအား မယ်သီလမအေးစိန် ကိုးကွယ်ရန် လှုဒါန်းရာ မအေးစိန်မှ အားရဝမ်းသာ လက်ခံလိုက်၏။ အလှုရှင် ဘုန်းကြီလေး ပြန်ကြွသွားသည့်အခါ ထိုဆင်းတုတော်အား ဘုရားစင်ပေါ်တင်ကာ ကိုးကွယ် ပူဇော်ထားလေ၏။
ထိုနေ့မှစကာ မအေးစိန်နေသည့် ဇရပ်၌ သရဲခြောက်လေတော့၏။ ပလေကပ်ပုဆိုး ဝတ်ကာ ဟိုမှသည်သို့ လျှောက်ပြနေသည့် သရဲအား မယ်သီလ မအေးစိန် မြင်နေရလေ၏။ မအေးစိန်သည် လွန်စွာ ကြောက်ရွံ့ကာ ထိုဇရပ်၌ မနေဝံ့အောင် ဖြစ်လာ၏။ ထို့ကြောင့် အဖေကြီးဦးမြခင်အား ထပ်မံ ပင့်ဖိတ်ရပြန်၏။
အဖေကြီးဦးမြခင်မှ စမ်းသပ်ကြည့်ရာ ဘုန်းကြီးလေး ယူဆောင်လာသော ဆင်းတုတော်၌ အစိမ်းတိုက် ရှိနေကြောင်း ပေါ်လာ၏။ ထိုဆင်းတုတော်အား စစ်ဆေးကြည့်ရာ အတွင်း၌ အင်းချထားသော လူသေအရိုးအား တွေ့ရလေသည်။ ဇရပ်အတွင်း မအေးစိန် မနေရဲစေရန် အစိမ်းသေ၏ လက်ဖျံရိုးအား အင်းချပြီး ဆင်းတုတော်အတွင်းထည့်ကာ အစိမ်းတိုက် တိုက်ထားခြင်း ဖြစ်သည်။ အဖေကြီးဦးမြခင်သည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေပညာ၏ အစွမ်းဖြင့် အစိမ်းတိုက်အား ကုသရှင်းလင်းပြီးနောက် ထိုဆင်းတုတော်အား ဇရပ်နှင့်ဝေးရာ၌ ထားပြစ်ရ၏။
ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် တစ်လခန့် အကြာတွင် မအေးစိန်၏ ဇရပ်သို့ ဧည့်သည် အမျိုးသား တစ်ဦး လာရောက်တည်းခို၏။ ထိုသူသည် မယ်သီလ မအေးစိန်နှင့် အတူနေသော မယ်သီလရှင်၏ သူငယ်ချင်းဖြစ်သူ တစ်ယောက်၏ မောင်တော်စပ်သည် ဆို၏။ အညာဘက်တွင် နေ၏။ အညာဘက်မှ ဆေးရွက်ကြီးများ သယ်ဆောင်လာကာ အောက်ပြည် အောက်ရွာတွင် ပြန်လည်ရောင်းချခြင်း ဖြစ်၏။
ရက်အနည်းငယ် အကြာတွင် ထိုဧည့်သည် ပြန်သွား၏။ သို့ရာတွင် ထိုဧည့်သည်၏ လွယ်အိတ်ငယ်သည် ဇရပ်၌ ကျန်ရစ်ခဲ့၏။ မယ်သီလမအေးစိန်သည် ငိုငိုရယ်ရယ်ဖြင့် မကျန်းမမာ ဖြစ်လာပြန်သည်။ အဖေကြီးဦးမြခင်အား ပင့်ရပြန်၏။ စမ်းသပ်ကြည့်သောအခါ အင်းတိုက် တိုက်ထားကြောင်း ပေါ်လာပြန်သည်။
အသေးစိတ် စစ်ဆေးကြည့်ရာ အညာသားဧည့်သည် ကျန်ခဲ့သော လွယ်အိတ်ထဲ၌ ဆေးရွက်ကြီးများကြား ရောညှပ်ထားသည့် အင်းတိုက်အား တွေ့ရလေ၏။ ထိုအင်း၌ ဘီလူးပုံ လေးပုံရေးဆွဲထားပြီး " ရူးစေ၊ သေစေ၊ ပျက်စေ၊ ထွက်စေ " ဟု ရေးထား၏။ အောက်လမ်းဆရာ နှင့် ရွာသူတို့ ပူးပေါင်းကာ အင်းဖြင့် လှည့်၍ တိုက်လိုက်သော အင်းတိုက်ဖြစ်လေသည်။ ထိုအင်းတိုက်အား အဖေကြီးဦးမြခင်မှ ရှင်းလင်းကုသ ပေးရပြန်သည်။
အင်းတိုက်အား ကုသပေးပြီးနောက် မယ်သီလ မအေးစိန်သည် အနှောက်အယှက် ကင်းသွားလေ၏။ သို့သော် သုံးလခန့်အကြာတွင် ဖောက်လာပြန်၏။ ထိုသတင်းကိုကြားရသော အဖေကြီးဦးမြခင်သည် မအေးစိန်၏ အခြေအနေအား လာရောက် အကဲခတ်ခဲ့၏။ ထိုအခါ မယ်သီလမအေးစိန်သည် မျက်စိကလယ်ကလယ်နှင့် တောင်ကြည့်လိုက် မြောက်ကြည့်လိုက် ကနာမငြိမ်ဖြစ်နေကြောင်း တွေ့ရပြန်လေသည်။
အဖေကြီးမှ "ဟဲ့... မူလပြန်စမ်း" ဟု အမိန့်ပေးလိုက်ရာ မယ်သီလမအေးစိန်၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ခါလျှက် အစွဲဝင်ရောက်လာလေ၏။ ထိုအစွဲမှ
"ကျုပ်က ဘုန်းကြီးပါ ဒကာကြီး.. ဒီတောရကျောင်းရဲ့ မူလပထမ ကျောင်းထိုင်ဆရာတော် ဖြစ်ခဲ့သူပါ "
ဟု ပြောလေရာ အဖေကြီးဦးမြခင်သည် အံ့သြသွားရ လေသည်။
"ဟောဒီ ကျောင်းတိုက်ကြီးက ကြီးလဲကြီး မြေနေရာလဲ ကျယ်လွန်းတော့ လောဘစိတ်နဲ့ အပိုင်စီးချင်တဲ့ ကိုယ်တော်တစ်ပါးက အောက်လမ်းဆရာနဲ့ ပေါင်းတိုက်လို့ ကျုပ် ပျံလွန်တော်မူခဲ့ရတာ ..... ၊ ကျုပ် ဝိဉာဉ်ကိုလဲ အောက်လမ်းဆရာက ချုပ်ထားတော့ မကျွတ်နိုင်ဘူးလေ၊ သရဲကြီးဘဝနဲ့ နေရတာ ကြာခဲ့ပါပကောလား ၊ အခုလဲ ကျုပ်ကို ချုပ်ထားတဲ့ အောက်လမ်းဆရာက ခိုင်းလို့ မယ်သီလမအေးစိန်ကို ပြုစားရတာပါ ဒကာကြီး "
ဟု သရဲကြီးတဖြစ်လဲ ကျောင်းထိုင်ဆရာတော်မှ ရှင်းပြလေသည်။ အဖေကြီးဦးမြခင်သည် ထိုသရဲစွဲအား ကုသပေးရပြန်၏။
အလယ်တောရကျောင်းသည် ကျောင်းဝန်း ကျယ်သလောက် ပယောဂကြွယ်လွန်းသည့် နေရာဆိုး တစ်ခုဖြစ်လေ၏။ ထိုကျောင်းဝန်းထဲရှိ မယ်သီလရှင် အကြီးအကဲအား အခြားမယ်သီလတစ်ပါးမှ သောက်ရေ လာကပ်၏။ မယ်သီရှင်ကြီးမှ မသောက်လိုသေး၍ ငြင်းလိုက်၏။ ထိုရေကို အနီးရှိ မယ်သီလတစ်ပါးမှ ယူသောက်လိုက်ရာ ခဏအကြာတွင် စိတ်လွတ်ကာ ရူးသွပ်သွားလေ၏။ ထိုအစွဲကိုလည်း အဖေကြီးဦးမြခင်မှ ကုသပေးရပြန်သည်။
ထို့အပြင် ထိုတောရကျောင်းဝန်းအတွင်း၌ ခွေး အလွန်ပေါ၏။ မကြာခဏ ကိုက်လေ့ရှိ၏။ အကိုက်ခံရသူသည် များမကြာမှီ သေဆုံးရလေသည်။ ဤသို့ဖြစ်ခြင်းအား ခွေးတိုက်ဟု ခေါ်၏။ ထိုအတိုက်များကိုလည်း အဖေကြီးဦးမြခင်မှပင် ရှင်းလင်းပေးခဲ့ရပြန်သည်။
စင်စစ် အလယ်တောရကျောင်းတည်ရှိရာ မြေသည် မသန့်သောမြေနေရာဖြစ်၏။ မြေပုပ်ဖြစ်၏။ မြေယုတ် မြေဆိုး ဖြစ်၏။ ဤသို့သော မြေမျိုးသည် အောက်လမ်း မိစ္ဆာ၊ စုန်း၊ကဝေ တစ္ဆေသရဲတို့ အလွယ်တကူ အတိုက် ပြုလုပ်နိုင်ကြောင်း၊ အတိုက် တစ်ခုပြီးတစ်ခု ပြုလုပ်လေ့ရှိကြောင်းကို အဖေကြီးဦမြခင်မှ ရှင်းပြခဲ့လေသည်။
NetSay (13/01/2017)
( အထက်ပါဇာတ်လမ်းအား အဖေကြီးဦးမြခင် မိန့်ကြားခဲ့သည် ကုထုံးသြဝါဒအား ကိုးကားကာ ပြန်လည်ရေးသား တင်ပြခြင်း ဖြစ်ပါသည် )
ဂိုဏ်းတော်ချုပ်၏သစ္စာရှင် (သို့မဟုတ်) ဆရာကြီးဦးဝမ်
ဆရာကြီးဦးဝမ်ဟုဆိုလျှင်ရွှေရင်ကျော်
လောကတွင်သိသူနည်းပါးလိမ့်မည်ဟု
ယူဆမိသည်။အချို့သောဆရာကြီးများမှ
အပသိသူမရှိသလောက်ပင်ဖြစ်သည်။
ဂိုဏ်းတော်ချုပ်၏လက်ရင်းတပည့်ကြီးလည်း
ဖြစ် အဖေကြီးဦးမြခင်နှင့်လည်းပညာညီအကို
ဖြစ်လေသည်။
အဖေကြီးဦးမြခင်ကသူပညာညီအကိုဆရာကြီး
ဦးဝမ်အကြောင်းမကြာခဏဆိုသလိုတပည့်များ
အားပြောပြခဲ့ကြောင်းအသံသွင်းတိတ်ခွေများက
သက်သေပြုနေပေသည်။
ဘိုးတော်ဟန်မထွက်ခင်သူအိမ်၌တည်းခိုပုံ
ဘိုးတော်ဟန်ဓနုဖြူပြန်သွားပြီး ထွက်ရပ်
လမ်းကြွပြီးနောက် ပညာညီအကိုနှစ်ယောက်
ဘိုးတော်ဟန်ဈာပနဦးစီးဆောင်ရွက်ပုံ
များကိုတပည့်များအားပြောပြခဲ့သလို
ဆရာကြီးဦးဝမ်၏ဆေးတော်ရှင်းတမ်း၌
လည်းမှတ်တမ်းတင်ထားခဲ့သည်။
ဆရာကြီးဦးဝမ်သည်တိကျသောသဘောရှိ
ပုံရသလို ဂိုဏ်းတော်ချုပ်၏မူကိုလည်း
အတိမ်းအစောင်းမရှိ လိုက်နာဆောင်ရွက်
ပုံမှာချီးကျူးစရာကောင်းတော့သည်။
ဂိုဏ်းတော်ချုပ်ကကိုယ်ထိလက်ရောက်ချပေး
သောဆေးတော်မှလွဲ၍အခြားဆေးများသူသုံး
စွဲခြင်းမပြု  စမနှင့်ပတ်သက်လျှင်လည်း
ဂိုဏ်းတော်ချုပ်စမများသာသုံးစွဲကြောင်
သစ္စာပြုပြောနိုင်ပုံကဂိုဏ်းတော်ချုပ်
