ဆရာ ရသေ့ ရှင်သာသနာ ခေါ် ဆရာတော်ဦးသုမန ကိုယ်တိုင် ရေးသားခဲ့သော မှတ်တမ်း ကို မူရင်းအတိုင်း ကဗျာလင်္ကာများဖယ်ထုတ်၍ တင်ပြလိုက်ပါသည်။
အဘဘိုးတော်ပွင့်ထွက်မထွက်ကို ယခုကာလအငြင်းပွားရာ ကျွန်ပ်အနေဖြင့်အမှန်ထွက်ကြောင်း ထွက်ရပ်စခန်းကိုအနီးကပ်စောင့်ခဲ့သော ရသေ့ရှင်သာသနာခေါ် ဆရာတော်ဦးသုမန စာအုပ်ထဲမှတင်ပြလိုက်ပါသည်။
ရသေ့ ရှင်သာသန ရေးသားထားသည်
ဣစာသယမဟဒ္ဓိစေဂိုဏ်းတော်ကြီးဟု ၁၂၇၃ခုနှစ်မှစ၍ ယခု ၁၃၅၃ခု နှစ်အထိ ဂိုဏ်းတော်အသက်သည် အနှစ်၈၃ နှစ်ရှိသည် ယခု ၁၃၇၈ နှစ်ထိ ဂိုဏ်းတော်သက် ၁၀၅နှစ်ရှိပါသည်။
တိုင်းကျော်ပြည်ကျော် နိုင်ငံကျော်အောင်ထင်ရှားခဲသော ဂိုဏ်းတော်ချုပ် အဘဆရာပွင့်သည် သူ့ဇာတိ ကျုံမငဲရွာမှ မဆယ်ဆိပ် ၎င်းမှတဆင့် ကျိုက်လတ်မြို့ ၈လမ်း ၎င်းမှတဆင့် ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ခဲသည်
ဘရသေ့ လူအမည်ဦးဟန်ထွန်းသည် ၁၃၁၇ခုတပေါင်းလဆန်း ၁၀ရက်နေ့၌ ဘိုးတော်ပွင့်အိမ်သို့တဖန်ပြန်ရောက်သည် ၎င်းအချိန်က ဘိုးတော်ပွင့်အိမ်တွင် ဓနိကိုဖျက်၍ သွပ်မိုးသောအချိန်ဖြစ်နေသည်။ ထိုအချိန်တွင်အမည်မသိရဟန်းတပါး သက်တော်၅၀ခန့်ဟုခန့်မှန်းရသည်။ နောက်မှကျောင်းသားငယ်တဦးပါလာသည် ထိုရဟန်းသည် ဘိုးတော်ပွင့်အား ဆရာကြီး ဘုန်းကြီးကိစ္စပြီးနေပြီဟုပြောဆိုပါသည်။ ဘိုးတော်ပွင့် က မော်လမြိုင်ခရီး လမ်းသည်အသွားရလာရခက်ခဲသောကာလဖြစ်သည် ကျိုက်ထီးရိုးတောင်ပေါ်တွင် ရှိသောနာနတ်သီးနှင့် တောင်ဝှေးကိုအယူခိုင်းရာ နောက်နေ့မနက်စောစော တွင် ၎င်းပစ္စည်းများ ကျောင်းသားလေးမှ လာပို့သည် ၎င်းပစ္စည်းကိုကြည့်၍ အဘပွင့်သည် ဒီကိုယ်တော်၃ဆူ စခန်းနှင့်ထွက်ရပ်ပေါက်သွားသည်ဟု
ကျွန်ုပ်[ဘရသေ့]ကို ပြောဆိုပါသည်။
ကျွန်ပ်သည် ဆရာပွင့်အိမ်မှ အိမ်မူကိစ္စ အဝဝတို့ကို လုပ်ကိုင်ပြီး ပညာစဉ်များဆက်လက်ခံယူခဲ့ပြီးနောက်
ဆရာပွင့်မှ မင်းဝါဆိုလတွင် ငါဆီကိုမဖြစ်မနေ ဆက်ဆက်လာရမည် မိန့်ကြားပြီး အဘထွက်ရန်ကိစ္စရှိတယ် အမှတ်မထင်မိန့်ကြားခဲ့တယ် ။ ကျွန်ပ်လည်းအချိန်တန်လို့အိမ်ပြန်ခဲ့တယ်။
ဒီလိုနဲ ဝါဆိုလပြည်နေ့ညတွင် ဘုရားဝတ်ပြုနေရာမှ အဘပြုးကနေပြီး မင်းဆရာမောင်ပွင့်အိမ်ကို မဖြစ်မနေသွားရမယ်ပြောဆိုလို့ ကျတော်လည်း ဝါဆိုလဆုပ်၂ရက်နေ့တွင် အဘပွင့်အိမ်သို့ ရောက်ခဲ့ပါတယ်။ ရောက်တယ်ဆိုရင်ဘဲ အဘပွင့်က ကျွန်ပ်အား ပညာစဉ်များတိုင်ကြွေးခြင်းဆေးတော်များ စွန့်ကြဲခြင်း ကျင့်စဉ်များသင်ကြားပေးခြင်း ဘယ်အချိန်မှာ ဘယ်စမ ဘယ်အင်း ပညာစဉ်တက်စဉ်များကိုဆက်လက်သင်ကြားပေးပြီး။
သာသနာတော်သက္ကရာဇ် ၂၅၀၀ ပြည့် ကောဇာသက္ကရာဇ် ၁၃၁၈ ခု ဝါဆိုလပြည်ကျော်၆ ရက် နေ့ နေလည်၁ နာရီ ၁၅ မိနစ် ရန်ကုန်မြို့ ကြည်မြင်တိုင် ဗားကရား ထင်းပွဲတန်း အိမ်အမှတ်၁၀၄ ဇနီးဒေါငွေယုံ နှင့် တခြားသောတပည့်များနှင့်အတူ နာမည်ကြီးတပည့်များထဲမှဆိုရင် ဆရာဦးမြတ်စံတဦးသာရှိသည် ဦးမြင့်သိန်း ဦးကျော်ခင်တို့မရှိပါ ၎င်းအချိန်တွင် ဆရာပွင့်သည် တပည့်များအား တရားဟောပြနေရာမှ ထွက်လေဝင်လေချုပ်သွားပါတော့သည်။
အဲဒိအချိန်ထုံးစံအတိုင်း ငိုသူကငို အော်ဟစ်သူကအော်ဟစ်ဝမ်းနဲသူကဝမ်းနဲ ပူဆွေးနေတဲ့အချိန်ကာလပါ ဒီအချိန်မှာသက်တော်၆၀ ခန့်ဆရာတော်တပါးကြွလာပြီး အားလုံးကိုငြိမ်သက်ဘို့ မေတ္တာ ရပ်ခံပါတယ်
တပည့်အပေါင်းတို့ သင်တို့ငါတို့ဆရာ ဆရာပွင့်ဟာ သာမန်လူမဟုတ်ဘူး ဘုန်းကံပါရမီကြီးတဲ့ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တပါးပါ ဒါကြောင့်ကြံတောသုဿုန်မှာ မြုတ်နှံမည်ကိုငါလက်မခံဘူး ဆရာပွင့်ငါ့ကိုမှာကြားခဲ့သည်အတိုင်း ငါနေထိုင်ရာ ကေလာသတောင်စခန်းသို့ ပို့ဆောင်ရမည်။ ငါ့ကိုမှာထားခဲ့တယ်။
အကယ်၍ မင်းတို့ဆရာကို မင်းတို့ပူဇော်လိုလျှင် ဤ ဗားကရာမှာဘဲ ၇ရက်ပူဇော်ပါ ၇ ရက်ကျော်ရင်ငါနေထိုင်ရာ ကေလာသတောင်ကိုပင့်ဆောင်မယ် မင်းတို့ငါစကားကို မလိုက်နာလျှင် မင်းတို့ပြုဘွယ်ကိစ္စ အားလုံးအနှောက်ယှက်ကြုံမယ်လို့ ပြောဆိုပြီး အိမ်ပေါ်မှာမရှိတော့ချေ။