ဘိုးတော်ဟန်အပေါ် မည်မျှသစ္စာရှိကြောင်း
ပေါ်လွင်နေသည်။
ဆေးတော်နှင့်ပတ်သက်လျှင်လည်း
ဂိုဏ်းတော်ချုပ်ထွက်ပြီးဆေးတော်မည်မျှ
ထားခဲံ့ပုံ နှင့်ဆေးတော်တွေများပြားနေမှု
အပေါ်မှာလည်း စိတ်မသက်မသာ
ဂိုဏ်းတော်ချုပ်၏လက်ရင်းတပည့်ပီပီတိတိကျကျထောက်
ပြဝေဖန်ခဲ့သည်။
ထိုဝေဖန်ချက်ကြောင့်ပင်သူကိုအချို့ကသူကို
ကြိုက်နှစ်သက်သူရှိသလို မကြိုက်သူများ
လည်းရှိသည်။သို့လင့်ကစားသူ၏ဆေးတော်ရှင်း
တမ်းနှင့်စမများကတော့သူသည်ဂိုဏ်းတော်
ချုပ်အပေါ်မည်မျှသစ္စာကြီးမားသည်ကိုဖော်ပြ
နေသည်ကိုတော့မည်သူမျှမငြင်းန်ုင်ကြ။
ဆေးတော်အပေါ် ဂိုဏ်းတော်အပေါ်
တိတိကျကျဝေဖန်မှုပြုခဲ့သည်။
ဂိုဏ်းတော်ချုပ်ဇနီးအပေါ်တွင်လည်း
လစ်လျူရှုမထားဘဲ သွားရောက်ကန်
တော့ကြရန်နှင်သူ၏အမြင်အရဂိုဏ်း
တော်ချုပ်မရှိသည့်နောက်ဂိုဏ်းတော်ချုပ်
ဇင်္နီးသည်ဂိုဏ်းချုပ်အရာ၌တည်နေကြောင်း
သူ၏ဆေးတော်ရှင်းတမ်းတွင်ဖော်ပြထားသည်။
အဖေကြီးဦးမြခင်ကလည်းသူပညာ
ညီအကိုဆရာကြီးဦးဝမ်ကုထုံးအကြောင်း
နှင်ထိုးထွင်းဥာဏ်ကောင်းပုံကိုလည်း
တပည့်များအားပြန်လည်ပြောပြသည်ကို
အသံတိတ်ခွေများတွင်သက်သေပြုသည်။
မည်သည့်ပုဂ္ဂိုလ်ဖြစ်နေပါစေဂိုဏ်းတော်ချုပ်၏
မူများနှစ့်တိမ်းစောင်းဖောက်ပြန်ပါကမထောက်မညှာ
ဆုံးမတတ်သောဆရာကြီးဦးဝမ်သည်ကား
ယခုအခါမရှိရှာတော့ပေ။သူကွယ်လွန်သည်မှာ
လည်းတော်တော်ကြာခဲ့ပြီ။
သူအနွယ်များလည်းသိပ်မရှိရှာတော့ပေ။
ဒါပေမယ့်စစ်စစ်ပေါက်ပေါက်ရှမ်းပြည်
ဘက်တွင်ဆရာကြီးဦးဝမ်အနွယ်တယောက်
တော့ကျန်သေးသည်ဟုကြားသိရသည်။
ဂိုဏ်းတော်ချုပ်ချပေးသောဆေးတော်
နှင်စမများနှင့်သာပညာပေးနေသည်ဟူ
ကြားသိရသလို မန်းမှဆရာတဦးသည်
လည်းထိုဆရာကြီးထံနည်းခံ၍ဂိုဏ်းတော်ချုပ်
၏သစ္စာရှင်ဆရာကြီးဦးဝမ်မူကိုထိန်းသိမ်းနေ
သည်ဟုသိရတော့ဝမ်းသာမိပါ၏။
ထိုကဲ့သို့ဂိုဏ်းတော်ချုပ်အပေါ်သစ္စာတရား
ကြီးမားခဲ့သောဆရာကြီးဦးဝမ်အားတလေးတစား
ဂုဏ်ပြုလိုက်ချင်သည်က
ဆရာကြီးဦးဝမ်
(သို့မဟုပ်)
ဂိုဏ်းတော်ချုပ်၏သစ္စာရှင် ဟုသာ
(ဆရာကြီးဦးဝမ်အကြောင်းမိမိသိသမျှတစိတ်တပိုင်းလေးပါ။
ဆက်လက်သိလိုပါကဆရာကြီးဦးဝမ်၏ဆေးတော်ရှင်းတမ်းမှာဖတ်ရှုပါဟူလမ်းညွှန်လိုက်ပါသည်။)
အဖဆရာတော်ကြီးများခြေတော်အစုံဦးခိုက်လျှက်
မေတ္တာဖြင့်   ဇော်ဇော
စည်းစောင့်နတ်စစ်သူကြီးများအကြောင်း
“ မြန်မာအစတကောင်းက....
ပြောကြစဉ်အလာ...
သာကီနွယ်မင်းဝင်ရောက်ဆင်း...
မင်းအဘိရာဇာ ”
-ဟုဆိုရိုးရှိသည်နှင့်အညီနဠသာကီဝင် တိဏသာကီဝင် ကဌသာကီဝင် ဟုသုံးမျိုးအနက်တိဏသာကီဝင်ဖြစ်သောတကောင်းမင်းများသည်မစ္ဇျိမဒေသမှထွက်ခွါလာ၍တကောင်းအရပ်၌တိုင်းပြည်တည်ထောင်သည်။
ကောသလ္လမင်းကြီး၏သား ဝိဋဋူပ သည်ဤအဆက်အနွယ်ဖြစ်သည်။တကောင်းဘုရင်သတိုး(၁၇)ဆက်၌(၉)ဆက်မြောက်ဖြစ်သောသတိုးနဂါးနိုင်မှစ၍သံချပ်တန်းဆာများပေါ်ခဲ့သည်။
ထိုအချိန်ကသတ္တဝါတို့၏ကံတရားကြောင့်ညအခါနဂါးပေါ်လေ့ရှိသည်။ထိုနဂါး၏အန္တရာယ်ကာကွယ်ရန်ကြေးကိုပြသာဒ်လုပ်၍လေးမျက်နှာ၌သံကွန်ယက်အုပ်ထားကြသည်။
တခါးရွက်၌တံခါးကျင်ကိုတတ်ဆင်ထားကြသည်။ညဥ့်သန်းကောင်ယံအနုရာဓ ဇေထ မူလ နက္ခတ်တို့တလုံးလုံးတည့်မတ်သည့်ကာလနဂါးရောက်လာလေ့ရှိသည်။ထိုအခါသံကွန်ယက်ကိုဒုတ်ဒါးတို့ဖြင့်ချွင်ချွင်မည်အောင်ခတ်စေ၏။
နဂါးတို့ကအဆိပ်ဖြင့်မှုတ် ၍မင်းကလည်းယပ်ဖြင့်ကာသည်။တံခါးဖွင့်ကာသံလျက်ဖြင့်နှိမ်နင်းအောင်မြင်သည်။ထို့ကြောင့်နဂနိုင်မင်းဟုခေါ်တွင်သည်။
နဂါးအရေကိုအသပြာတရာပေး၍ဆုတ်။်စေ၏။တထောင်ပေး၍ချုပ်စေ၏။အရိုးကိုဆံထိုးလုပ်စေ၏။(ရာပေးလို့ဆုတ် ထောင်ပေး၍ချုပ် ချစ်သူအရိုးဆံထိုးလုပ်ဟုဆိုရိုးပြုခဲ့သည်။
သူရဲကောင်းအပြား ၁၃ ပါးမြှောက်စားစစ်ဘုရင် ဟု သီလက္ခံသာမညဖလသုတ်တွင်ပါသည့်အင်္ဂါရပ်နှင့်ပြည့်စုံသောသူရဲကောင်းစစ်သူကြီးများနဂါးရေအင်္ကျီကိုဝတ်ဆင်ခွင့်ရသည်။နောင်တွင်နဂါးရေအစားနဂါးအကြေးကဲ့သို့သံကိုပြုလုပ်စေပြီးဝတ်ဆင်စေသည်။
(1)မောဂ္ဂလူခေါ်ဦးထုပ်တွင်တတ်ဆင်သောအကြေးခွံ ၂၄ခု။ပါလိကွေးခေါ်လယ်တုံတွင်တတ်ဆင်သောအကြေးခွံ ၄၅ ခု။သံချပ်ဝတ်ခေါ်အင်္ကျီကိုယ်ထည်တွင်တတ်ဆင်ရသောအကြေးခွံ ၆၇ ခု။
ဓူတင်တေရဿ ၁၃။
ပွင့်တော်မူကြကုန်သောဘုရားရှင်တို့လက်ထက်တွင်တစ်ပါးစီ၏လက်ထက်၌ဓူတင်(၁၃)ပါးကိုကျင့်ဆောင်နိုင်သည့်ရဟန္တတစ်ပါးသာပေါ်မြဲဖြစ်သည်။ဂေါတမမြတ်စွာဘုရားလက်ထက်တွင်ရှင်မဟာကဿပ ရဟန္တာကြီးမှာဓူတင်(၁၃)ပါးကိုကျင့်နိုင်သော ရဟန္တာကြီးဖြစ်ပါသည်။ ။
ဓူတင် ၁၃ ပါးမှာ -
ပံ့သကူဓူတင်/တေစိဝရိတ်ဓူတင်/ပိဏ္ဏပတ်ဓူတင်/ပသဒါနဓူတင်/ဧကာသနိဓုတင်/ပတ္တပိုဏ်ဓူတင်/ခလုပစ္ဆာဓူတင်/အရညကင်ဓူတင်/အဗ္ဘောကာသိကဓူတင်/သုဿန်ဓူတင်/ယထာသန္တတိဓူတင်/ရုက္ခမူဓုတင်/နိသိဓူတင်----တို့ဖြစ်သည်။
၎င်းဓူတင်(၁၃)ပါးကိုနတ်စစ်သူကြီး(၁၃)ဦးကတစ်ပါးစီစောင့် ကြပ်နေကြရပါသည်။
Copy📝 ဆြာကြီး ဦးကျော်ခင်သန်း ( စလင်း )
“ ဘုရားဟူကား မောက္ကလူ ၂၄ ၏ အဓိပ္ပါယ် ”
ဘုရားဂုဏ်းတော် = ၉ ပါး
တရားဂုဏ်တော် = ၆ ပါး
သံဃာဂုဏ်းတော် = ၉ ပါး
ပေါင်း =၂၄ ဖြစ်သည် ။
မောက္ကလူ ဟူသည်ကား စစ်သူကြီးများဦးထုပ် တွင် တပ်ဆင်သော ကြေးခွံဖြစ်၍ ဘုရား တရား သံဃာ တို့၏ဂုဏ်းများအား ဦးထိပ်ပန်ဆင်သည့် ရည်ရွယ်ချက်ဖြင့် ကြေးခွံတို့အား ( ၂၄ ) ခု ထည့်သွင်း အသုံးပြုခဲ့ကြခြင်း ဖြစ်သည် ။
“ တရားဟူကား ဘာလီကွေး ၄၅ ၏ အဓိပ္ပါယ် ”
စစ်သူကြီးများ ချပ်ဝတ်တန်ဆာ၏ လယ်တုံတွင်တတ်ဆင်သော အကြေးခွံ ၄၅ ခု သည် ဂေါတမဘုရားရှင် ၏ ဓမ္မတရားတော် များ ဟောကြားတော်မူခဲ့သော ဝါတော် ၄၅ ဝါ အား ရည်ညွှန်း၍ တပ်ဆင်ခြင်းဖြစ်သည် ။ ဓမ္မတရားတော်တို့အား ရင်ဝယ် လည်ဆွဲရတနာကဲ့သို့ ဆင်မြန်းသည် ဟူသော ရည်ရွယ်ချက်ဖြင့် လည်တုံကို ၄၅ ကွေး ပြုလုပ်စီရင်ကြခြင်းဖြစ်သည် ။
ဤ သည်ကို ပမာပုံ နှိုင်းထားခြင်းဖြစ်၍ ဘာလီကွေး ခေါ် ပါလိကွေး (၄၅) မှာ ဂေါတမဘုရားရှင် ၏ ဝါတော် (၄၅) ဝါ လုံး ဟောကြား တော်မူခဲ့သော ဓမ္မတရားတော်များ အား ရည်ရွယ်သည့်အဓိပ္ပါယ် ပင်ဖြစ်သည် ။
“ သံဃာဟူကား သံချပ်ဝတ် ( ၆၇ ) ၏ အဓိပ္ပါယ် ”
ပထမဈာန် - ၁၁ ပါး
ဒုတိယဈာန် - ၁၁
တတိယဈာန် - ၁၁
စတုတ္တဈာန် - ၁၁
ပဉ္စမဈာန် - ၂၃
ပေါင်း - ၆၇
စစ်သူကြီးများချပ် ဝတ်တန်ဆာတွင် အင်္ကျီကိုယ်ထည်၌ ယင်း ဈာန်အင်္ဂါများပေါင်းပီးရသော ၆၇ ဂဏန်းအား ရည်မှန်း၍ ကြေးခွံ ၆၇ ထည့်သွင်း ပြုလုပ်စီရင် ကြခြင်းဖြစ်သည် ။
အကြောင်းမှာ ...
ဈာန် ၅ ပါးသည် သံဃာတော်အရှင်မြတ်များ အတွက် ကိလေသာ ရန်သူ တို့အား ကာကွယ်တားဆီး ပေး နိုင်သော လက်နက်တော်ဖြစ်သကဲ့သို့ ရန်သူတို့ဘေးအန္တရာယ်မှ ကာကွယ်တားဆီးနိုင်စေရန် ရည်မှန်းပီး ချပ်ဝတ်တန်ဆာတွင် ကြေးခွံ ၆၇ ခု ပြုလုပ်စီရင် သုံးစွဲခဲ့ကြခြင်းဖြစ်သည် ။
၎င်း အား ရည်မှန်း သည့်အဓိပ္ပါယ် ဖြစ်ပါသည် ။
“ ဓူတင်တေရဿ ( ၁၃ ) ၏ အဓိပ္ပါယ် ”
ကိလေသာခေါင်းပါးစေသည့် အကျင့်တရားမြတ် ဖြစ်သည် ။
အထက်က အဓိပ္ပါယ် နှင့် အတူတူပင်ဖြစ်သည် ။
ဤတွင် နိဂုံး အဆုံးသတ်ပါသည်
ဝိဇ္ဇာမဟိဒ္ဓိအတတ်ပညာတန်ခိုးတို့ နေလိုလလို ထွန်းလင်းကြပါစေ....
ဂိုဏ်းတော်ချုပ်အဖဆရာဟန် ခြေအစုံကို ဦးခိုက်လျက် ..
📝​ရွှေရင်ကျော်လုလင်📝
ဘယ်​လိုလူ​တွေ ဝိဇ္ဇာ ဖြစ်​မှာလဲ
@@ " ဘယ်လိုလူတွေ ဝိဇ္ဇာ ဖြစ်မှာလဲ " @@
အကယ်၍ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်သည် ဤ post ကို  အထက်တွင် ရေးသားထားသည့် " ဘယ်လိုလူတွေ ဝိဇ္ဇာ ဖြစ်မှာလဲ " ဟူသော ခေါင်းစဉ်ကြောင့် ဖတ်ခြင်းဖြစ်သည် ဆိုပါလျှင်......
ထိုပုဂ္ဂိုလ်သည် ........
ကိုယ်တိုင်သော်လည်း ဝိဇ္ဇာဓိုရ် ဖြစ်ချင်သူ  ဖြစ်ကောင်း ဖြစ်လေမည် ..... ။
မည်သို့သော ပုဂ္ဂိုလ်များ ဝိဇ္ဇာ ဖြစ်တတ်သနည်း ဟု သိချင်သူလည်း ဖြစ်ကောင်း ဖြစ်လေမည်.... ။
သို့တည်းမဟုတ်....
ဝိဇ္ဇာဓိုရ် နှင့် မဟာဂန္ဓာရီ ပညာရပ်ကို စိတ်ဝင်စားသူလည်း ဖြစ်ကောင်း ဖြစ်လေမည်.... ။
ကျွန်ုပ်သည် ယခင်က တင်ပြခဲ့သော အချို့ post များ၌ ဝိဇ္ဇာပညာနှင့် သက်ဆိုင်သော အကြောင်း အရာများကို လက်လှမ်းမှီသရွေ့ မှီငြမ်း ကိုးကား ကာ တင်ပြခဲ့၏။ ဝိဇ္ဇာဓိုရ်များ နှင့် ပါတ်သက်၍ ရေးသားခဲ့ကြသော မဟာဂန္ဓာရီ ပညာကျမ်းများမှ အကြောင်းအရာများကို ထုတ်နှတ်၍ " ကူးယူ " တင်ပြခြင်းဖြစ်၏။
ဤသို့ " ကူးယူ " ကိုးကား တင်ပြရခြင်းသည် ဤ group အတွင်းရှိ ပညာညီအကို မောင်နှမများ ဗဟုသုတ ရစေရန်သာဖြစ်၏။ ထိုသို့ ကူးယူ ကိုးကား တင်ပြခြင်းအတွက် ကျွန်ုပ် မရှက်ပါ ။
ဝေနေယျ သတ္တဝါတို့အား တရားရေအေး တိုက်ကြွေးဟောကြားလျက် ရှိကြသည့် သံဃာတော် ဆရာတော်ကြီးများပင်လျှင် ဗုဒ္ဓမြတ်စွာဘုရား၏
တရားတော်များကို မှီငြမ်း ကိုးကားကာ ဟောပြော နေခြင်းမဟုတ်လော .... ။
ယခုခေတ်တွင် မြင်တွေ့နေရသော တရားဓမ္မ ဆိုင်ရာ စာအုပ်အပေါင်းတို့သည် ဟို ရှေးယခင်က ဆရာတော်များ ပြုစုခဲ့သည့် ဗုဒ္ဓဘုရား၏ တရားတော်များမှ ထုတ်နှတ် " ကူးယူ " တင်ပြခြင်းပင် မဟုတ်လော ..... ။
ကမ္ဘာအရပ်ရပ်ရှိ အတတ်ပညာ သင်ကြားရာ တက္ကသိုလ် နှင့် ဆရာများသည်လည်း ဟိုယခင် ရှေးအခါက ပညာရှင်တို့ ရေးသားခဲ့သည့် အတတ်ပညာကျမ်းများကို ကိုးကား ထုတ်နှတ် ကူးယူ သင်ကြားနေခြင်းပင် မဟုတ်လော .... ။
ကျွန်ုပ်သည် post များကို ရေးသား တင်ပြရာ၌ ရွှေရင်ကျော် ဂိုဏ်းတော်၏ အကျိုးကို မျှော်ကိုး၍ ရေးသားတင်ပြ၏။ ပညာညီအကို မောင်နှမများ ဗဟုသုတများစေရန် ရည်ရွယ်လျက် ရေးသား တင်ပြ၏။ ကျွန်ုပ်အား အထင်ကြီးစေရန် ၊ ကျွန်ုပ် နာမည်ကြီးစေရန် ပြုလုပ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့်ပင် post များ ရေးသား တင်ပြရာ၌ ကျွန်ုပ်၏ နာမည်အရင်းကို မသုံခြင်း ဖြစ်၏။ ကျွန်ုပ်၏ ဓာတ်ပုံကို မတင်ခြင်းဖြစ်၏။
ဂိုဏ်းတော်ကို စောင့်ရှောက်သော သူသည် ဂိုဏ်းတော်၏ စောင့်ရှောက်ခြင်းကို ပြန်လည် ရရှိပေမည် ။ ဂိုဏ်းတော် အကျိုးကို မှန်ကန်စွာ သယ်ပိုးသူ မည်သူကိုမဆို လှောင်ပြောင် ပုတ်ခတ် ဝေဖန်သူများသည် " သူ့သဘော သူဆောင် သွားပါလိမ့်မည် " ဟု ကျွန်ုပ် ယုံကြည်၏။
လူသာမာန်တို့ စိတ်မျှ မကူးဝံ့သည့် သိဒ္ဓိ မဟိဒ္ဓိ များပြည့်စုံလျက် တန်ခိုး ဣဒ္ဓိ ကြီးမားလှသော ဝိဇ္ဇာဓိုရ်အဖြစ်သည် သီလ၊ သမာဓိ၊ ပညာ ၊ ပါရမီ ၊ ပြည့်စုံ၍ မရမနေ ကြိုးစားအားထုတ်နိုင်သော သူတော်စင်တို့သာ ရရှိနိုင်၏။
" ဆရာ ပညာ ညီအကို အချင်းချင်း ညီညွတ်ကြ "
"  ဂိုဏ်းတော်ကို မဝေဖန်နှင့် "
" ကိုယ့်ဆရာသမားကို မဝေဖန်နှင့် "
" သူများဂိုဏ်းကို မဝေဖန်နှင့် ၊ မပုတ်ခတ်နှင့် "
" ပညာညီအကို အချင်းချင်း မကျော်လွှားနှင့် ၊ မနှိမ့်ချနှင့် "
" ဂိုဏ်းတော်နှင့် ပညာညီအကိုအားလုံးအပေါ် သစ္စာရှိပါ "
" ခန္တီတရားကို လက်မလွှတ်ပါနှင့် " .........