ဆရာတော်မှာကြားသည့်အတိုင်း ၇ ရက်ပူဇော်ပြီး ဝါဆိုလဆုပ် ၁၂ ရက်နေ့တွင် အရှေ့ဆုံးမှ ဘုန်းကြီးများနှင့်အတူ ဘိုးတော်ပွင့်ရုပ်အလောင်းကို သေတ္တာဖြင့်ထည့်၍ ကားအစီး၅၀ ကျော်ဖြင့် ရွှေဒဂုံစေတီတော်မြတ်အား ကားအစီး၅၀ ကျော်ဖြင့်ဖူးမျော်ကန်တော့ပြီး ကွမ်းခြံဘူတာ ခေါ် ရန်ကုန်ဘူးတာကြီးသို့ နံနက် ၅နာရီ ၁၅ မိနစ်အချိန် ဝါဆိုလဆုပ်၁၃ ရက်နေ့အချိန်တွင် နံနံက် စောစောမော်လမြိုင်ရထားဖြင့် တင်ဆောင်၍ ထွက်ခွာသွားပါသည်။
ထိုအချိန်တွင်စစ်တောင်းတံတားကြီးသည် ပျက်စီးနေချိန် သူပုန်များကမိုင်းထောင် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်နေချိန်ဖြစ်ပါသည်။ အနှောက်အယှက်အမျိုးမျိုးနှင့်ကြုံနေရတဲ့အချိန်ကာလပါ။
ဘိုးတော်ပွင့် ထွက်မထွက်
ဒီလိုနှင့်ကျွန်ပ်တို့အဖွဲသည် စစ်တောင်းတံတားကျိုးပျက်နေ၍ အဘပွင့်အလောင်းသေတ္တာကို စစ်တောင်းမြစ်ကမ်းကမ်းခြေမှ တဘက်သို့ ဇက်ဖြင့်ကူးခဲ့ပါသည်။ ကျိုက်ထိုမှအတီးမူတ်အကခုန်ဖြင့် လာရောက်ကြိုဆိုခဲ့သော ဆရာဦးချန်ထွန်း ဆရာလှ ဆရာထွေ တို့အဖွဲဖြင့် ဟိုဘက်ရထားပေါ်သို့ ပြောင်းရွှေသယ်ယူကြပါသည်။ မိုးတွေကလဲ တဖွဲဖွဲလေးကျနေချိန်ဖြစ်နေတဲ့အချိန်လေးပေါ့ဗျာ။
ဒီလိုနဲတောင်စွန်းဘူတာသို့ကျွန်ပ်တို့ရောက်ခဲ့ပါတယ် ဆရာတော်အမိန့်နာခံပြီးနေရတဲ့အချိန်ပါ ယခုဆက်လက်သွားရမည့်စခန်းသည် အများနှင့်မဆိုင် အများနှင့်မပါတ်သက် ရန်ကုန်မှလိုက်ပို့ဆောင်သောတပည့်အားလုံးဤနေရမှာနေခဲ့ပါ ပြန်လိုက ပြန်ပါဟုအမိန့်ရှိသည်။
ဤအချိန်တွင်ဆရာတော်သည် ကျွနုပ်ကိုတခါထည်းခေါ်ပြီး အဘပွင့်ရဲ လက်သုံးတော်တပည့် ဦးဘကလေးအားခေါ်ဆောင်ပြီး ဆရာတော်တောင်ခြေတွင်နေထိုင်ကြသော ဦးခေါက်ထူ ဦးကြွေ ဦးထွေတို့နှင့်အတူရုပ်အလောင်းကိုတောင်စွန်းမြို့ ဝင်းတံခါးပေါက်မှ ထွက်ခဲ့ကြပြီး ပန်ထိမ်တောင်ခြေရင်းရှိ ဆရာတော်သီတင်းသုံးရာကျောင်းကလေးသို့ရောက်ရှိပါသည်။ ကျောင်းပေါ်တွင် ရုပ်အလောင်းကိုခေတ္တချထားပြီး ကျွနုပ်အား ခေါင်းရိပ်စေ၍ ရသေ့ဝတ်ခိုင်းပြီး လာသည်ပရိတ်သတ်ကို ပြန်လွတ်လိုက်ပါသည်။