ဟူ၍ အဘဆရာတော်များ မိန့်မှာထားခဲ့သော ဤအခြေခံ စည်းကမ်းချက်များကိုပင် မလိုက်နာ နိုင်သူသည် ထွက်ရပ်ပေါက်လမ်းနှင့် နီးမနီး ( ကိုယ့်ကိုကိုယ် ) သုံးသပ်သင့်ပေ၏။
ထွက်ရပ်ပေါက်နိုင်သော ဝိဇ္ဇာဓိုရ်တို့ ရှိအပ်သည့် အင်္ဂါရပ်များနှင့် ပါတ်သက်၍ ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိ စေဂိုဏ်း - ကျေးဇူးရှင် အဖေကြီး ဦးမြခင် မိန့်ကြားခဲ့ဘူး၏။
ဝိဇ္ဇာ သို့မဟုတ် ဝိဇ္ဇာဖြစ်မည့်သူတို့နှင့် ပါတ်သက်၍ အောက်ပါအတိုင်း အဖေကြီး ဦးမြခင်က ရှင်းပြခဲ့ပါ၏။
" ဝိဇ္ဇာ ဖြစ်မယ့်သူဟာ... မွေးကတည်းကိုက ပါလာတယ် ၊ စိတ်ကောင်း နှလုံးကောင်း ရှိလို့ ၊
စိတ်ကောင်း နှလုံးကောင်း ရှိမှ ဝိဇ္ဇာ ဖြစ်တယ် "
" ဝိဇ္ဇာဖြစ်တယ် ဆိုတာဟာ .... သတ္တဝါတွေကို ကယ်ဆည်ချင်တဲ့စိတ်က ပဋိသန္ဓေတည်ကတည်းက ပါလာတဲ့သူမှ ဝိဇ္ဇာဖြစ်တာ "
" ဒီကောင် ငါ့ထက် ဘုန်းကြီးနေတာပဲ၊ ဒီကောင် ငါ ကပ်ပြီး ဓားနဲ့ထိုးလိုက်ရင် .... ၊ ဒီကောင် ငါ့ထက် ဘုန်းကြီးနေတာပဲ ၊ ဟိုဘက်ကပါတ်ပြီး ကွင်းထောင်လိုက်ရရင်၊ ဒီကောင် ငါ့ထက် ဘုန်းကြီးနေတာပဲ၊ ဟိုဘက်ကို ငှက်ခါးတစ်ကောင် လွှတ်လိုက်ရရင် ၊ ဆိုတဲ့ အကျင့်မျိုးရှိတဲ့ ဆရာမှန်ရင် ... ငါက စ၍ ဘယ်တော့မှ ဝိဇ္ဇာ မဖြစ်ဘူး ၊ ဝိဇ္ဇာ ချီးတောင် မဖြစ်ဘူး "
" နားလည်လား ၊ ဝိဇ္ဇာဖြစ်ချင်ရင် လွယ်လွယ်ကလေးကွ ၊ ဘာလို့ မဖြစ်ရမှာလဲ၊ ဝိဇ္ဇာဖြစ်တာ အဆန်းမှတ်လို့ ၊ ကြီးကြီးကျယ်ကျယ် လုပ်လို့ "
" အခုတော့ အကျင့်တော့ မကျင့်ဘူး ၊ ငါ့ရှေ့က ဖြတ်ထွက်ချင်တဲ့ကောင်တွေ ပေါ်လာတယ် ၊ သို့သော် ဘယ်ထွက်မှန်း မသိဘူး ၊ အခုနေအတိုင်းသာ သွားမယ်ဆိုရင် ဘယ်ကထွက်မလဲ၊ ခြင်ထောင်ထဲကပဲ ထွက်ရမယ် "
" ဝိဇ္ဇာဖြစ်ချင်ရင် ဝိဇ္ဇာဖြစ်နိုင်တဲ့ အကျင့်ကို ကျင့်ပါ ၊ ဘာကျင့်ရမလဲ ၊ ဝိဇ္ဇာဖြစ်နိုင်ချင်ရင် "
" အဖေကြီး ဘိုးတော်ဟန် ပြောသွားဖူးတယ်၊ ပညာညီအကို အချင်းချင်း မနှိမ်နဲ့ ၊ တစ်ယောက် ဘုန်းကြီးတာ တစ်ယောက် မနာလို မရှိနဲ့ ၊ ကိုယ့်ဆရာတွေနဲ့ ကိုယ်နဲ့ သင့်သင့်မြတ်မြတ် မပြစ်မှား မစော်ကားကြဘဲနဲ့ အေးအေးဆေးဆေး "
" ဒီဂိုဏ်းက ဟိုးး မြို့က လူတစ်ယောက် ဘုန်းကြီးလဲ ရွှေရင်ကျော်ဘဲ၊ ဒီက လူတစ်ယောက် ဘုန်းကြီးလဲ ရွှေရင်ကျော်ဘဲ ဆိုတဲ့ စိတ်မျိုးနဲ့ အမြဲတန်း ဝမ်းသာလေ့ရှိတဲ့ သူဟာ ... ဒီ တစ်ဘဝထဲနဲ့ ဝိဇ္ဇာဖြစ်မယ်ဆိုတာ မှတ်ထား ၊ ဒါ အဖေ ဦးဘိုးဟန် ဆုံးမသွားတဲ့ စကား "
" ဝိဇ္ဇာ မ စေချင်သလား ၊ ဝိဇ္ဇာ အ မ ခံချင်သလား ၊ ဝိဇ္ဇာ မ တယ်ဆိုတာဟာ ဘယ်လို ပစ္စည်းမျိုး ရတာလဲ ၊ ကိုယ့်ကိုကိုယ် ဘာဖြစ်မှန်း မသိတဲ့ ကောင်တွေ "
" တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ဝိဇ္ဇာ မ လို့ မ မှန်းမသိဘဲနဲ့ တောင်လုပ် မြောက်လုပ် လုပ်နေတဲ့ အကောင်တွေကို ပြောနေတာ ၊ မင်းတို့ ပါးရင် သိလောက်ပြီ ၊ မင်းတို့လက်ထဲမှာ ရှိနေတဲ့ဆေး ၊ မင်းတို့ အသားထဲမှာ ထိုးထားတဲ့ဆေးက အဲဒါ ဘာလို့စွမ်းတာလဲ ၊ အဲဒါ ဝိဇ္ဇာ မ တာ မဟုတ်လို့ ဘာလဲကွ ၊"
" ပျောက်စေသတည်း ၊ အဆိပ်မှန်သမျှ ထွက်စေသတည်း ၊ ဟို(ပယောဂ)က ရိုက်မယ်ကြံရင် ချုပ်ထားလိုက် ၊ အဲဒါ စေ တစ်လုံးပိုင်တဲ့ စေပိုင်ပညာ ၊ အဲဒါ ဝိဇ္ဇာ မ တဲ့ပညာ "
" ပယောဂ တော့ရပြီ၊ ကာယသိဒ္ဓိအတွက် လက်ဖွဲ့ထိုးဦးမယ် ဆိုတာ... မလုပ်ပါနဲ့ ၊ အဲဒီလောက်တောင် ခေါင်းမရှိဘူးလား မင်းတို့၊ ဝိဇ္ဇာ မ တာကို မ မှန်းမသိရင် ဝိဇ္ဇာက ရီနေလိမ့်မယ် "
" ဝိဇ္ဇာ မ တဲ့ပညာကို ဘုန်းမရှိ ကံမရှိတဲ့သူ အနားတောင် ကပ်လို့မရဘူး ၊ ကိုယ့်ကိုယ်မှာ ရှိတဲ့ ဘုန်းကံကို နားလည်ကြစမ်းပါ ၊ အဲဒီကနေ ကွေ့ပတ် မကြောင်ပါနဲ့ "
@@ " အရေးအကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် မလိုတဲ့စိတ်မရှိရင် ဝိဇ္ဇာ ဖြစ်တာပဲ " @@
" မလိုတဲ့စိတ် ရှိနေရင် ၊ ဆယ်ဘဝတိုင်တောင် မဖြစ်ဘူး ၊ တစ်သက်လုံးမဖြစ်ဘူး ၊ ဘယ်တော့မှ မဖြစ်ဘူး ၊ မှတ်ထား ၊ အဲဒီလို ပြောတာ "
@@" ဝိဇ္ဇာ အတုနဲ့ အစစ် .... ၊ ဝိဇ္ဇာ အစစ်ဆိုတာ မဖောက်ပြန်ဘူး ၊ မတုန်လှုပ်ဘူး ၊ အဲဒီလို မဖောက်မပြန် မတုန်မလှုပ် ကောင်းမြတ်တဲ့ စိတ်ထားနဲ့ သတ္တဝါတွေ အပေါ်မှာ သနားတဲ့စိတ် ရှိရင် .... မင်းတို့ဟာ မင်းတို့ မဟာပထဝီ မြေကြီးအောက်မှာ လှိုဏ်ဂူတူးပြီး သွားနေသော်လည်း ဘိုးတော်ဟန် ရောက်လာမယ် ဆိုတာ မှတ်လိုက်ကြစမ်းပါ " @@
" အစစ်ဖြစ်ချင်လား ၊ အတုဖြစ်ချင်လား ၊ အစစ်ဖြစ်ချင်ရင် မင်းတို့ကို ပေးထားတဲ့ဆေးကို ဘယ်တော့မှ မလွှတ်နဲ့ ၊ အဲဒါ ထွက်ရပ်ပေါက်လမ်းကို သွားဖို့ ခရီးစားရိတ်ပဲ "
" ဝိဇ္ဇာထောင်တဲ့ဂိုဏ်း ၊ ဝိဇ္ဇာဖေါ်တဲ့ဆေး ၊ ဝိဇ္ဇာ စောင့်တဲ့ဂိုဏ်း ၊ အဲဒီဂိုဏ်းကို ရထားရဲ့သားနဲ့ တောင်ကြောင် မြောက်ကြောင် ကြောင်တာဟာ အကုသိုလ် ဝင်လာပြီ မှတ်ထား "
" ကောင်းတာလုပ်နေရင် မကောင်းတာက အနောက်မှာ လာရှုပ်နေမှာဘဲ "
အထက်ဖေါ်ပြပါ စကားရပ်များသည် ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေဂိုဏ်းမှ ကျေးဇူးရှင် အဖေကြီး ဦးမြခင်မှ တပည့် သားသမီးများကို ပြောဆို ဆုံးမခဲ့သော စကားများ ဖြစ်လေသည်။
အဖေကြီးဦးမြခင်၏ သြဝါဒများ အရ ဝိဇ္ဇာဓိုရ် အဖြစ် ထွက်ရပ်ပေါက်လိုသူသည် သတ္တဝါများအပေါ်၌ သနားဂရုဏာ မေတ္တာစိတ်ထားလျက် ကူညီကယ်မလိုသောစိတ် ရှိရမည် ဖြစ်၏။
ဂိုဏ်းတော်၏ သာဿနာကို ထမ်းဆောင်ရွက်သူ ပညာညီအကို မောင်နှမအချင်းချင်း မနာလို ဝန်တိုစိတ် ကင်းရှင်းရန် လိုအပ်၏။
မွန်မြတ်သန့်စင်သော စိတ်ကောင်း နှလုံးကောင်း ရှိရမည် ဖြစ်၏။
ပညာညီအကို အချင်းချင်း မနာလိုစိတ်ဖြင့် ပုတ်ခတ်တတ်သူများ ထွက်ရပ်မပေါက်နိုင်ကြောင်း သတိပေးထားသည်ကို တွေ့ရ၏။
အကျင့်တရားနှင့် ပါတ်သက်၍ ဝိဇ္ဇာဖြစ်လိုသူသည် ဝိဇ္ဇာဖြစ်စေသော အကျင့်တရားကို ကျင့်ကြံအားထုတ် ရန် လိုအပ်ကြောင်းကိုလည်း ပြောပြခဲ့၏။
"မင်းတို့ကို ပေးထားတဲ့ဆေးကို ဘယ်တော့မှ မလွှတ်နဲ့ ၊ အဲဒါ ထွက်ရပ်ပေါက်လမ်းကို သွားဖို့ ခရီးစားရိတ်ပဲ" ဟူသည့် အဖေကြီးဦးမြခင်၏ စကားသည် ဝိဇ္ဇာဓိုရ် ဖြစ်လိုသူ တပည့်သားသမီး များ အနေဖြင့်
ဂိုဏ်း၏သစ္စာကို စောင့်ထိမ်းရန် သတိပေးခြင်းဖြစ်၏။
ဂိုဏ်း၏ သစ္စာကို စောင့်ထိမ်းခြင်းသည် ထွက်ရပ်ပေါက် စခန်းသို့ သွားရန် ခရီးစားရိတ် ရထားခြင်းပင် ဖြစ်ကြောင်း အသိပေးလိုက်ခြင်းဖြစ်၏။
ဝိဇ္ဇာဓိုရ် အရှင်သူမြတ်တို့ ရှိအပ်သော စိတ်ကောင်း နှလုံးကောင်းဖြင့် သတ္တဝါများအပေါ် သနားဂရုဏာ မေတ္တာထားနိုင်သော ဂိုဏ်းပညာခံယူထားသူသည် မည်သည့် နေရာဒေသသို့ ရောက်ရှိနေစေကာမူ... ထိုသူရှိရာသို့ ဂိုဏ်းတော်ချုပ် အဘဘိုးတော်ဟန် အရောက်ကြွလှမ်းလာပေမည်။
ထွက်ရပ်ပေါက်လမ်းကို ထင်လင်းစွာ ပြပေမည်။
ဝိဇ္ဇာဓိုရ်တို့၏ အကျင့်မြတ်ကို တတ်အပ် သင်ကြားပေမည်။
ဂိုဏ်းတော်သစ္စာ စောင့်ထိမ်းခြင်းဖြင့် ထွက်ရပ်ပေါက်လမ်းအတွက် ခရီးစားရိတ်ရထားပြီး ဖြစ်သော ပညာညီအကို မောင်နှမများ အားလုံး - ကောင်းမြတ်သော စိတ်နှလုံးဖြင့် သူတော်ကောင်း တရားများ ကျင့်ကြံအားထုတ်ကာ အရိယာ ဝိဇ္ဇာ သူတော်စင်များ ဖြစ်နိုင်ကြပါစေသတည်း ။။။
ဆရာNetSay ( 26/02/2016 )
Tuesday, 27 June 2017
ကန်​​တော့ခန်း
    🙏🙏🙏ကန်တော့ရန်🙏🙏🙏
(၁)ရာဇဂဟေငါးထွေသောင်ညို ဝန်းရံခိုသည့် ပြည်တော် နဂိုရ် ရာဇင်္ဂြိုဟ် ပုဂ္ဂိုလ် လေးဦးရှစ်ဦးသော အရှင်အဆပွါးကြောင်း ရှစ်သောင်းသောဆရာ အဋ္ဌာရဿ ကိစ္စပြီးစီး ဆယ်ပါးသော သိဒ္ဓိကြီးတို့နှင့် ပြည့်စုံတော်မူသော (၆၉) ပါး တို့၏ တပည့် အကြီး ရှင်မထီး ရှင်အဇ္ဇဂေါဏ၊ ဓမ္မစေတီ မင်းခေါင်၊ ဦးအောင်ရသေ၊ ဆံရှည်ကိုတော်၊ ဦးဓမ္မစာရီ၊ ဆယ်ပါးသော သိဒ္ဓိကြီးတို့နှင် ပြည်စုံတော်မူသော လူဝိဇ္ဇာဓိုရ်၊ နတ်ဝိဇ္ဇာဓိုရ်၊ ဘီလူ ဝိဇ္ဇာဓိုရ်၊ သံ ဝိဇ္ဇာဓိုရ်၊ ပြဒါး ဝိဇ္ဇာဓိုရ်၊ အင်း ဝိဇ္ဇာဓိုရ်၊ စမ ဝိဇ္ဇာဓိုရ်၊ ဆေး ဝိဇ္ဇာဓိုရ်၊ အပေါင်းတို့ကို အစိုးရတော်မူသော ပညာဒိက၊ သဒ္ဒါဒိက၊ ဝီရိယဒိက ဘုရားအလောင်းတော် ယက္ကန်းစင်တောင် ဦးဩဘာသ အရှင်သူမြတ်ဘွဲ့ခံ မဟာမြိုင် စန္ဒာသူရိယ အရှင် သူမြတ်ကို အဟံ ပါရမီ အသင်း တပည့်ရင် ဖြစ်တော်မူသော တပည့်တော်သည် ဝန္ဒေ ဝန္ဒာမိ ရှိခိုး ကန်တော့ပါ၏ အ၇ှင်ဘုရား။
ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်တော်ကြီး ကန်တော့ရန်း
 🙏🙏အဘ ဆရာကြီးများ ကန်တော့ခန်🙏🙏
(၂) အဘဆရာပြူး၊ ဆရာအေး၊ ဆရာပွင့်၊ ဆရာဟန်နှင့်တကွ (၆၉)ပါးသော ဝိဇ္ဇာဓိုရ်ဆရာကြီးအပေါင်းတို့အား ဆီမီး မြိုင် မြိုင် အမွှေးတိုင်ဖြင့် ပန်းခိုင်စုံနှော အုန်းငှက်ပျောနှင့် လက်ဖက် ကွမ်းရာ မွှေးနံ့ သာဖြင့် ကြည်သာမာန်လျှော့ ကန်တော့ပါ၏ ကာကွယ်နိမိတ် ပိတ်ပင်ဆီးတာ မရှိငြားဘဲ၊ ဝိဇ္ဇဓိုရ်နတ်မင်း အများတို့သည် မြင်ကာကြား၍ ကြွရောက် စောင်မ, တော် မူပါစေသတည်း။
ရွှေရင်ကျော် ဣစ္ဆာသယ မဟိဒ္ဓိစေ ဂိုဏ်တော်ကြီး  ၏ အဘ ဆရာကြီးများ ကန်တော့ရန်
    ၃   🙏နတ်​မင်းကြီး ၄ ပါး.ကန်​​တော့ခန်း🙏
ပူရတ္တိမေန ဓတရဋ္ဌော၊ ဒက္ခိဏေန ဝိရုဠကော၊
ပစ္ဆိမေန ဝိရုပက္ခော၊ ကုဝေရော-ဥတ္တရံ-ဒိသံ၊
စတ္ထာရော တေ မဟာ ရာဇာ၊ လောကပါလာ၊
ယသ ဿိနော၊ တေပိ အမှေ နုရက္ခန္တု၊
အာရောဂေန၊ သုခေနစ။
နတ်မင်းကြီးလေးပါး ကန်တော်ရန်
ပူရတ္တိမေန မြင့်မိုရ်တောင်မှ အရှေ့မျက်နှာဌာန၌။ ဝသန္တော အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ဓတရဋ္ဌ၊ မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။
ဒက္ခိဏေန မြင့်မိုရ်တောင်မှ တောင်မျက်နှာဌာန၌။ ဝသန္တော အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ဝိရုဠကော၊ ဝိရုဠက မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။
ပစ္ဆိမေန၊ မြင့်မိုရ်တောင်မှ အနောက်မျက်နှာဌာန၌။ ဝသန္တော အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ဝိရုပက္ခော၊ ဝိရုပက္ခ မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။
ဥတ္တရံဒီသံ၊ မြင့်မိုရ်တောင်မှ မြောက်မျက်နှာဌာန၌။ ဝသန္တော အာဏာ ဖြန့်မိုး အုပ်စိုး စံနေသော။ ကုဝေရော၊ ကုဝေရဟု မည်ရကျော်ဟီး နတ်မင်းကြီးသည်၎င်း။ စတ္ထရော၊ လေးယောက်ကုန်သော၊ တေ မဟာရာဇာ၊ ထိုစတို မဟာရာဇ် နတ်မင်းကြီးတို့သည်။ လောကပါလာ အမြဲထာရဝ လောကကို စောင့်ရှောက်ကြကုန်၏။ (ဝါ)လူတို့ကိုစောင့်ရှောက် ကြကုန်၏။ ယသဿိနော၊ အမြဲဝန်ခ များမြတ်သော အခြွေအ၇ံ ရှိကြကုန်၏။ တေပိ မဟာရာဇာ၊ ထိုစတိုမဟာရာဇ် နတ်မင်းကြီးတို့သည်လည်း အမှေ၊ ငါတို့ကို။ အာရောဂေန၊ အနာရောဂါ ကင်းရှင်း ကျန်မာခြင်းဖြင့်၎င်း။ သုခေနစ၊ ကိုယ် စိတ်နှစ်ဖြာ ပူဆလွတ်ကင်း ချမ်းသာခြင်းဖြင့်၎င်း။ အနုရက္ခန္တု၊ အစဉ်ထာဝရ စောင့်ရှောက်တော် မူကြပါစေကုန်သတည်း
   ၄   🙏 သူရဿတီ ဂါထာတော်ကြီး🙏
ပိဋကတ္တယံ သံပုဏ္ဏံ၊ သဗ္ဗသိဒ္ဓိ သုခဝဟံ၊
ဇိဝှဂ္ဂေ မေနိသိဒိတွာ၊ မန္တာဒေတု သူရဿတီ။
ပိဋကတ္တယံ သံပုဏ္ဏံ၊ များစွာလုံးစုံ ပိဋကတ်သုံးပုံတို့နှင်ပြည့်စုံတော်မူသော၊ သဗ္ဗသိဒ္ဓိသုခဝဟံ၊ များစွာသော သိဒ္ဓိအပေါင်းတို့ကို စွမ်းအားပိုင်ပိုင် ရွက်ဆောင်ခြင်းငှာ စွမ်းနှိုင်ပေထသေား သူရဿတီ၊ သူရဿတီ မည်ရနာမလျှံညီး သူရဿတီ ရှင်နတ်သမီး။ 
သူရဿီ မည်တော်ကြီး | သူရဿတီ ဂါထာတော်ကြီး | 
မေ၊ မမ။ ခန္ဓာပဉ္စက သမူဟကို ပါဟုခေါ်ဆို ကိုယ်ဟု သမုတ် အကျွန်ုကို။ ဇီဝှဂ္ဂေ၊ ဖြူဖွေးသန့်ရှင်း အာခံတွင်း၌။ နိသိဒိတွာ နေရောညပါ ဘယ်အခါမလပ် အမြဲမပြတ် စောင့်ကြပ်နေ၍။ မံ ဘေး ရန်လွတ်ကင်း ချမ်းသာခြင်းကို အလိုရှိသော အကျွန်ုအား။ ဓာရေတု၊ ချိုမေတ္တာသွင်း နှစ်ကိုယ်ချင်း၍ ကိုယ်ချင်းယှက်ခါ၊ ဆောင်ကျဉ်းကာ ပြုလိုပါတော့။ သူရဿတီ။ သိင်္ဂီလျှံညီး ၇ှင်နတ်သမီူ။
[ယင်း ဂါထာကို နေ့စဉ်ညစဉ် အခါခါ၇ွတ်လေ၊ သိဒ္ဓိဆယ်ပါးရနိုင်၏]
ဥုံ-သူရဿတီစ၊ မေ၊ မာတာ၊ မာတာစ၊ မေ၊ သူရဿတီ၊ အနုကမ္မံ၊ ဥုပ္ပဇဈနံ  (ပိယံ) ဒေတု သူရဿတီ။
(ပိယံ) နေရာ၌ ဥာဏံ-လာဘံ ထည့်၍ တပုဒ်စီရွတ်လေ။
ဆေး​တော်​မြတ်​အ​ကြောင်းပါဝင်​ပ္စည်းသိမှတ်​ဖွယ်
 ၁။ အဖဆရာအေးခေါ် စင်္ကြာမင်းသားကိုင်ဆောင်သော သံလျက် အရိုးသွားသည် စေပိုင် အာဏာပိုင်စေရန်
      သံလျက်သည် မြန်မာဘုရင်မင်းမြတ် ခေတ်အဆက်ဆက် ရေမြေ့သခင်ရှင်ဘုရင်များ ကိုင်ဆောင်သော သံလျက်ဖြစ်ပါသည်။ သြဇာအာဏာ အထူးရှိပါသည်။ ရှင်ဘုရင်မှ သံလျက်ဖြင့် မြေကြီးပေါ်၌ (စည်းသုံးချက်) တားပြီး အမိန့်ပြန်ထားပါက မည်သူမဆို ကျူးကျော်ခဲ့ပါက ခြေကျူး ခြေပြတ် လက်ကျူး လက်ပြတ် မီးလိုပူ ပြာအတိကျ စင်္ကြာဝဠာ အပြင်သို့ လွင့်စင်စေရမည်ဟု အမိန့်ပြန်ထားခဲ့လျှင် မိစ္ဆာဘီလူးကြီးများပင် ကြောက်ရွံစွာဖြင့် မကျော်လွှားဝံ့ပါ။ အာဏာစက် အလွန်ပြင်းထန်ပါသည်။ ရွှေရင်ကျော်ဆရာများသည်လည်း စေပိုင် အာဏာပိုင်ဆိုင်ကြပြီး မကောင်းသောမိစ္ဆာဝင်များကို အမိန့်အာဏာဖြင့် ဆုံးမနိုင်ပါသည်။ အာဏာကို သုံးရခြင်းမှာ မာန်နတ်အသင်းဝင် မိစ္ဆာများသည် ဘုရားရှင်လက်ထက် ကတည်းက မြတ်စွာဘုရားနှင့် ရဟန္တာအရှင်သူမြတ်များကို ဒုက္ခအမျိုးမျိုးပေးပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်မဟာ မောဂ္ဂလန်မထေရ်မြတ်ကြီးကို မာန်နတ်သည် အရှင်မြတ်၏ ပါးစပ်ပေါက်မှ တစ်ဆင့် ဝမ်းတွင်းသို့ ဝင်ရောက်ကာ အူများကြားထဲ၌ လမ်းလျောက်ပြီး နှိပ်စက်ခဲ့ပါသည်။ အရှင်သူမြတ်မှ ဓမ္မတရားဖြင့် ဆုံးမခဲ့ဖူးပါသည်။ အချို့သော ကြမ်းတမ်းသော မိစ္ဆာဝင်များသည် ဓမ္မတရား မေတ္တာတရားကို နားမလည် လက်မခံဘဲ မကြောက်ရွံပါ။ ရွှေရင်ကျော် ဆရာများသည်လည်း မိစ္ဆာများကို အောင်နိုင်ခြင်းမှာ မေတ္တာဖြင့်သာ အောင်နိုင်ပါသည်။ သို့သော် မေတ္တာဖြင့် ဆုံးမ၍မရသော ကြမ်းတမ်းသော မိစ္ဆာများကို အာဏာစက်ဖြင့် ဆုံးမရခြင်းဖြစ်ပါသည်။