ဝါခေါင်လဆန်း၁ရက်နေ့နံနက် ၃နာရီခန့်အချိန်တွင်မိုးလေးတဖွဲဖွဲကျ ဆရာတော်ကမလင်းတလင်းမှန်အိမ်ကလေးဖြင့်ပြ၍ရှေ့မှလျောက် ကျတော်နဲဥိးဘလေးက အလောင်းကိုထမ်းပြီးတောင်ပေါ်သို့တက်ရာ အသင့်ရှိနေသော ထန်းလက်မိုးပျဉ်ကာ တဲကျောင်းလေး ၏ ရှေ့ညီညွတ်သောမြေပြင်မှာ အဘပွင့် ရုပ်အလောင်းကို ချထားလိုက်ပါသည်။
ဆရာရသေ့ပြောပြသည်မှာ ငါထမ်းတာပေါ့ရွှတ်နေဘဲ တပည့်ရေ အဲထဲကများမရှိတော့ဘူးလားမသိဘူးတဲ့
ဒါနဲ ငှက်ပျောဖီးဆိုင်၃ဖီး တပွဲနှင့်အမွှေးတိုင်အလင်းတိုင်အမွှေးနံသာများကပ်လျှုပြီး သစ်သီးမျိုးစုံဖြင့်အာရုံအမှီကပ်လျှုပါတော့သည် ကပ်လျှုပြီးနောက် ပုတီးစိပ်မေတ္တာပို့ အမျှဝေ ပြုလုပ်ပြီးသည်နှင့်တပြိုင်နက်ထဲမှာ ကျုပ်နုပ်စိတ်သည် ပကတိ ပင်ကိုစိတ်မရှိတော့ပေအတိတ်ကိုပြန်အမှတ်မရ အနာဂါတ်လည်းမတွေးမျော် ယခုပစ္စူန်တည့်တည့်မှာပင် ပျော်ရွှင်ကြည်လင်သာယာနှစ်သက်လေတော့သည်။
ဒီလိုနှင့်နေလည်၁၀ ၃၀ လောက်တွင် ဆရာတော်က နံနက်အာရုံက ဘုရား ရဟန္တာ အထက်ဆရာတော်ကြီးများကျု ကပ်လျှုထားသော သစ်သီးများစွန်ပြီး ဘုန်းပေပြီး ကျွနုပ်ကိုလည်းအားရပါးရ စားခိုင်းသည်။ စားပြီးနောက် ကျုနုပ်အား ၃ကြိမ်မေးပါသည်
ဘိုးရသေ့ ဝပြီလား ၃ခါမေးသည်အခါတိုင်း ဝပြီ၃ဟုခါပြောသည်။ ဒီလိုနဲ့ ကျန်သောသစ်သီးများကို တောင်အောက်သို့စွန်လိုက်သည်။
ဆရာတော်မိန့်သည်မှာ ဘိုးရသေ့ မင်းနဲငါကံအလွန်ကောင်းတယ် တသက်နဲတကို ဒီအာဟာရမျိုးနောက်မစားရတော့ဘူး ဒါက ဆရာတွေရဲအာဟာရသိဒ္ဓိဘဲ အဘပွင့်ရုပ်အလောင်းကို မင်းနဲ ငါ ၄၉ ရက် ထမင်းမစား ရေမသောက် သေးမပေါက် ချီးမယို ဘဲနဲ အောင်မြင်စွာ စောင့်ရမယ် အနှောက်ယှက်အဖျက်စီးအမျိုးမျိုးကြုံ ရလိမ့်မယ် ဘာမှမကြောင့်ကြနဲ့ ဘိုးရသေ့ ကျတော်လည်း ဂိုဏ်းတော်အကျိုး ဆရာအဘပွင့်ရဲအကျိုးကိုမျော်ကိုးအာရုံပြု ရင်းအဘပွင့်အလောင်နားမှမခွာဘဲ နံနက် နေ့လည် ညတနေ့၃ကြိမ်တရားဘာဝနာအားထုပ် ကျန်အချိန်မှာ ပညာဆွေးနွေး တရားကျင့်စဉ်ဆွေးနွေးယင်း အဘပွင့်ရုပ်အလောင်းကိုစောင့်ရှောက်ယင်း အဘဆရာပွင့်ကြီး၏ထွက်ရပ်စခန်းအောင်မြင်ခဲသည်။ အောင်မြင်သည်ဟုသိရသည်မှာ