၂။ ကနက္ကဒန် ထီးဖြူ၏ပိတ်စ  ( ဘုန်းကြီးစေရန်)
     ဘုရင်သူမြတ်များသည် ရှင်ဘုရင်အဖြစ် တင်မြောက်ခြင်းခံရပါက မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်လျှင် ထီးဖြူသည် အလိုလို ပွင့်ပါသည်။ မင်းကျင့်တရားဆယ်ပါးနှင့် မညီညွတ်ပါက ထီးဖြူမပွင့်ပါ။ ထီးဖြူ၌ စောင့်သော နတ်ကောင်းနတ်မြတ်များ
ရှိပါသည်။ ရွှေရင်ကျော်ဆရာများသည် သစ္စာသုံးချက် သီလနှစ်ပါး ပြည့်စုံပြီး လူသားအကျိုးပြု ပယောဂဝေဒနာရှင်များကို ကုသကယ်တင်ပြီး ကမ္မဌာန်းတရား အပါးလေးဆယ်၊ ဝိပါတ်သနာ တရားမြတ်ကို ကျင့်ကြံအားထုတ်ပါက လူမင်းဘုန်းကြီး နတ်မင်းမနေသာ သလို လူ့လောကတွင့် ထင်ပေါ်ကျော်ကြား ဘုန်းကြီးစေပါသည်။
၃။ ပန်တော်ကျ ပန်းခုနှစ်ပွင့် ( လူချစ်လူခင် ပေါများစေရန်)
    တောင်နန်းစံ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ပန်သော ပန်တော်ကျ  ပန်းခုနှစ်ပွင့်သည် ပီယ၊ လူချစ်လူခင် ပေါများစေပါသည်။ မိဖုရားခေါင်ကြီး၏ မျက်နှာကို မြင်လျှင် ချစ်ခင်စေပါသည်။ အသံကို ကြားရလျှင် သနားကြင်နာမိပါသည်။ နန်းတွင်းရှိ သက်တော်ရှည် ဘိုးဘိုး မူးမတ်ကြီးများပင်လျှင် ချစ်ခင်စိတ်ဖြင့် ဖူးမြော်ကန်တော့ရပါသည်။ ရွှေရင်ကျော် ဆရာများသည်လည်း လူချစ်လူခင် ပေါများပြီး မိစ္ဆာအောက်လမ်းများတောင် ချစ်ခင်စေပါသည်။
၎။ မြေမခသော နတ်ဂမုန်း
     ထိုဂမုန်းသည် ပုပ္ပါးတောင်ထိပ် သစ်ပင်ကြီးများထိပ်တွင်သာ ပေါက်ရောက်ပါသည်။ မြေကြီးပေါ်၌ မပေါက်ပါ။ ဆေးဖက်ဝင် မြင့်မြတ်သော ဂမုန်းပေါင်းများစွာကို ပုပ္ပါးသူ မယ်ဝဏ္ဏက ဆေးတော်ဖော်စပ်ရာတွင် လှူဒါန်းကူညီပေးခဲ့ပါသည်။
🙏🙏🙏🙏အဖဆရာကြီဦးမြခင်​ သြဝါဒ​ပေးဘူးသည်​ မယုံရင်​ပုံပြင်​မှတ်​ပါတဲ့🙏🙏🙏🙏
ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးဖြစ်ပေါ်လာပုံ၊ ဘိုးတော်ဘုရားများ၏ ထွက်ရပ်ပေါက် (အကျဉ်း) နှင့် ထူးခြားချက်များ သမိုင်း
ရွှေရင်ကျော်ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်းတော်ကြီးစလာပုံပြောပါဆိုလျှင် ကျွန်တော်တို့ ဆရာကြီး ဦးမြခင် (ခေါ်) အဖေကြီး ဦးမြခင်အကြောင်း အရင်ပြောမှဖြစ်မှာ၊ ရွှေရင်ကျော်နှင့် အဖေကြီး ဦးမြခင်ဆိုတာ ခွဲခြားမရအောင်ဖြစ်ရပါသည်။ ဒါကြောင့် ၄င်းတို့အဖေကြီးဦးမြခင်၏ မိန့်ကြားသွားသော နှုတ်တော်ထွက်ခဲ့သော မူရင်းအသံနှင့် ဆုံးမခဲ့သော မိန့်မှာခဲ့သော တိတ်ခွေမှ မှတ်တမ်းအရ၊ ပြောကြားချက်အရ ပြောရမည်ဆိုလျှင် ဂိုဏ်းတော်နှင့် ဘိုးတော်များ စလာပုံမှာ “မင်းသားကြီး ဦးအောင်က စလာတယ်” ဟုပြောပါရန် အဖေကြီး အမိန့်ရှိပါသည်။
            အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏သား ဘိုးတော်ဦးဝိုင်းနှင့် မင်းသားကြီး ဦးအောင်၊ နောက် ကိုရင်ကြီးတစ်ပါးရယ်၊ သူတို့ သူငယ်ချင်းသုံးယောက် ပါရှိတယ်၊ ၄င်းသုံးဦးကို ငယ်စဉ် အခါက ဆရာတော်ထံအပ်နှံပြီး ပညာသင်ကြားစဉ်က ဆရာတော်က ဘုရင်ဖြစ်မည့် မောင်ဝိုင်း ကို မင်းသားတို့တတ်အပ်သော အဌာရဿဆယ့်ရှစ်ရပ် ပညာများကို သင်ကြားပေး၍ ကိုရင်ကြီး ကိုမူ တရားဓမ္မများ သင်ကြားပို့ချပေးခဲ့သည်။
            မင်းသားကြီးဦးအောင်ကိုကျတော့ ငယ်စဉ်ကအထုံရေစက်ပါသောကြောင့် ထွက်ရပ် ပေါက် ပညာရပ်များကို ငယ်စဉ်ကပင် သင်ကြားပေးခဲ့ပါသည်။
            ဤကဲ့သို့ အရွယ်ရောက်ကြ၍ မိမိတို့ဘဝနှင့် မိမိတို့ ကျင့်ကြံနေထိုင်ခဲ့ကြသည်။ နောက်ဆုံးနန်းတွင်းအရေးတော်ပုံဖြစ်လာသောအခါမှာ- မင်းသားကြီးဦးအောင်က မောင်ဝိုင်း အားရှောင်တိမ်းနေစေခဲ့ပြီးနောက် မောင်ဝိုင်းကံဇာတာအထတွင် ထီးနန်းကို သိမ်းပိုက်စေခဲ့ သည်။ ထီးနန်းရလျှင် မဟာမျိုးမဟာနွယ်များကို သက်ဖြတ်ခြင်းမပြုရန် ကတိစကား ဦးဝိုင်းက ဆိုခဲ့ရသည်။
            ဤသို့ဖြင့် ဘိုးတော်ဦးဝိုင်းထီးနန်းရလာသည်။ ဘိုးတော်ဦးဝိုင်းသည် မိမိကတိသစ္စာ ဖောက်ဖျက်၍ ထီးနန်းရရှိသော မဟာမျိုးမဟာနွယ်များကို ကွပ်မျက်လိုက်သောအခါ မင်းသားကြီးဦးအောင်သည် ခွေးတစ်ထောင်ကို မြို့ဝန်၏ အိမ်ရှေ့တွင် ထမင်းကျွေးခဲ့သည်။
            ထိုအခါမြို့ဝန်က ဘာကြောင့်ခွေးတွေကို
ထမင်းကျွေးရပါသလဲဟုမေးသော ခွေးတွေ ဟာလူတွေထက် သစ္စာရှိတယ်။ လူတွေက သစ္စာမရှိဘူး၊ ယခုလိုထမင်းကျွေးရင် သခင်ကို သုံးနှစ်မမေ့ဘူး၊ တစ်ချို့ရှင်ဘုရင်တွေကခွေးလောက်မှ သစ္စာမရှိဘူး ဟူ၍            မြို့ဝန်အား
မင်းသားကြီးဦးအောင်က ဖြေကြားသော် မြို့ဝန်မှတစ်ဆင့် ဘုရင့်အား သံတော်ဦး တင်တော့သည်။
            ဘိုးတော်ဦးဝိုင်းက မင်းသားကြီးဦးအောင်အား ဖမ်းဆီးရန် အမိန့်ပေးခဲ့လေသည်။ မင်းသားကြီးဦးအောင်သည် ဆွေမျိုးများပါ ခေါ်ယူ၍ အထက်အောက်မြန်မာပြည်အနှံ့ ထွက်ပြေး တိတ်းရှောင်နေခဲ့ရ၏။ နောက်ဆုံးမင်းသားကြီးဦးအောင် အဖမ်းခံခဲ့ပြီး လက်ညိုးထောင်လိုက်သော် လက်ညှိုးကအရောင်ကြာင့် အဆောင်ကိုင် အမှုထမ်းများ ဓါးကိုလျှက် အသေကဲ့သို့ ဖြစ်နေရကြောင်း၊ မင်းသစ္စာမရှိပေမယ့် မင်းရင်သွေးဖြစ်တဲ့ ငါ့မြေးကြရင် ငါကယ်ရဦးမယ် ပြောရယ် ထွက်သွားပါသည်။
            အဖေကြီးက မင်းသားကြီးဦးအောင်ရဲ့ တန်ခိုးတော်ကြာင့် ယခုဆေးတော်စစ်နှင့် ပညာယူသူတွေ ဟဲ့ကပ်ထားဆိုရင် ကပ်နေရတာ အဖဘိုးတော်အေး ၆နှစ်သား စင်္ကြာမင်း ဖုန်းတောင်းစင်္ကြာရှင်ဖြစ်တဲ့ ဘိုးတော်အေး စင်္ကြာရထိုက်တဲ့မင်းသား အဖဆရာဟန် ပညာ နှစ်ဆင့်မှာ ပြောခဲ့ပါသည်။
            အဖဘိုးတော်အေးသည် ဘိုးတော်ဦးဝိုင်း၏ သားအကြီး စစ်ကိုင်းမင်းသားနှင့် ပြည်မင်းသား၏သမီး စန္ဒာဒေဝီတို့ အကြောင်းပါ၍ မွေးသော ဘိုးတော်အေး ဖြစ်ပါသည်။ ဘိုးတော်အေး ၁၇နှစ်သား အရွယ်ထိ တာဝန်ယူပြီး သိမ်းဆီးထားခဲ့ရကြောင်း ၄င်းအထ္ထုပ္ပတ္တိကို ကတိသစ္စာစာအုပ်ထဲမှ မဟုတ်ကြောင်း အဖေကြီးပြောခဲ့ပါသည်။ အဖဘိုးတော်ဟန်က ရှေးရာဇဝင်ကို မှီး၍ပြောသွားပါသည်ဟု အမိန့်ရှိခဲ့ပါသည်။