၄၅ရက်မြောက်သောနေ့မှာ အဘပွင့်တပည့်ကြီးဖြစ်သော အထောင်မှဆရာနီ မလှိုင်မှ ဆရာစိန်ဆရာကြီး၂ယောက်ကို အဘဆရာပွင့် ခေါ်ပေးပါတိုင်တည်ရာ ၃ရက်မြောက်သောနေ့မှာ ဆရာနီ ဆရာစိန်တို့နှင့်အတူ အလောင်းကိုဖွင့်ကြည်ရာ အပိုထည့်ပေးလျုက်သောလုံချည်တတည်သာကျန်တော့သည်။ ကျန်တာဘာမှမရှိတော့ပေ။
ဤတွင်၁၃၁၈ခုနှစ် တော်သလင်းလဆုပ်၅ရက်နေ့ ဣစာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး၏ ဂိုဏ်းတော်ချုပ် အဘဆရာပွင့် ထွက်ရပ်စခန်းအောင်မြင်စွာ ပြီးဆုံးပါသည်။
စကားချပ် ဦးဘကလေး ၅ ရက်မြောက်နေ့မှာတောင်ပေါ်မှာပြန်လွတ်လိုက်သည်
ဆရာရသေ့ ပြောပြသည်မှာ သူခန္ဓာကိုယ်သည် အဲအချိန်တွင် ၂ကိုယ်ဖြစ်နေသည် တကိုယ်က ဒေါင်းဂမုန်းတောထဲမှာ တကိုယ်က သူ သူကိုယ်ထဲ အဘပြူးဝင်နေပြီး သူတပည့်အဘပွင့်ကို သူပြန်စောင့်နေသလိုဘဲ သူတပည့်ကိုတော်တော်ချစ်တာဘဲ ဟုမိန့်ခဲ့ဘူးသည်
ကျတော်က တောင်ပြန်စောဒကတက်သေးတယ် ဟာ ဆရာတော်ကလည်း အဘပြူး ကလည်းကိုဟာကိုစောင့်လည်းရရဲသားနဲများ ဆရာတော်ကိုသက်သက်ခိုင်းတာ ဟကောင် မင်းက ကပ်သီးကပ်သပ်ပြောတဲ့ကောင် ရုပ်ကိုမသုံးနာမ်ကိုသုံးတဲ့ပညာ အဘပြူးကတတ်တယ်ကွ တော်ကွာ လာ ဓါတ်ထိုးနေတယ် ဖိုလ်ဝိုင်းဆွဲပေးဦးဆိုတာနဲ ၃နာရီမှ အိပ်ရတော့တယ်။ ပြီးပါပြီ။
Creditးမင်းချစ်သူ သုတေသီ
လေးစားလျက်📝ဗဟုသုတဖြစ်စေရန်အတွက် တဆင့်ကူးယူတင်ပြအပ်ပါသည်📕
ဆရာကြီးဦးပွင့်သည် ပုဂံမှ ပြန်ရောက်
လာပြီးနောက်
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး ကို
ထူထောင်လိုက်ပြီး ပယောဂါ အမျိုး၂
နှင့် မြွေဆိပ် မှစ၍ အဆိပ္အမ် ဳိ းမ် ဳး
ကုသပေးခြင်း စမ များနှင့် ၉၆ ပါး
ဝေသနာများမကျံ ကုသလေတော့သည် ပညာသင်ယူ
သူများကိုလည် မိမိ တတ်သိထား
သောပညာကို လက်ထပ်သင်ပေးလေ
၏ ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်
ချုပ်ဆရာကြီးဦးပွင့်ဟု ထင်ရှားကျော်
ကျားလာလေတော့သည်
အဘပွင့်နေထိုင်ရာ ကျိုက်လပ်မြို့ အ
ပိုင်'ကျုံ မငဲ့ ကျေးရွာ'မှ'မဆယ်ဆိပ်မြို့
မှ 'တဆင့် ရန်ကုန်မြို့ သို့ရောက်ရှိခဲ့
လေသည် အဖဘိုးတော်အေး အဖဘိုး
ပြူးသင်ပေးထားသည် အတိုင်းပညာ
ပေးလေရှိသည်
သာသနာသက္ကရာဇ် ၂၅၀၀ ပြည့်နှစ်
ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ် ဝါ
ဆိုလပြည့်ကျော် ၆ ရက်နေ့ မွန်းလွဲ
၁နာရီ ၁၅ မီးနစ် အချိန်တွင်
ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗာဂရာထင်း
ပွဲလမ်း အိမ်အမှတ် ၁၀၄ နေ
ဣစ္ဆာသယဂိုဏ်းတော်ချုပ်ကြီးအဖ
ဘိုးတော်ပွင့်± အမေကြီးဒေါ်ငွေယုံတို့
၏ပျင်ထောင်သွပ်မိုး အုပ်လှေခါး တ
ထပ်အိမ်ကြီးတွင် တပည့်အပေါင်းများ
ရှိနေကြသည်
တပည့်အများသည် ဘိုးတော်ပွင့် မှ
ပညာ စခန်း သြဝါဒ ဓမ္မသံဝေဃ
တရားများကို ဟောဖေါ် ညွန်ပြ ဆိုဆုံး
မပြီး အနားယူထိုင်နေချိန်မှာ ပင် အ
ကောင်းအတိကနေ ဝင်လေ ထွက်
လေချုပ်လေတော့သည်
တပည့်များသည် အံ့သြပြီး အသံမ
ထွက် မျက်ရည်သာထွက်ပြီး ကြည့်ရှူ
နေမိကြလေသည် ခဏကြာမှ ငိုသံ
နှင့်အတူး ကြားရလေတော့သည်
အသက် ၅၀ ကျော်ဆရာတော်ဦးဝါယမ
သည် ဆရာအပေါင်းတို့ နားထောင်
ကြပါ သင်တို့ ငါတို့ ဆရာဘိုးတော်ပွင့်
သည် သာမညမဟုတ် ဆရာအေး
ဆရာပြူး ထွက်ရာပေါက် ပုဂ္ဂိုလ်အ
ပေါင်းကိုယ်တိုင်း မစ စောင့်ရှောက်
ရသော ပါရမှီ ဘုန်းကံနှင့် ပြည့်စုံလှ
သည် ပုဂ္ဂိုလ်ထူ ပုဂ္ဂိုလ်မြတ်ဖြစ်သော
ကြောင့် ကြံတောသုသာန်တွင် မြှုတ်
နှံထားရှိမည်ကို ငါတိုသည်မနှစ်သက်
အပ် ဘိုတော်ပွငိ့ မှာကြားချက်ရှိသည့်
အတိုင်း ငါနေထိုင် သတင်းသုံးရာ
ဋ္ဌာန ကေလာသ တောင်စခန်းသို့
ပိုဆောင်ကြမည်
ဆရာများပူဇော်ရန် နေအိမ်မှာဘဲ ခုနှစ်
ထားမယ် တပည့်မျာကလည် ခုနှစ်စ
လုံးကျေးဇူးကိုသိပြီး ပူဇော်ကြတယ် အနံ့ အသက်မရှိ ထူးဆန်းလိုက်တာ
၁၃၁၈ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့တွင် ဆရာတော် ဦဝါယမ ဦး
စီး၍ ဘုန်တော်ကြီးများနှင့်အတူနောက်မှ
အလောင်းသေတ္တာ ဆရာပေါင်းများ
စွာနဲ့ နောက်ပါ ကားအစည်း ငါးဆယ်
ကျော် ရွှေတိဂုန်စေတီးအားဦးတည်