            ဤသို့ အဖဘိုးတော်အေးအားကတ္တီပါအိမ်နှင့် ရေဆိပ်မျှောသောအခါ မင်းသားကြီး ဦးအောင်ရောက်လာပြီး ယမနေသားနှင့် ပြောင်းကာ အဖဘိုးတော်အေးကိုမူ ဝေလမြင်းနှင့် လွှတ်လိုက်၏။
            ဒါ့ကြောင့် ဘုရား၊တရား၊ သံဃာကို သက်ဝင်ယုံကြည်၍ လူတစ်ယောက်ကို လူလို မြင်ပါ။ လူကို လူလိုမြင်မှ ကိုယ်ချင်းစာတရားရှိတာဟု အဖေကြီးဦးမြခင် ဆုံးမခဲ့ပါသည်။
            အဖဘိုးတော်အေး ဝိဇ္ဇာဖြစ်သောအခါ မင်းသားကြီးဦးအောင်က ဆေးပစ္စည်းနှင့်တကွ ဖော်နည်းကိုပါ ပေးလိုက်သည်။ အဖဘိုးတော်အေးသည် လူကောင်းများကို မိစ္ဆာတွေလွှမ်းမိုးပြီး
ဘုရားသာသနာအရောင်မတောက်ဘဲ ညှိုနွမ်းမှာစိုးသည့်အတွက် ဣစ္ဆသယမဟိဒ္ဓိ စေ ဂိုဏ်းတော်ကြီးကို တည်ထောင်ခဲ့သည်၊ ထိုဂိုဏ်းတော်ကြီးတည်ထောင်ပြီးသော ဘယ်ပစ္စည်း တွေထည့်ရမှာလဲဟု စဉ်းစား၏။ စုန်း၊ ကဝေ၊ တစ္ဆေ မြေဖုတ်စည့် အောက်လမ်းမိစ္ဆာများကို လက်ဝါးဖြင့် တားရုံနှင့် ဖွဲပြာကျသလို ကျနိုင်သည်။ ဘုရားနှုတ်ကပါတ်တော်များ ရွတ်ဆိုရုံနှင့် အနိုင်ရရှိမည်။ သို့သော် လူအသွင် လူယုတ်၊ လူမိစ္ဆာများကို နိုင်ရန် ဘယ်သို့သော ပစ္စည်းများ ထည့်ရမှာလဲဟု စဉ်းစား၏။
လူတစ်ယောက်က လူတစ်ယောက်ကို လူလိုမမြင်ခြင်း၊ လူတစ်ယောက်က လူတစ် ယောက်ကို မတရားပြောဆိုခြင်း၊ ဘုရားမှန်းမသိ၊ တရားမှန်းမသိ၊ သံဃာမှန်းမသိ မိမှန်းမသိ  ဖမှန်းမသိ၊ လူမှန်းမသိသော လူရမ်းကားလူမိစ္ဆာများ၏ စိတ်ကို ညှို့စေနိုင်သော အဂ္ဂမဟာဒေဝီ တောင်နန်းစံမိဖုရားခေါင်ကြီး၏ ပန်တော်ကျပန်း (၇)ပွင့်ကို ထည့်၏။
            တောင်နန်းစုံမိဖုရားခေါင်ကြီးဆိုသည်မှာ မင်းအဆက်ဆက်က ဆင်းသက်လာသော မင်းသားအစစ်နှင့် မင်းသမီးအစ်တို့ ညား၍မွေးပြီး တိုင်းပြည်တစ်ပြည်တွင် မင်းအဆက်ဆက် လက်ယာထား၍ စံစားရသော ဆင်းရဲသားနှင့် မနှော၊ ကုန်သည်နှင့် မရော၊ မည်သူနှင့်မျှ မဆိုင်သော ဘုန်းကံနှင့် ပြည့်သော မိဖုရားဖြစ်ပေသည်။ ကြီးသောသူကလည်း သမီးကဲ့သို့ တူမ ကဲ့သို့ ချစ်ခင်ကြသည်။ ငယ်သောသူများကလည်း အမိပမာ၊ အမပမာ ချစ်ချင်ကြသည်။ ထိုမိဖုရားတို့၌ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခ၊ ဂန္ဓဗ္ဗ အစောင့်အကြပ်များ အမြဲဝန်းခံ စောင့်ရှာက်ကြရ၏။ ၄င်းမိဖု၇ား ပန်ဆင်ထားသောပန်းကို ခွာချလိုက်လျှင် ၄င်းအစောင့် အရှောက်တို့သည် အလိုလိုပါနေ၏။
            ထို့ကြောင့် လူမိစ္ဆာကို နိုင်နင်းစေရန် ပန်တော်ကျပန်း (၇)ပွင့်ကို ထည့်ရကြောင်း အဖေအမိန့်ရှိခဲ့ပါသည်။
            နံပါတ်(၂) ရန်သူမှန်သမျှကို နိုင်နင်းနိုင်အောင် သံလျှက်ကအရိုးထည့်ရ၏။ သံလျှက် သည်ကိန်းခန်းနှင့် ကိုက်ညီအောင်စီစဉ်ထားခြင်းကြောင့် မင်းကောင်းမင်းမြတ်များ ညီလာခံတွင် ကိုင်သောအခါ မော်မကြည့်နိုင်အောင် ဇက်ကျိုးနေ၏၊ ၄င်ပစ္စည်းကို ထည့်ခြင်းအားဖြင့် ဓါး၊လှံ၊လက်နက်၊ အမြောက်၊ စိန်ပြောင်း အစရှိသည့်တို့ဘေးမှ အောင်မြင်နိုင်၏။    
သစ္စာရှိသူမှန်သမျှ ဘုန်းကြီးလာအောင်၊ မြင့်မားလာအောင်၊ ကနက္ကဒဏ်ထီးမှ ပိတ်စကို ထည့်၏၊ ကနက္ကဒဏ်ထီးသည် မင်းကောင်းမင်းမြတ်များညီလာခံဝင်သောအခါ အလိုလိုပွင့်၍ အလိုလိုပိတ်သည်။
            ဤထီးတော်သည်ကား ဘုန်းရှိသောမင်းတို့သာ ဆောင်းရ၏။ ထီးသည် အမြင့်ဆုံးသော အရာဖြစ်၏။ အရိပ်လည်းရ၏။ သစ္စာရှိသူမှန်သမျှ ဤဆေးတော်နှင့် ထိုးသူမှန်သမျှ ဘုန်းကြီးစေရန် ကနက္ကဒဏ်ထီး၏ ပိတ်စကိုထည့်ရခြင်းဖြစ်၏။
            ဤဂိုဏ်းတော်သည် ဘုန်းကြီးစေသော ဂိုဏ်းဖြစ်၏။ ဘုန်းကြီးအောင် ကျင့်ကြံလုပ် ဆောင်ပါက ဘုန်းကြီး၏။ လူတွေ၏ လုပ်ဆောင်ချက်မမှန်ကန်ကြသည့်အတွက် ဘုန်းမကြီးခြင်း ဖြစ်ကြောင်းနှင့် ဘယ်သူ့ကိုမှမတွက်နှင့် ကိုယ့်အလုပ်သာကိုယ်လုပ်ကြဟု အဖေကြီးအမိန့်ရှိ ဆုံးမခဲ့သည်။
            အဘဘိုးတော်စင်္ကြာမင်းသည် သူတော်ကောင်းများအတွက် ဤဂိုဏ်းတော်ကြီး ကြီးပွားလာလျှင် သူတော်ကောင်းများ ဘေးအန္တရာယ် ကင်းရှင်းမည်ကိုသိ၏။ထို့ကြောင့် အဖေကြီး ဦးမြခင်က ဆေးတော်ကို စုတ်ခွက်ထဲသို့ နည်းနည်းထည့် ဟင်္သာပြဒါးများများထည့် ရွေဆိုင်းထည့် ရေထည့်ဖျော်ပြီး ထိုးပေးခြင်းဖြင့် သူတော်ကောင်းတို့သည် မိစ္ဆာအပေါင်းကို နိုင်ကြောင်း အဖေအမိန့်ရှိခဲ့ပါသည်။
            ဒါကြောင့် ငါးဆင့်တွင် ပုံတော်အုပ်ရသည်။ ရှေးလူကြီးများသည် ခေါင်းကို ကတုံးတုံး၍ ပုံတော်အုပ်ပြီး ရွှေချကျသည်။ ဂိုဏ်းတော်ကို ကြည်ညိုကြ၍ ဖော်ပြပါ ပစ္စည်းသုံးမျိုး နှင့် သင့်လျှော်ရာ ဂမုန်းတို့ကို ထုထောင်းရောစပ်၍ စီရင်ထားသော ဆေးတော်နှင့် ဂိုဏ်းတော်ကြီးသည် ကျွန်တော်နှင့်လည်းမဆိုင်၊ ခင်ဗျားနှင့် လည်းမဆိုင်၊ ဘယ်သူတွေနှင့် ဆိုင်သလဲ မေးရင် ကမ္ဘာသူ ကမ္ဘာာသား အားလုံးနှင့် ဆိုင်ပါသည်။
            သို့သော်ဆေးပစ္စည်းများနှင့် ဖော်နည်းကား တွေ့ထားခဲ့သော်လည်း ကျေးဇူးရှင်ကြီး ဖြစ်သော ပါရမီရှင် အဖေကြီးဦးမြခင်သော်မှ စမ်းသပ် စစ်ဆေးမှု့မပြုဘဲ ဆရာသမားအပေါ် ဂိုဏ်းတော်အပေါ်၊တပည့်များအပေါ် သစ္စာကြီးစွာထားပြီး သူ့ရဲ့ဆရာဂိုဏ်းချုပ်အဖ ဘိုးတော်ဟန် ရဲ့သမီး၊ ကျွန်တော်တို့ ကျေးဇူးရှင်တစ်ဦးဖြစ်တဲ့ အမကြီး ဒေါ်အေးကြည်နှင့် အဖဘိုးတော်ဟန်၏   သားဖြစ်သည့် နာယကဆရာကြီးဖြစ်သူ ဆရာကြီးဦးစံသိန်း သူတို့နှစ်ဦး  
သာလျှင် ဆေးတော်များ ကို စမ်းသပ်ခွင့် ရခဲ့ပါသည်။ အခြားသော ဆရာ၊ ဆရာမ ဘယ်ပုဂ္ဂိုလ်မျှ အခွင့်မရခဲ့ပါဘူး။ ဤဆေးတော်သည် ပွား၍ ဖဲ့၍ မရပါ။ဤဆေးတော်သည် သာသနာပြုသော ပညာပေးဆေးတော် သာဖြစ်ခြင်းကြောင့် လာဘ်လာဘမျှော်၍ မလုပ်ရပါ။ လုပ်ရဲလို့ လုပ်ခဲ့သော် ဂိုဏ်းတော်ကိုဖျက်စီး မဲ့သူ မိစ္ဆာဘဲဆိုတာ သင်ကိုယ်တိုင် သင်သိပါလိမ့်မည်။
 ဤဂိုဏ်းတော်ကြီးသည် ဗုဒ္ဓသာသနာကို အထောက်အပံ့ပေးနေသော ဂိုဏ်းတစ်ဂိုဏ်း ဆိုတာ ဝေဖန်ဆန်းစစ်လေ့လာနိုင်ပါသည်။ သူတော်ကောင်းတွေမြတ်နိုးတဲ့ပညာ သူတော် ကောင်းတွေ လက်ခံနိုင်တဲ့ပညာ ဒါကြောင့်လည်း ဒီကျေးဇူးရှင်ကြီးတွေဟာ လောကအနေနဲ့ ဘဝတစ်ပါးပြောင်းရွှေ့သွားသည်။ သေသွားကြသည် ဆိုသော်လည်း နာမည်မသော ပုဂ္ဂိုလ်ထူးကြီးများကို ဂုဏ်ပြုလိုက်ပါသည်။
ဘိုးတော်များ၏ ထွက်ရပ်ပေါက်ခြင်းအကျဉ်း
၁။ အဖဘိုးတော်အေး ( အမည် -  ၅ မျိုးရ)