လှည့်ပါတ်ပူဇော်ကြပြီး ကွမ်းခြံ ဘူတာ
ကြီး ယ္ခု ရန်ကုန်ဘူးတာကြီး သို့ပို
ဆောင်ကါ ၁၃၁၈ ခုနှစ်ဝါဆိုလပြည်
ကျော် ၁၃ရက် နံက် ၅နာရီး15 မီးနစ်
အချိန် မော်လမြိုင်ရထားပေါ်သို့တင်
ဆောင် ထွက်ခွါလာခဲ့ကြလေတော့
သည်
စစ်တောင်းမြစ်အနီးရောက်သောအခါ
စီဘီစက်တပ်ဆိပ်ခံ သင်းင်္ဘောပေါ်
တင်ပြီး ကျိုက်ထိုမြိုမှ ဘိုတော်ပွင့်တ
ပည့်ကြီး ဆရာဦးချန်ထွန်းခေါင်းဆောင်ပြီးဆရာ
လှ ဆရာထွေးအပါအဝင်အဖွဲသည်
ဘိုးတော်ပွင့်အလောင်သေတ္တာကို
တောင်စွန်းမြို့ သို့အရောက်သယ်ဆောင် ခဲ့ရာ
ဆရာတော်ဦးဝါယမက ဆရာတို့ ခရီး
က ခက်ခဲ ကျမ်းတန်းလို့
ရန်ကုန်မြိုနှင့် အနယ်နယ် အရပ်ရပ်က
လိုက်လံပို့ဆောင်သော ဆရာများအဲ
ပရိတ်သတ်များ တောင်စွန်မြို့မှာနေ
ရစ်ကြကုန်လော
ဘိုတော်ပွင့်တပည့်ကြီးဦးဆောင်၍
ဦဘကလေး
ဆရာစောထူး ဦးထွေ ဦးကျေး တို့နှင့်
အတူအလောင်ထမ်း ထွက်ခွါလေ၏
ပထိမ်တောင် ခြေရှိ ဆရတော်ဦးဝါယ
မသီးတင်းသုံးသော ကျောင်သို့ရောက်
ရှိလေတော့သည်
၁၃၁၈ခုနှစ် ဝါဆို လပြည့်ကျော် ၁၂ရက်နေ့ကစထွက်ခဲ့ရာ ဝါဆိုလ
ကွယ်နေညပိုင်တွင် ပထိန်တောင်ခေါ်
ကေလသ တောင်ခြေရင် ရောက်ရှိခဲ့
ပါသည်
၁၃၁၈ခုနှစ် ဝါခေါင်းလဆန် ၁ ရက်
7-8-1956=အင်္ဂါနေ့ တွင်
ငှက်ပျောပွဲ စုံ သစ်သီး ၉ မျိုး တို့ကို
ဘုရားအမှုထားပြီး အဖဆရာကြီးများ
ကို အာရုံတက် အမှီ ဆက်ကပ်လှူ
တန်ပြီး မေတ္တာသုတ် ရတနာသုတ်
ပရိတ် ပဌာန်များနှင့် ပူဇော်ပြီး
ဆုတောင်တော်ကြီးကို ပြိုင်တူ ၃ ခေါက်ရွတ်ဆို ကြပါသည်
ဆရာတော်ဦးဝါယမသည် ၄၉ ရက်စေ့
မှ အလောင်းသေတ္တာဖွင့် ကြည့်
ကြရမယ် လို မိန်တော်မူး၏
ဆရာတော်ဦးဝါယမသည် ဦးဆောင်
ပြီးအနီးကပ် ၄၉ ရက်မပြည့် မခြင်
စောင့်ကြည့်ပြီး လေဆယ်ကိုးရက်
ပြည့်တဲ့နေမှာ ဖွင့်ကြည်ရာ
မရှိတော့ပါ ထွက်စခန်းပြီးမြောက်အောင်မြင်သွားပါ
တော့သည်
တဆင်စကား တဆင့်ကြားပြီး
တင်ပြပေးတာပါ
အားလုံးမင်္ဂလာပါ
ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်းတော်ကြီး
** ဆရာထွန်း***
No comments:
Post a Comment