            မောင်ဖေခင်၊ မင်းကလေး၊ ညောင်ရမ်းမင်းသား၊ မဟာသီဟသူ့ဓမ္မရာဇာ၊ စင်္ကြာမင်း ဟုဆိုသော်လည်း ညောင်ရမ်းမင်း၊ စင်္ကြာမင်း၊ မင်းကလေးဟုသာ ခေါ်စမတ်ပြုကြ ကုန်၏။
            ဘိုးတော်အေးသည် ၁၇ နှစ်သား၌ မင်းဘူးမြို့ အနောက်ဘက်တောထဲတွင် အရှင်ထွက်ဖြင့် ထွက်ရပ်ပေါက်သွားခဲ့သည်။ ဣစ္ဆသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီးဟု အမည် နာမပြုပြီး ဂိုဏ်းတည်ထောင်ခဲ့သည်။
            မွေးနေ့အတိအကျမသိ၊ ဘိုးတော်ဦးဝိုင်း (၁၁၄၃ခု) နန်းတတ်သက္ကရာဇ်မတိုင်မီ ဖွားမြင်ခဲ့သည်။ ဦးအောင်၏ အုပ်ထိန်းမှု့ဖြင့် ကြီးပြင်းလာ၏။ ပြည်မင်းသမိး စန္ဒာဒေဝီနှင့် စစ်ကိုင်းမင်းသား ဘကြီးတော်မင်းတရား ( ၁၁၈၁) နန်းတတ် သားတော်ဖြစ်၏။
၂။အဖဘိုးတော်ပြုး
            ပုဂံနယ် ဇာတိဖြစ်သည်။ ပုဂံနှင့် မျက်စောင်းထိုး မြစ်တစ်ဖက်ကမ်းရှိ သစ်ထောက်ရွာ အနီး ဘုရားငါးဆူစခန်းတွင် ထွက်ရပ်ပေါက်ခဲ့သည်။ (၁၂၆၄)ခု ကျိုက်လတ်မြို့၊ ကျုံမငေးရွာတွင်
ရုပ်အလောင်းပြ ထွက်တော်မူသည်။
၃။အဖ ဘိုးတော်ပွင့်
            ကျောက်ဇံမြို့နယ် ဝါးရခိုင်ဇာတိဖြစ်၏။ (၁၂၆၄)ခုနှစ်တွင် ကျုံမငဲ့ရွာ၌ ဘိုးတော်အေးက ကိုယ်ထင်ပြ၍ ဆည်းကပ်ရမည့် ဆရားအား ညန်ပြခဲ့သည်။ ပုဂံကိုလိုက်သွား၍ ဘိုးတော်ပြူးထံ နည်းနာခံယူတပည့်ပြုသည်။ ရန်ကုန်တွင် ထွက်ရပ်ပေါက်သည်။ ၄င်း၏ရုပ်ကလပ်တော်ကို တောင်းစွန်းသို့ နိုင်ငံတော်အစိုးရက ပို့ဆောင်ခဲ့သည်။ ၁၃၁၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၅) ရက်တွင် ထွက်တ်ာမူသည်။ ဣစ္ဆသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး မရောက်ခင်မှာ ဘုရားငါးဆူဂိုဏ်း၊ ပုံတော်ဂိုဏ်း၊ စမလေးလုံးဂိုဏ်း၊ မှော်သေရှင်ဂိုဏ်း၊ ဣစ္ဆသယ- မဟိဒ္ဓိစေဂိုဏ်း၊ ပြီးမှ ရွှေရင်ကျော် ဣစ္ဆသယမဟိဒ္ဓိစေဂိုဏ်းဆိုပြီး (၆)မည်ရ ဂိုဏ်းဖြစ်ပါသည်။
ဘုရား
ပုံတော်
စမ
မှော်
ဣစ္ဆသယ
ရွှေရင်ကျော် ဣစ္ဆသယ
ဆိုပြီး ဘုန်းတန်ခိုးထက်သန်သော ဂိုဏ်းတော်ကြီး တစ်ဂိုဏ်းဖြစ်ပါသည်။ ၄င်းဂိုဏ်းတော်ကြီးရဲ့ ဂိုဏ်းချုပ်မှာ ဘိုးတော်ဟန် ဖြစ်ပါသည်။
၎။ဘိုးတော်ဟန်
            ဓနုဖြူဇာတိ ဖြစ်၏။ ရွှေရင်ကျော် ဣစ္ဆသယ မဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းချုပ်အဖြစ်၊ ဂိုဏ်းချုပ်အမည်ကို မည်သူအားမျှ လွှဲပြောင်းမပေးခဲ့။ ၁၃၅၂ ခု၊ သီတင်းကျွတ်လကွယ်နေ့ ဗုဒ္ဓဟူးနေ့၊ ည (၁၀) နာရီအချိန်တွင် ထွက်တော်မူသည်။
၅။ အဘဘိုးတော် ဦမြခင် (အဖေကြီး)
            ၁၉၇၄ခု၊ ဇွန်လ ၉ ရက်၊ တနင်္ဂနွေနေ့ နံနက်၊ ၁၃၃၆ ခု၊ နယုန်လဆုတ် ၅ ရက် နံနက် ၉း၀၄ အချိန်တွင် ထွက်ရပ်ပေါက်စခန်းသို့ ကြွမြန်းတော်မူသည်။ အဖေကြီးဦးမြခင် ထွက်တော်မူ ပြီးသည့် ၉-၆-၁၉၇၄ (သောကြာနေ့) တွင် အဖေကြီးဈာပနမှု့ ကိစ္စမပြီးသေးမီ အဖေကြီး၏ တပည့်၊ သားသမီး၊ မြေးမြစ် မြန်မာပြည်အရပ်ရပ်မှ ဂိုဏ်းဝင်အသီးသိးတို့သည် တိုင်းပြည်အတွင်း အရေးအခင်းကြားမှ ရန်ကုန်မြို့ အလုံရပ် အောင်မင်္ဂလာကျောင်းသို့ စုဝေး၍ ဂိုဏ်းတော်ကြီး ကိစ္စ ရှေ့ဆက်လုပ်ရမည့် လုပ်ငန်းများတိုင်ပင်ရန် လူကြီးများကို ရွေးကြရန်တိုင်ပင်သောအခါ ဂိုဏ်းတော် နာယကအဖြစ် (၁) အမေကြီး ဒေါ်ထွေးကြည် (အဖေကြီး ဦးမြခင်၏ ဇနီး)၊ (၂) အမကြီးဒေါ်အေးကြည် ( အဖဘိုးတော်ဟန်၏ သမီး)၊ ဆရာကြီး ဦးစံသိန်း (အဖဘိုးတော်ဟန်၏ သား) ၄င်းသုံးဦးကို အများဆန္ဒ အတည်ပြုကြပြီး ဆက်လက်၍ အဖေကြီး၏ ဇနီးနှင့် သားမြေး မြစ်များနှင့် အမကြီး ဒေါ်အေးကြည်၊ ဆရာကြီး ဦးစံသိန်းတို့ ပူးတွဲ၍ လှုပ်ရှားခဲ့ရာ အမေကြီးနှင့် အမကြီးတို့သည် သက်တမ်းအရ ဆုံးခဲ့ကြပြီးနောက် နာယကကြီး ဦးစံသိန်းနှင့် အဖေကြီး၏ တပည့်များသည် ဂိုဏ်းကြီးကိုဆက်လက်၍ ဆောင်ရွက်နေရင်း နာယကကြိး ဦးစံသိန်းသည် ၁၇-၅-၂၀၀၇ခု (ကြာသပတေးနေ့) တွင် နေပြည်တော်ဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်ပြီး၊ ဆရာကြီး၏ ဈာပနကို ဇာတိဖြစ်သော ဓနုဖြူမြို့သို့ ပင့်ဆောင်ပြီး ဂူသွင်းသဂြိုလ်ထားပါသည်။ ယခုအခါ နာယကဆရာကြီး၏ သား၊ သမီးများနှင့် အဖေကြီး၏ တပည့်သား သမီးမြေးမြစ်များက ဆက်လက်လုပ်ဆောင်နေကြပါသည်။
            အဖေကြီးဦးမြခင်မှာ သမီးကြီး ဒေါ်ကြည်ကြည်မြနှင့် သား ဦးမျိုးမြင့်တို့ သားသမီး နှစ်ဦး ကျန်ခဲ့ရာ သမီးကြီးဆုံးပါးသွားပြီဖြစ်၍ သား ဦးမျိုးမြင့်က ဂိုဏ်းတော်ကြီး၏ တာဝန်ကို ဆက်လက်ဆောင်ရွက်ပြိး တဖက်ကလည်း ဂိုဏ်းတော်ကြိး တိုးတတ်ရန် ရှေ့ရေးနောက်ရေးများ ကို တတ်နိုင်သရွေ့ တာဝန်ယူဖြေရှင်း လုပ်ကိုင်နေပါသည်- ဆိုသည်ကို တင်ပြအပ်ပါသည်။
ထူးခြားချက်များ
            ပါရမီ ပုဂ္ဂိုလ်ထူးများ၏ တစ်ဦးချင်းထူးခြားချက်များမှာ- အဖေကြီး ဦးမြခင်ဆိုရင် သူ၏နှုတ်တော်မှ မကွယ်လွန်မီ လပိုင်းအတွင်း ထွက်ဆိုခဲ့သော စကားများမှာ တပည့်များက ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များရဲ့ လက္ခဏာအသွင်အပြင်ကို မေးကျရာတွင် “မင်းတို့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကြ ထွက်ရပ်ပေါက်လက္ခဏာမှာ အသေပြပြီး အရှင်ထွက်၊ အရှင်ပြပြီး အသေထွက် တော့ မင်းတို့သိပါသလား၊ လူသေလို့ ပုပ်တာဘာဆန်းသလဲကွ” အဲဒီအချိန်မှာ ဦးသန့်အရေး အခင်းနှင့် အလုပ်သမားအရေးအခင်းဖြစ်နေသည့် အချိန်တွင် တိုင်းပြည်အေးချမ်းရင် ငါနေမယ် ဆိုပြီး ပြောခဲ့ပါသည်။ ငါသေမယ်ဆိုရင် ၃ခါသေမယ်ဆိုတာကို သက်သေအထင်ကရ ပြရရင် ခေါင်းသုံးလုံး သွင်းရပြီး ဂူသုံးလုံးတည်ထား၍ ယခုနောက်ဆုံးဂူ မြောက်ဥက္ကလာပတွင် တည်ရှိလျက်ပါ။
            ဂိုဏ်းချုပ်ဆရာကြီး အဖဘိုးတော်ဟန်၏ ထူးခြားချက်များကတော့- ယခင်ဂူသုံးလုံးသွင်း ထားပြီး ယခုတစ်ဖန် သူ၏သားဖြစ်သူ နာယကဆရာကြီး ဦးစံသိန်း အုတ်ဂူနှင့် ယှဉ်၍ ထားပါသည်။ ဘိုးတော်ဟန်ကို ဂူသွင်းခြင်းမှာ ၄ ကြိမ်မြောက်ဖြစ်ပါသည်။ နာယကဆရာကြီး ဦးစံသိန်း၏ ဈာပနသည် နေပြည်တော်မှ သယ်ဆောင်ပြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးအအေးတိုက်တွင်ထားရှိပြီး ၅ ရက်ပြည့်သောအခါ ဓနုဖြူမြို့သို့ သယ်ဆောင်ပြီး အထက်ပါ ဂူထဲသို့ ညနေ ၄ နာရီမှာ ဂူသွင်းရန် ခေါင်းကိုဖွင့်သောအခါ လုံးဝအနံ့ မထွက်ပါ။
🙏ပညာ ညီအကို​မောင်​နှမ ဆရာများအားလုံးလိုအပ်​တာရှိခဲ့ရင်​ဖြည့်​စွက်​နားလည်​​ပေးကြပါရန်​​မေတ္တာရပ်​ခံအပ်​ပါသည်​🙏
Post..Shwe yin kyaw